အလင်းလက်ဆုံးအခိုက်တန့်တွေပြီးတဲ့နောက် အာရေဗီယန်ညတွေမှာ သာမယ့်စီရော်နယ်ဒိုလမင်း

ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုအတွက် မန်ယူအသင်းဆီကို ဆော်ရီအာရေဗျနိုင်ငံ ဆီကနေပြီး နောက်ထပ်ကမ်းလှမ်းမှုတစ်ကြိမ် ထပ်လုပ် ခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။ အသက် ၃၇ နှစ်ရှိ နေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားခွင့် ရချင်တာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက်မှာ

အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းဖို့အတွက် ဆုံးဖြတ်ခဲ့သူပါ။ ဒါပေမဲ့ ခြေခြေမြစ်မြစ်နဲ့ ကမ်းလှမ်းခဲ့တာဆိုတာဆိုလို့ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်တစ်သင်းတည်းသာရှိပြီး ပြိုင်ဘက်ကလပ်ဖြစ်တဲ့ အယ်လ် နက်ဆာကတော့ စကားပြောတဲ့ အဆင့်လောက်ပဲ ရှိခဲ့တာပါ။ အဲဒီ အချိန်တုန်းကတော့

မန်ယူဟာ ဒီကမ်းလှမ်းမှုတွေနဲ့အတူ စီရော်နယ်ဒိုကို ဆွေးနွေးတိုင်ပင်တာမျိုး မလုပ်ခဲ့သလို ပေါ်တူဂီသားရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ချင်ခဲ့တာပါ။ ဒါပေမဲ့ လာမယ့် ဇန်နဝါရီဈေးကွက်မှာသာ ထိုက်တန်တဲ့ ကမ်းလှမ်းမှုမျိုး ရခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ဟာ စီရော် နယ်ဒိုဘက်ကို မြားဦးလှည့်တော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ မန်ယူနဲ့အတူ အခုရာသီအကုန်အထိ စာချုပ်သက်တမ်း ကျန်နေသေးပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ရှိနေသူပါ။ ဒီရာသီမှာ မန်ယူက ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးသွားပေမယ့် တစ်ပွဲသာ ဦးစားပေး ပွဲထွက်ခွင့် ရခဲ့တဲ့ စီရော်နယ်ဒိုဟာ ကွင်းလယ်လူ အဲရစ်ဆင်လောက်တောင်

ပျော်ရွှင်နေ ပုံ မရတော့ပါဘူး။ မန်ယူမှာ ကစားခွင့်ရခဲ့တာဟာ သူ့ရဲ့ ကစားသမားဘဝကို ပြန်ပြီး အဖတ်ဆယ်ခွင့် ရခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ နှစ်မှာ နှလုံးရပ်ပြီး ကွင်း ထဲမှာ လဲကျသွားခဲ့တဲ့ အဲရစ်ဆင်က ပြောဆိုခဲ့ပါတယ်။ ‘’ဒီအသင်းက ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။

အကြောင်းပေါင်းစုံဖြစ်ပျက်ခဲ့ ပြီးတဲ့နောက်မှာ အဖတ်ပြန်ဆယ်ခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူလို အသင်းမျိုးကနေ ကမ်းလှမ်းမှုမျိုး ရနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ် ခဲ့ပြီးတဲ့နောက် ပြန်ပြီး ပေးဆပ်ကစားနေခဲ့သလိုမျိုးပါပဲ။ ဒီအသင်းကိုရွေးဖို့ အတွက် ကျွန်တော့်မှာ လုံလောက်တဲ့ အခြေအနေရှိခဲ့တာပါ။

ဒါဟာ မှန်ကန် တဲ့ အသင်းတစ်သင်းကို ရွေးချယ်လိုက်တာပါပဲ။ ကျွန်တော့်ရဲ့ အိပ်မက်တွေ နဲ့ မျှော်လင့်ချက်တွေဆီကို အရောက်သွားနိုင်ဖို့အတွက် ကျွန်တော် ရှေ့တက် လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်’’ လို့ အဲရစ်ဆင်က ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ မီးစာကုန်တော့မယ့် စီရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာက ဆော် ဒီအသင်းတွေသာ ရှိနေတာကြောင့် အာရေဗီယန်ညတွေမှာ ထွန်းလင်းတော့ မယ့် စီရော်နယ်ဒိုလမင်းကို စောင့်ကြည့်ရဖို့ ရှိနေပြီဖြစ်ပါတယ်။

(zawgyi)

ဝါရင့္တိုက္စစ္မႉး စီေရာ္နယ္ဒိုအတြက္ မန္ယူအသင္းဆီကို ေဆာ္ရီအာေရဗ်ႏိုင္ငံ ဆီကေနၿပီး ေနာက္ထပ္ကမ္းလွမ္းမႈတစ္ႀကိမ္ ထပ္လုပ္ ခဲ့တယ္လို႔ The Sun သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ အသက္ ၃၇ ႏွစ္ရွိ ေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ကစားခြင့္ ရခ်င္တာေၾကာင့္ ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာ

အိုးလ္ထရက္ဖို႔ဒ္ကို ေက်ာခိုင္းဖို႔အတြက္ ဆုံးျဖတ္ခဲ့သူပါ။ ဒါေပမဲ့ ေျခေျချမစ္ျမစ္နဲ႔ ကမ္းလွမ္းခဲ့တာဆိုတာဆိုလို႔ ေဆာ္ဒီအာေရဗ်ကလပ္ အယ္လ္ဟီလယ္တစ္သင္းတည္းသာရွိၿပီး ၿပိဳင္ဘက္ကလပ္ျဖစ္တဲ့ အယ္လ္ နက္ဆာကေတာ့ စကားေျပာတဲ့ အဆင့္ေလာက္ပဲ ရွိခဲ့တာပါ။ အဲဒီ အခ်ိန္တုန္းကေတာ့ မန္ယူဟာ

ဒီကမ္းလွမ္းမႈေတြနဲ႔အတူ စီေရာ္နယ္ဒိုကို ေဆြးေႏြးတိုင္ပင္တာမ်ိဳး မလုပ္ခဲ့သလို ေပၚတူဂီသားရဲ႕ အေျခအေနကိုလည္း ေစာင့္ၾကည့္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ လာမယ့္ ဇန္နဝါရီေဈးကြက္မွာသာ ထိုက္တန္တဲ့ ကမ္းလွမ္းမႈမ်ိဳး ရခဲ့မယ္ဆိုရင္ေတာ့ ယူႏိုက္တက္ဟာ စီေရာ္ နယ္ဒိုဘက္ကို ျမားဦးလွည့္ေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ မန္ယူနဲ႔အတူ အခုရာသီအကုန္အထိ စာခ်ဳပ္သက္တမ္း က်န္ေနေသးၿပီး ေနာက္ထပ္ ၁၂ လ သက္တမ္းတိုးခြင့္လည္း ရွိေနသူပါ။ ဒီရာသီမွာ မန္ယူက ပရီးမီးယားလိဂ္ ၆ ပြဲ ကစားၿပီးသြားေပမယ့္ တစ္ပြဲသာ ဦးစားေပး ပြဲထြက္ခြင့္ ရခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ကြင္းလယ္လူ အဲရစ္ဆင္ေလာက္ေတာင္

ေပ်ာ္႐ႊင္ေန ပုံ မရေတာ့ပါဘူး။ မန္ယူမွာ ကစားခြင့္ရခဲ့တာဟာ သူ႔ရဲ႕ ကစားသမားဘဝကို ျပန္ၿပီး အဖတ္ဆယ္ခြင့္ ရခဲ့တာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ ႏွစ္မွာ ႏွလုံးရပ္ၿပီး ကြင္း ထဲမွာ လဲက်သြားခဲ့တဲ့ အဲရစ္ဆင္က ေျပာဆိုခဲ့ပါတယ္။ ‘’ဒီအသင္းက ကမာၻ႔ အေကာင္းဆုံး အသင္းေတြထဲက တစ္သင္းပါ။

အေၾကာင္းေပါင္းစုံျဖစ္ပ်က္ခဲ့ ၿပီးတဲ့ေနာက္မွာ အဖတ္ျပန္ဆယ္ခြင့္ ရခဲ့တာလည္း ျဖစ္ပါတယ္။ မန္ယူလို အသင္းမ်ိဳးကေန ကမ္းလွမ္းမႈမ်ိဳး ရႏိုင္တယ္ဆိုတဲ့ အေနအထားမ်ိဳးေတြ ျဖစ္ ခဲ့ၿပီးတဲ့ေနာက္ ျပန္ၿပီး ေပးဆပ္ကစားေနခဲ့သလိုမ်ိဳးပါပဲ။ ဒီအသင္းကိုေ႐ြးဖို႔ အတြက္ ကြၽန္ေတာ့္မွာ

လုံေလာက္တဲ့ အေျခအေနရွိခဲ့တာပါ။ ဒါဟာ မွန္ကန္ တဲ့ အသင္းတစ္သင္းကို ေ႐ြးခ်ယ္လိုက္တာပါပဲ။ ကြၽန္ေတာ့္ရဲ႕ အိပ္မက္ေတြ နဲ႔ ေမွ်ာ္လင့္ခ်က္ေတြဆီကို အေရာက္သြားႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ ေရွ႕တက္ လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္’’ လို႔ အဲရစ္ဆင္က ေျပာဆိုသြားခဲ့ပါတယ္။

လက္ရွိမွာ မီးစာကုန္ေတာ့မယ့္ စီေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတာက ေဆာ္ ဒီအသင္းေတြသာ ရွိေနတာေၾကာင့္ အာေရဗီယန္ညေတြမွာ ထြန္းလင္းေတာ့ မယ့္ စီေရာ္နယ္ဒိုလမင္းကို ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီျဖစ္ပါတယ္။