အဝါကတ်နဲ့ အနီကတ်တောင်းတာ ကိုယ့်အတွက်ဖြစ်သွားမယ့် ချန်ပီယံလိဂ်

ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ယူအီးအက်ဖ်အေက ထူးခြားတဲ့စည်းမျဉ်းတွေ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ အဓိက ကတော့ ဟန်ဆောင်တာ၊ စောဒကတက်တာ၊ ဘောင်ကျော်တာမျိုးတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားတော့မှာပါ။

အထူးသဖြင့် ပြိုင်ဘက်အသင်းရဲ့ကစားသမားပဲဖြစ်ဖြစ် နည်းပြချုပ်နဲ့အဖွဲ့ဝင်တွေပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို အဝါကတ် ဒါမှမဟုတ် အနီကတ်ပြဖို့ ဖိအားပေးတောင်းဆိုသူတွေကို အရေးယူသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒိုင်လူကြီးတွေကို ကိုယ်နှုတ်အမူအရာ အမျိုးမျိုးနဲ့လှောင်ပြောင်တာ၊ ပြင်းပြင်းထန်ထန်စောဒကတက်တာမျိုးတွေကိုလည်း အရေးယူသွားမှာပါ။ ပြီးတော့ ဟန်ဆောင်လှဲချပြီး ပြစ်ဒဏ်တောင်းတာ၊

အခွင့်အရေးရဖို့ အမူအရာပိုပြတာတွေကိုလည်း ခွင့်ပြုမှာမဟုတ်တော့ပါဘူး။ လူကျွံဘောနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေကို ကူညီဆုံးဖြတ်ရေးအတွက်လည်း “semi-automated offside technology” စနစ်ကို

ကျင့်သုံးသွားမယ်လို့ သိရပါတယ်။ “ ဘောလုံးသမားတစ်ယောက်ဟာ ပြိုင်ဘက်အရေးယူခံရအောင် ဟန်ဆောင်တာ၊ စောဒကတက်တာမျိုးတွေက တရားမျှတတဲ့လုပ်ရပ် မဟုတ်ပါဘူး။ ဒါဟာ ဆိုးရွားတဲ့အပြုအမူဖြစ်ပြီး

ပြိုင်ဘက်အပေါ် မလေးစားတာပါ။ ဘောလုံးပွဲတွေမှာ ဒါမျိုးကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ ဘောလုံးရဲ့ပုံရိပ်ကိုကာကွယ်ဖို့လည်း ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။ ကစားသမားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကွင်းထဲမှာ ဒါမှမဟုတ်

အရန်ခုံမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြိုင်ဘက်ပြစ်ဒဏ်ရအောင် ဟန်ဆောင်တာ ဒိုင်တွေကိုဖိအားပေးတာမျိုးတွေ ကျွန်တော်တို့လက်ခံမှာ မဟုတ်တော့ပါဘူး ” လို့ ယူအီးအက်ဖ်အေဒိုင်အဖွဲ့အကြီးအကဲဖြစ်သူ ရော်ဘတ်တိုရော့ဆက်တီက ပြောဆိုလိုက်ကြောင်း The Sun သတင်းစာက ဖေါ်ပြပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ ယူအီးအက္ဖ္ေအက ထူးျခားတဲ့စည္းမ်ဥ္းေတြ တိုးျမႇင့္သတ္မွတ္လိုက္ပါတယ္။ အဓိက ကေတာ့ ဟန္ေဆာင္တာ၊ ေစာဒကတက္တာ၊ ေဘာင္ေက်ာ္တာမ်ိဳးေတြကို ျပင္းျပင္းထန္ထန္ ကိုင္တြယ္သြားေတာ့မွာပါ။

အထူးသျဖင့္ ၿပိဳင္ဘက္အသင္းရဲ႕ကစားသမားပဲျဖစ္ျဖစ္ နည္းျပခ်ဳပ္နဲ႔အဖြဲ႕ဝင္ေတြပဲျဖစ္ျဖစ္ ဘယ္သူ႔ကိုမဆို အဝါကတ္ ဒါမွမဟုတ္ အနီကတ္ျပဖို႔ ဖိအားေပးေတာင္းဆိုသူေတြကို အေရးယူသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ဒိုင္လူႀကီးေတြကို ကိုယ္ႏႈတ္အမူအရာ အမ်ိဳးမ်ိဳးနဲ႔ေလွာင္ေျပာင္တာ၊ ျပင္းျပင္းထန္ထန္ေစာဒကတက္တာမ်ိဳးေတြကိုလည္း အေရးယူသြားမွာပါ။ ၿပီးေတာ့ ဟန္ေဆာင္လွဲခ်ၿပီး ျပစ္ဒဏ္ေတာင္းတာ၊ အခြင့္အေရးရဖို႔

အမူအရာပိုျပတာေတြကိုလည္း ခြင့္ျပဳမွာမဟုတ္ေတာ့ပါဘူး။ လူကြၽံေဘာနဲ႔ပတ္သက္တဲ့ အျငင္းပြားစရာေတြကို ကူညီဆုံးျဖတ္ေရးအတြက္လည္း “semi-automated offside technology” စနစ္ကို က်င့္သုံးသြားမယ္လို႔ သိရပါတယ္။

“ ေဘာလုံးသမားတစ္ေယာက္ဟာ ၿပိဳင္ဘက္အေရးယူခံရေအာင္ ဟန္ေဆာင္တာ၊ ေစာဒကတက္တာမ်ိဳးေတြက တရားမွ်တတဲ့လုပ္ရပ္ မဟုတ္ပါဘူး။ ဒါဟာ ဆိုး႐ြားတဲ့အျပဳအမူျဖစ္ၿပီး ၿပိဳင္ဘက္အေပၚ မေလးစားတာပါ။ ေဘာလုံးပြဲေတြမွာ ဒါမ်ိဳးကို ကြၽန္ေတာ္တို႔ မျမင္ခ်င္ပါဘူး။

ေဘာလုံးရဲ႕ပုံရိပ္ကိုကာကြယ္ဖို႔လည္း ကြၽန္ေတာ္တို႔ဆုံးျဖတ္ထားပါတယ္။ ကစားသမားပဲျဖစ္ျဖစ္ ဘယ္သူပဲျဖစ္ျဖစ္ ကြင္းထဲမွာ ဒါမွမဟုတ္ အရန္ခုံမွာ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ၿပိဳင္ဘက္ျပစ္ဒဏ္ရေအာင္ ဟန္ေဆာင္တာ

ဒိုင္ေတြကိုဖိအားေပးတာမ်ိဳးေတြ ကြၽန္ေတာ္တို႔လက္ခံမွာ မဟုတ္ေတာ့ပါဘူး ” လို႔ ယူအီးအက္ဖ္ေအဒိုင္အဖြဲ႕အႀကီးအကဲျဖစ္သူ ေရာ္ဘတ္တိုေရာ့ဆက္တီက ေျပာဆိုလိုက္ေၾကာင္း The Sun သတင္းစာက ေဖၚျပပါတယ္။