
အက်စ်တွန်ဗီလာကြယ်ပွင့်အက်ရှ်လေယန်းဟာ သူတို့အသင်းကို
အနိုင်ရသွားတဲ့ အာဆင်နယ်ရဲ့အောင်ပွဲခံပုံကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့စနေည ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ဂန်းနားတွေဟာ
ဆာကာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။
နာကျင်အချိန်ပိုမှာ ကော်တင်ဟိုရဲ့ကြိုးပမ်းမှုကို အာဆင်နယ်ဂိုးသမား
ဘန်းလီနိုက ကာကွယ်ခဲ့ပြီးနောက် ပွဲသိမ်းခရာမှုတ်ချိန်မှာ အာတီတာရဲ့
အသင်းသားတွေဟာ အလွန်အကျွံအောင်ပွဲခံမှုလုပ်ခဲ့ကြပါတယ်။
အာဆင်နယ်ကစားသမားတွေဟာ ပွဲအပြီး အဝေးကွင်းပရိသတ်တွေနဲ့အတူ
သံပြိုင်ဟစ်ကြွေးမှုလုပ်ခဲ့ကြသလို ဂျာစီချွတ်ပေးမှုတွေလည်း လုပ်ခဲ့ကြတာပါ။
ဒါကို ၃၆ နှစ်အရွယ် မန်ယူကြယ်ပွင့်ဟောင်းအက်ရှ်လေယန်းက
သတိမထားမိဘဲ မနေနိုင်ခဲ့ပါဘူး။ ပွဲအပြီး ဗီလာရုပ်သံနဲ့အင်တာဗျူးမှာ
အက်ရှ်လေယန်းက”ဒီနေရာကို လာတဲ့သူတိုင်းကို ကျွန်တော်တို့က ခက်ခဲစေချင်တာပါ။
ဒါဟာ ခက်ခဲတဲ့နေရာလို့လည်း ထင်ပါတယ်။ သူတို့အောင်ပွဲခံတဲ့ပုံကိုပဲ ကြည့်လေ။
ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က လိဂ်မှာ ဗိုလ်စွဲသလို
အောက်ပွဲခံတာမျိုးဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါကပဲ သူတို့ဘယ်လောက်
ခက်ခဲခဲ့သလဲဆိုတာကို ပြနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
နိုင်ပွဲအပြီး အာဆင်နယ်ရဲ့အလွန်အကျံအောင်ပွဲခံမှုကို ဝေဖန်တဲ့
ပရီးမီးယားလိဂ်ကစားသမားဟာ အက်ရှ်လေယန်းတစ်ယောက်တည်းတော့
မဟုတ်ပါဘူး။ အက်ရှ်လေယန်းလိုပဲ ပြီးခဲ့တဲ့လတုန်းကလည်း ဝုဗ်ကြယ်ပွင့်
နီဗက်စ်က အာဆင်နယ်ဟာ လိဂ်မှာ ဗိုလ်စွဲသလို အောင်ပွဲခံခဲ့ကြောင်း
ပြစ်တင်ပြောကြားမှုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် အက်ရှ်လေယန်းက
အာတီတာနဲ့သူ့အသင်းသားတွေဟာ ကံကောင်းပြီး ၃ မှတ်ရသွားတာလို့
ဆက်လက်ပြောကြားခဲ့ပါတယ်။
zawgyi
အလြန္အကြၽံေအာင္ပြဲခံခဲ့လို႔ အက္ရွ္ေလယန္းက အာဆင္နယ္ကုိ ေဝဖန္ျပစ္တင္ခဲ့
အက္စ္တြန္ဗီလာၾကယ္ပြင့္အက္ရွ္ေလယန္းဟာ သူတို႔အသင္းကို
အႏိုင္ရသြားတဲ့ အာဆင္နယ္ရဲ႕ေအာင္ပြဲခံပုံကို ျပစ္တင္ေဝဖန္လိုက္ပါတယ္။
ၿပီးခဲ့တဲ့စေနည ဗီလာပါ့ခ္မွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ ဂန္းနားေတြဟာ
ဆာကာရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။
နာက်င္အခ်ိန္ပိုမွာ ေကာ္တင္ဟိုရဲ႕ႀကိဳးပမ္းမႈကို အာဆင္နယ္ဂိုးသမား
ဘန္းလီႏိုက ကာကြယ္ခဲ့ၿပီးေနာက္ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ အာတီတာရဲ႕
အသင္းသားေတြဟာ အလြန္အကြၽံေအာင္ပြဲခံမႈလုပ္ခဲ့ၾကပါတယ္။
အာဆင္နယ္ကစားသမားေတြဟာ ပြဲအၿပီး အေဝးကြင္းပရိသတ္ေတြနဲ႔အတူ
သံၿပိဳင္ဟစ္ေႂကြးမႈလုပ္ခဲ့ၾကသလို ဂ်ာစီခြၽတ္ေပးမႈေတြလည္း လုပ္ခဲ့ၾကတာပါ။
ဒါကို ၃၆ ႏွစ္အ႐ြယ္ မန္ယူၾကယ္ပြင့္ေဟာင္းအက္ရွ္ေလယန္းက
သတိမထားမိဘဲ မေနႏိုင္ခဲ့ပါဘူး။ ပြဲအၿပီး ဗီလာ႐ုပ္သံနဲ႔အင္တာဗ်ဴးမွာ
အက္ရွ္ေလယန္းက”ဒီေနရာကို လာတဲ့သူတိုင္းကို ကြၽန္ေတာ္တို႔က ခက္ခဲေစခ်င္တာပါ။
ဒါဟာ ခက္ခဲတဲ့ေနရာလို႔လည္း ထင္ပါတယ္။ သူတို႔ေအာင္ပြဲခံတဲ့ပုံကိုပဲ ၾကည့္ေလ။
ပြင့္ပြင့္လင္းလင္းေျပာရရင္ သူတို႔က လိဂ္မွာ ဗိုလ္စြဲသလို
ေအာက္ပြဲခံတာမ်ိဳးျဖစ္ေနတယ္။ ဒါေပမဲ့ အဲဒါကပဲ သူတို႔ဘယ္ေလာက္
ခက္ခဲခဲ့သလဲဆိုတာကို ျပေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
ႏိုင္ပြဲအၿပီး အာဆင္နယ္ရဲ႕အလြန္အက်ံေအာင္ပြဲခံမႈကို ေဝဖန္တဲ့
ပရီးမီးယားလိဂ္ကစားသမားဟာ အက္ရွ္ေလယန္းတစ္ေယာက္တည္းေတာ့
မဟုတ္ပါဘူး။ အက္ရွ္ေလယန္းလိုပဲ ၿပီးခဲ့တဲ့လတုန္းကလည္း ဝုဗ္ၾကယ္ပြင့္
နီဗက္စ္က အာဆင္နယ္ဟာ လိဂ္မွာ ဗိုလ္စြဲသလို ေအာင္ပြဲခံခဲ့ေၾကာင္း
ျပစ္တင္ေျပာၾကားမႈလုပ္ခဲ့ပါေသးတယ္။ ဒါ့အျပင္ အက္ရွ္ေလယန္းက
အာတီတာနဲ႔သူ႔အသင္းသားေတြဟာ ကံေကာင္းၿပီး ၃ မွတ္ရသြားတာလို႔
ဆက္လက္ေျပာၾကားခဲ့ပါတယ္။
Leave a Reply