
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေကို မဲနှိုက်ရေးဆွဲတော့ လက်ရှိ
ချန်ပီယံချဲလ်ဆီးဟာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ၁၃ ထပ်ကွမ်း
ချန်ပီယံရီးရဲလ်နဲ့ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီချဲလ်ဆီးနဲ့ရီးရဲလ်တို့ရဲ့တွေ့ဆုံမှုဟာ
အခုရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရဲ့ ပွဲကြီးပွဲကောင်းလည်း ဖြစ်နေတာပါ။
ချဲလ်ဆီးနဲ့ရီးရဲလ်တို့ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်မှာလည်း
တွေ့ခဲ့ကြသေးပေမယ့် အဲဒီတုန်းက တူချယ်ရဲ့အသင်းဟာ နှစ်ကျော့ပေါင်း
၃-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
ဒါကြောင့် ချဲလ်ဆီးနဲ့ပြန်လည်ဆုံတွေ့မှုဟာ ပြီးခဲ့တဲ့ရာသီဆီမီးအရှုံးကို
လက်စားချေဖို့အတွက် ရီးရဲလ်အတွက် အခွင့်အရေးဖြစ်လာမှာပါ။
ဒါပေမဲ့လည်း ချဲလ်ဆီးဟာ ရီးရဲလ်နဲ့ ပြိုင်ပွဲအရပ်ရပ်တွေ့ဆုံမှု ၅ ကြိမ်စလုံးမှာ
ရှုံးပွဲမရှိခဲ့ပါဘူး။ ဥရောပပြိုင်ပွဲအဆင့်မှာ အဲဒီလောက်အကြိမ်ရေနဲ့ တွေ့ဆုံမှု
ရှုံးပွဲမရှိကစားနိုင်ခဲ့တာ ဘယ်အသင်းမှကို မရှိသေးတာပါ။
ဒါ့အပြင် ချဲလ်ဆီးနည်းပြတူချယ်ဟာ သူ့နည်းပြဘဝရီးရဲလ်နဲ့ ချန်ပီယံလိဂ်
တွေ့ဆုံမှု ၆ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘဲ ၂ ပွဲနိုင်၊ ၄ ပွဲသရေကျထားပါတယ်။
ပြိုင်ပွဲသမိုင်းမှာ ဘယ်နည်းပြကမှလည်း ရီးရဲလ်ကို အဲဒီလောက်အကြိမ်အရေနဲ့
ရှုံးပွဲမရှိကစားနိုင်ခဲ့တာ မရှိပါဘူး။ ဒါကြောင့် အခုတွေ့ဆုံမှုမှာ ချဲလ်ဆီးက
အစဉ်အလာပိုင်းအားသာနေပါတယ်။ တစ်ဖက်မှာလည်း အဲဒီအစဉ်အလာကို
ရီးရဲလ်က ချိုးဖောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပါ။
zawgyi
အရႈံးမေပးဘူးေသးတဲ့ ျခေသၤ့ျပာေတြကို ေတာ္ဝင္ေတြ ႏိုင္ပြဲရယူၿပီး လက္စားေခ်ႏိုင္မလား?
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲေတြကို မဲႏႈိက္ေရးဆြဲေတာ့ လက္ရွိ
ခ်န္ပီယံခ်ဲလ္ဆီးဟာ ၿပိဳင္ပြဲရဲ႕အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့ ၁၃ ထပ္ကြမ္း
ခ်န္ပီယံရီးရဲလ္နဲ႔ထိပ္တိုက္ေတြ႕ဆုံေနပါတယ္။ ဒီခ်ဲလ္ဆီးနဲ႔ရီးရဲလ္တို႔ရဲ႕ေတြ႕ဆုံမႈဟာ
အခုရာသီခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ရဲ႕ ပြဲႀကီးပြဲေကာင္းလည္း ျဖစ္ေနတာပါ။
ခ်ဲလ္ဆီးနဲ႔ရီးရဲလ္တို႔ဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဆီးမီးဖိုင္နယ္မွာလည္း
ေတြ႕ခဲ့ၾကေသးေပမယ့္ အဲဒီတုန္းက တူခ်ယ္ရဲ႕အသင္းဟာ ႏွစ္ေက်ာ့ေပါင္း
၃-၁ နဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲတက္ခဲ့ပါတယ္။
ဒါေၾကာင့္ ခ်ဲလ္ဆီးနဲ႔ျပန္လည္ဆုံေတြ႕မႈဟာ ၿပီးခဲ့တဲ့ရာသီဆီမီးအရႈံးကို
လက္စားေခ်ဖို႔အတြက္ ရီးရဲလ္အတြက္ အခြင့္အေရးျဖစ္လာမွာပါ။
ဒါေပမဲ့လည္း ခ်ဲလ္ဆီးဟာ ရီးရဲလ္နဲ႔ ၿပိဳင္ပြဲအရပ္ရပ္ေတြ႕ဆုံမႈ ၅ ႀကိမ္စလုံးမွာ
ရႈံးပြဲမရွိခဲ့ပါဘူး။ ဥေရာပၿပိဳင္ပြဲအဆင့္မွာ အဲဒီေလာက္အႀကိမ္ေရနဲ႔ ေတြ႕ဆုံမႈ
ရႈံးပြဲမရွိကစားႏိုင္ခဲ့တာ ဘယ္အသင္းမွကို မရွိေသးတာပါ။
ဒါ့အျပင္ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာ သူ႔နည္းျပဘဝရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္
ေတြ႕ဆုံမႈ ၆ ပြဲစလုံးမွာ ရႈံးပြဲမရွိခဲ့ဘဲ ၂ ပြဲႏိုင္၊ ၄ ပြဲသေရက်ထားပါတယ္။
ၿပိဳင္ပြဲသမိုင္းမွာ ဘယ္နည္းျပကမွလည္း ရီးရဲလ္ကို အဲဒီေလာက္အႀကိမ္အေရနဲ႔
ရႈံးပြဲမရွိကစားႏိုင္ခဲ့တာ မရွိပါဘူး။ ဒါေၾကာင့္ အခုေတြ႕ဆုံမႈမွာ ခ်ဲလ္ဆီးက
အစဥ္အလာပိုင္းအားသာေနပါတယ္။ တစ္ဖက္မွာလည္း အဲဒီအစဥ္အလာကို
ရီးရဲလ္က ခ်ိဳးေဖာက္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနတာပါ။
Leave a Reply