အလွဲကြီးလွဲခဲ့တဲ့ အမ်ဘာပီကိုဆက်ကစားခိုင်းပြီး သူ့ကိုလူစားလဲခဲ့တာကြောင့် မက်ဆီ တင်းပြီလေ

မိုနာကိုအသင်းကို ၁-၁ ဂိုးနဲ့သရေကျပြီး ပီအက်စ်ဂျီရဲ့ဒီရာသီ ရာနှုန်းပြည့်နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။ မိနစ် ၂၀ ကတည်းက ဂျာမန်တိုက်စစ်မှူးကီဗင်ဗော်လန်ရဲ့ဂိုးနဲ့ မိုနာကိုဦးဆောင်နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီဟာ ပထမပိုင်းပြီးကာနီးမှာ အကောင်းဆုံးအခွင့်အရေးရပေမယ့် အမ်ဘာပီ လွဲချော်ခဲ့ပါတယ်။ ဘီးကုပ်အစပ်နားကနေ မက်ဆီလှမ်းကန်လိုက်တာ အတော်လေးကောင်းပေမယ့် တိုင်ထိသွားခဲ့တာပါ။

ဒါပေမယ့် ပြန်အန်ထွက်လာတဲ့ဘောလုံးကို ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲ အမ်ဘာပီကန်ရာမှာ တိုင်ပဲထိသွားခဲ့တာဖြစ်ပါတယ်။ တကယ့်ကို ရှင်းရှင်းလင်းလင်း အပိုင်ပိတ်ရတာဖြစ်ပေမယ့် ဂိုးဝင်အောင်မသွင်းနိုင်ခဲ့တာကြောင့်

ပြင်သစ်တိုက်စစ်မှူးကို ဆိုရှယ်မီဒီယာပေါ်မှာ ဒီရာသီအလွဲဆုံးဂိုးကန်သွင်းမှုလို့ ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။ နေမာရဲ့ပင်နယ်တီ သွင်းဂိုးနဲ့ ပီအက်စ်ဂျီ တစ်မှတ်ရခဲ့ပေမယ့် ဒီပွဲနဲ့ပတ်သက်တဲ့အကြောင်းတွေကတော့

ပြောလို့မကုန်သေးပါဘူး။ အထူးသဖြင့် လူစားလဲခံရတဲ့နောက် မက်ဆီ မကျေမနပ်ဖြစ်နေတဲ့ပုံတွေ အွန်လိုင်းမှာတက်လာခဲ့တာပါ။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပွဲချိန် ၈၇ မိနစ်မှာ ဆာရာဘီယာနဲ့ လူစားလဲခံခဲ့ရပါတယ်။

ပွဲပြီးတော့မှာဖြစ်ပေမယ့် တိုက်စစ်မှူး ၃ ယောက်ထဲမှာ အလွဲကြီးလွဲခဲ့တဲ့အမ်ဘာပီကို ဆက်ကစားခိုင်းပြီး သူ့ကိုလူစားလဲခဲ့တဲ့ နည်းပြဂယ်လ်တီယာရဲ့ဗျူဟာကို နားမလည်နိုင်အောင်ဖြစ်နေပုံပါပဲ။ အသက် ၃၅ နှစ်အရွယ် ရွှေဘောလုံးစံချိန်ရှင်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် လီဂူး ၄ ပွဲကစား ၃ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးထားပါတယ်။

(zawgyi)

မိုနာကိုအသင္းကို ၁-၁ ဂိုးနဲ႔သေရက်ၿပီး ပီအက္စ္ဂ်ီရဲ႕ဒီရာသီ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈ ရပ္တန႔္သြားခဲ့ပါတယ္။ မိနစ္ ၂၀ ကတည္းက ဂ်ာမန္တိုက္စစ္မႉးကီဗင္ေဗာ္လန္ရဲ႕ဂိုးနဲ႔ မိုနာကိုဦးေဆာင္ႏိုင္ခဲ့တာပါ။

ပီအက္စ္ဂ်ီဟာ ပထမပိုင္းၿပီးကာနီးမွာ အေကာင္းဆုံးအခြင့္အေရးရေပမယ့္ အမ္ဘာပီ လြဲေခ်ာ္ခဲ့ပါတယ္။ ဘီးကုပ္အစပ္နားကေန မက္ဆီလွမ္းကန္လိုက္တာ အေတာ္ေလးေကာင္းေပမယ့္ တိုင္ထိသြားခဲ့တာပါ။

ဒါေပမယ့္ ျပန္အန္ထြက္လာတဲ့ေဘာလုံးကို ဂိုးသမားမရွိတဲ့ဂိုးေပါက္ထဲ အမ္ဘာပီကန္ရာမွာ တိုင္ပဲထိသြားခဲ့တာျဖစ္ပါတယ္။ တကယ့္ကို ရွင္းရွင္းလင္းလင္း အပိုင္ပိတ္ရတာျဖစ္ေပမယ့္ ဂိုးဝင္ေအာင္မသြင္းႏိုင္ခဲ့တာေၾကာင့္

ျပင္သစ္တိုက္စစ္မႉးကို ဆိုရွယ္မီဒီယာေပၚမွာ ဒီရာသီအလြဲဆုံးဂိုးကန္သြင္းမႈလို႔ ပရိသတ္ေတြက ေလွာင္ေျပာင္ေနၾကပါတယ္။ ေနမာရဲ႕ပင္နယ္တီ သြင္းဂိုးနဲ႔ ပီအက္စ္ဂ်ီ တစ္မွတ္ရခဲ့ေပမယ့္ ဒီပြဲနဲ႔ပတ္သက္တဲ့အေၾကာင္းေတြကေတာ့

ေျပာလို႔မကုန္ေသးပါဘူး။ အထူးသျဖင့္ လူစားလဲခံရတဲ့ေနာက္ မက္ဆီ မေက်မနပ္ျဖစ္ေနတဲ့ပုံေတြ အြန္လိုင္းမွာတက္လာခဲ့တာပါ။ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပြဲခ်ိန္ ၈၇ မိနစ္မွာ ဆာရာဘီယာနဲ႔ လူစားလဲခံခဲ့ရပါတယ္။

ပြဲၿပီးေတာ့မွာျဖစ္ေပမယ့္ တိုက္စစ္မႉး ၃ ေယာက္ထဲမွာ အလြဲႀကီးလြဲခဲ့တဲ့အမ္ဘာပီကို ဆက္ကစားခိုင္းၿပီး သူ႔ကိုလူစားလဲခဲ့တဲ့ နည္းျပဂယ္လ္တီယာရဲ႕ဗ်ဴဟာကို နားမလည္ႏိုင္ေအာင္ျဖစ္ေနပုံပါပဲ။ အသက္ ၃၅ ႏွစ္အ႐ြယ္ ေ႐ႊေဘာလုံးစံခ်ိန္ရွင္ဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ လီဂူး ၄ ပြဲကစား ၃ ဂိုးသြင္းၿပီး ၂ ဂိုး ဖန္တီးေပးထားပါတယ္။