အဝေးကွင်းစာတွေစားပြီး မိန်းမနဲ့ ဓာတ်မတည့်တော့လို့ မာစီယဲလ် ဒုက္ခရောက်ပြီ

ဆီဗီလာအသင်းမှာအငှားနဲ့ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်

ကစားသမားမာစီယဲလ်ဟာ ကွင်းတွင်းမှာခြေစွမ်းပြဖို့ရုန်းကန်နေရသလို

ပြင်ပဘဝမှာလည်း သူ့ဇနီးဖြစ်သူမယ်လေနီဒါခရုဇ်နဲ့ကွာရှင်းလိုက်ရပြီဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က မယ်လေနီတစ်ယောက် ကိုယ်ဝန်(၈)လလွယ်ထားရချိန်မှာ

မာစီယဲလ်က ကိုယ့်ဇနီးကို ဂရုတစိုက်နဲ့ကြင်နာရမယ့်အစား

ပြင်သစ်မော်ဒယ်လ်ဖြစ်သူမာလီကာဆီမီချီနဲ့ အဝေးကွင်းသွားကန်ခဲ့တာဖြစ်ပြီး

အကျိုးဆက်အနေနဲ့ မယ်လေနီရဲ့စွန့်ပစ်တာကိုခံလိုက်ရတာပါပဲ။

မာလီကာနဲ့မာစီယဲလ်တို့ဟာ ၂၀၁၈၊ ဒီဇင်ဘာလကတည်းက ဖောက်ပြန်တဲ့

ဇာတ်လမ်းစတင်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်က ပဲရစ်မှာရှိတဲ့နိုက်ကလပ်တစ်ခုမှာ

စတင်ဆုံတွေ့ခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ မာစီယဲလ်က အညှီနံ့တွေပါတဲ့

မက်ဆေ့ချ်တွေ၊ ဓာတ်ပုံတွေကို မာလီကာဆီ ပေးပို့ခဲ့ပါတယ်။

မာစီယဲလ်ဟာ ဇနီးဖြစ်သူရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချစ်ဇာတ်လမ်းတစ်ပုဒ်

စတင်ရေးသားခဲ့ပြီး မာစီယဲလ်နဲ့မာလီကာတို့ဟာ နိုက်ကလပ်မှာဆုံတွေ့ပြီးလို့

တစ်ပတ်အကြာမှာပဲ ပဲရစ်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ သတ်မှတ်ထားတဲ့

လူ့စည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြတော့တာပါပဲ။

သူ့ရဲ့ လျှို့ဝှက်ချစ်ဇာတ်လမ်းကို ဗြိတိန်မီဒီယာတွေက ဖွင့်ချလိုက်ချိန်မှာ

မာစီယဲလ်ဟာ ‘ဆင်သေကို ဆိတ်သားရေနဲ့ဖုံး’ဖို့ကြိုးစားခဲ့သလို

သူက ‘လူတစ်ယောက်ကို မနာလိုဖြစ်ပြီးတော့ ပေါက်ကရသတင်းတွေပြောတတ်တဲ့

အောက်တန်းစားတွေ ဒီလောကထဲမှာရှိတယ်’ဆိုပြီး ခပ်တည်တည်နဲ့ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လူမှုရေးဖောက်ပြန်တဲ့ကိစ္စဆိုတာက ဖုံးဖိလို့ရတဲ့ကိစ္စမဟုတ်တာကြောင့်

မာစီယဲလ်နဲ့မာလီကာတို့အကြောင်းကို သိလိုက်ရချိန်မှာတော့

မယ်လေနီဟာ မာစီယဲလ်နဲ့(၃)နှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ရေးပြဇာတ်ကို

ပြည်ဖုံးကားချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ကိုယ့်ရဲ့ဇနီးမယား ရင်သွေးလွယ်ထားရချိန်မှာ

သွေးသားဆာလောင်မှုကို မထိန်းချုပ်နိုင်တဲ့အတွက် မာစီယဲလ်တစ်ယောက်

ဘဝလက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သလို နောက်ထပ်အကျိုးဆက်အနေနဲ့

ဘာတွေထပ်ပြီးပေးဆပ်ရဦးမလဲဆိုတာကတော့ . . .

zawgyi

အေဝးကြင္းစာေတြစားၿပီး မိန္းမနဲ႔ ဓာတ္မတည့္ေတာ့လို႔ မာစီယဲလ္ ဒုကၡေရာက္ၿပီ

ဆီဗီလာအသင္းမွာအငွားနဲ႔ကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္

ကစားသမားမာစီယဲလ္ဟာ ကြင္းတြင္းမွာေျခစြမ္းျပဖို႔႐ုန္းကန္ေနရသလို

ျပင္ပဘဝမွာလည္း သူ႔ဇနီးျဖစ္သူမယ္ေလနီဒါခ႐ုဇ္နဲ႔ကြာရွင္းလိုက္ရၿပီျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္က မယ္ေလနီတစ္ေယာက္ ကိုယ္ဝန္(၈)လလြယ္ထားရခ်ိန္မွာ

မာစီယဲလ္က ကိုယ့္ဇနီးကို ဂ႐ုတစိုက္နဲ႔ၾကင္နာရမယ့္အစား

ျပင္သစ္ေမာ္ဒယ္လ္ျဖစ္သူမာလီကာဆီမီခ်ီနဲ႔ အေဝးကြင္းသြားကန္ခဲ့တာျဖစ္ၿပီး

အက်ိဳးဆက္အေနနဲ႔ မယ္ေလနီရဲ႕စြန႔္ပစ္တာကိုခံလိုက္ရတာပါပဲ။

မာလီကာနဲ႔မာစီယဲလ္တို႔ဟာ ၂၀၁၈၊ ဒီဇင္ဘာလကတည္းက ေဖာက္ျပန္တဲ့

ဇာတ္လမ္းစတင္ခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္က ပဲရစ္မွာရွိတဲ့ႏိုက္ကလပ္တစ္ခုမွာ

စတင္ဆုံေတြ႕ခဲ့ၿပီးတဲ့ေနာက္ မၾကာခင္မွာပဲ မာစီယဲလ္က အညႇီနံ႔ေတြပါတဲ့

မက္ေဆ့ခ်္ေတြ၊ ဓာတ္ပုံေတြကို မာလီကာဆီ ေပးပို႔ခဲ့ပါတယ္။

မာစီယဲလ္ဟာ ဇနီးျဖစ္သူရဲ႕ေနာက္ကြယ္မွာ လွ်ိဳ႕ဝွက္ခ်စ္ဇာတ္လမ္းတစ္ပုဒ္

စတင္ေရးသားခဲ့ၿပီး မာစီယဲလ္နဲ႔မာလီကာတို႔ဟာ ႏိုက္ကလပ္မွာဆုံေတြ႕ၿပီးလို႔

တစ္ပတ္အၾကာမွာပဲ ပဲရစ္ၿမိဳ႕မွာရွိတဲ့ ဟိုတယ္တစ္ခုမွာ သတ္မွတ္ထားတဲ့

လူ႔စည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့ၾကေတာ့တာပါပဲ။

သူ႔ရဲ႕ လွ်ိဳ႕ဝွက္ခ်စ္ဇာတ္လမ္းကို ၿဗိတိန္မီဒီယာေတြက ဖြင့္ခ်လိုက္ခ်ိန္မွာ

မာစီယဲလ္ဟာ ‘ဆင္ေသကို ဆိတ္သားေရနဲ႔ဖုံး’ဖို႔ႀကိဳးစားခဲ့သလို

သူက ‘လူတစ္ေယာက္ကို မနာလိုျဖစ္ၿပီးေတာ့ ေပါက္ကရသတင္းေတြေျပာတတ္တဲ့

ေအာက္တန္းစားေတြ ဒီေလာကထဲမွာရွိတယ္’ဆိုၿပီး ခပ္တည္တည္နဲ႔ျပန္တုံ႔ျပန္ခဲ့ပါတယ္။

ဒါေပမဲ့လည္း လူမႈေရးေဖာက္ျပန္တဲ့ကိစၥဆိုတာက ဖုံးဖိလို႔ရတဲ့ကိစၥမဟုတ္တာေၾကာင့္

မာစီယဲလ္နဲ႔မာလီကာတို႔အေၾကာင္းကို သိလိုက္ရခ်ိန္မွာေတာ့

မယ္ေလနီဟာ မာစီယဲလ္နဲ႔(၃)ႏွစ္သက္တမ္းရွိတဲ့ အိမ္ေထာင္ေရးျပဇာတ္ကို

ျပည္ဖုံးကားခ်ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။ ကိုယ့္ရဲ႕ဇနီးမယား ရင္ေသြးလြယ္ထားရခ်ိန္မွာ

ေသြးသားဆာေလာင္မႈကို မထိန္းခ်ဳပ္ႏိုင္တဲ့အတြက္ မာစီယဲလ္တစ္ေယာက္

ဘဝလက္တြဲေဖာ္ကို ဆုံးရႈံးလိုက္ရၿပီျဖစ္သလို ေနာက္ထပ္အက်ိဳးဆက္အေနနဲ႔

ဘာေတြထပ္ၿပီးေပးဆပ္ရဦးမလဲဆိုတာကေတာ့ . . .