အရေးကြီးတဲ့အချက် မထည့်ခဲ့တာကြောင့် ရော်နယ်ဒိုနဲ့မန်ယူ ပြဿနာတက်နေရတာလို့ ရွိုင်ကိန်းဖွင့်ဟ

မန်ယူအသင်းနဲ့ ရော်နယ်ဒိုကြားမှာ ညှိမရဖြစ်နေရခြင်းနောက်ကွယ်က အကြောင်းရင်းတစ်ခုကို ရွိုင်ကိန်းက ထုတ်ပြောလိုက်ပါတယ်။ အဲဒါကတော့ ဂျူဗင်တပ်ကနေ

အိုးလ်ထရက်ဖို့ဒ်ပြန်လာတဲ့နောက် ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ အရေးကြီးတဲ့အချက်ကို ထည့်သွင်းဖို့ပျက်ကွက်ခဲ့တာပါပဲ။ ရော်နယ်ဒိုနဲ့မန်ယူရဲ့ သဘောတူညီချက်မှာ တကယ်လို့

ချန်ပီယံလိဂ်ဝင်ခွင့်မရရင်ဆိုတဲ့စာပိုဒ် ဘာကြောင့်မပါခဲ့တာလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ အိုင်ယာလန်သားကြီးက Sky Sports ကနေ ပြောသွားခဲ့ပါတယ်။

တနည်းအားဖြင့် သူနဲ့မန်ယူမှာအတူတွဲကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုကိစ္စမှာ အေးဂျင့်ဂျော့မန်ဒက်စ်ရဲ့အမှားလို့ ထောက်ပြလိုက်တာပါ။ “ ပြဿနာအတော်လေးဖြစ်နေတာက

ရော်နယ်ဒိုဟာ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ အမှတ်အသားအတွက် ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ချန်ပီယံလိဂ်ကစားခွင့်မရခြင်း ဖြစ်နေတာပါပဲ။ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်ဆိုတဲ့

စာပိုဒ်ကို ဘာကြောင့် သူ့အေးဂျင့် မထည့်သွင်းခဲ့တာလဲ။ စူပါအေးဂျင့်တစ်ယောက်လို့ နာမည်ကျော်နေပြီး ရော်နယ်ဒိုရဲ့စာချုပ်မှာ ဘာကြောင့် အဲဒါမပါခဲ့ရတာလဲ ” လို့ သရဲနီအသင်းခေါင်းဆောင်ဟောင်းက

ထောက်ပြခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဘရိုက်တန်ကိုရှုံးတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ဒုတိယပိုင်းရောက်မှ လူစားဝင်ခွင့်ရခဲ့တာဖြစ်ပြီး အနာဂတ်အတွက် သေချာမှုတစ်ခုကို မရရှိသေးပါဘူး။

(zawgyi)

မန္ယူအသင္းနဲ႔ ေရာ္နယ္ဒိုၾကားမွာ ညႇိမရျဖစ္ေနရျခင္းေနာက္ကြယ္က အေၾကာင္းရင္းတစ္ခုကို ႐ြိဳင္ကိန္းက ထုတ္ေျပာလိုက္ပါတယ္။ အဲဒါကေတာ့ ဂ်ဴဗင္တပ္ကေန အိုးလ္ထရက္ဖို႔ဒ္ျပန္လာတဲ့ေနာက္

ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္မွာ အေရးႀကီးတဲ့အခ်က္ကို ထည့္သြင္းဖို႔ပ်က္ကြက္ခဲ့တာပါပဲ။ ေရာ္နယ္ဒိုနဲ႔မန္ယူရဲ႕ သေဘာတူညီခ်က္မွာ တကယ္လို႔ခ်န္ပီယံလိဂ္ဝင္ခြင့္မရရင္ဆိုတဲ့စာပိုဒ္

ဘာေၾကာင့္မပါခဲ့တာလဲဆိုတာ နားမလည္ႏိုင္ေအာင္ျဖစ္မိတယ္လို႔ အိုင္ယာလန္သားႀကီးက Sky Sports ကေန ေျပာသြားခဲ့ပါတယ္။ တနည္းအားျဖင့္ သူနဲ႔မန္ယူမွာအတူတြဲကစားခဲ့ဖူးတဲ့

ေရာ္နယ္ဒိုကိစၥမွာ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ရဲ႕အမွားလို႔ ေထာက္ျပလိုက္တာပါ။ “ ျပႆနာအေတာ္ေလးျဖစ္ေနတာက ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ဂုဏ္သိကၡာနဲ႔ အမွတ္အသားအတြက္

ဒါမွမဟုတ္ ဘာပဲျဖစ္ျဖစ္ ခ်န္ပီယံလိဂ္ကစားခြင့္မရျခင္း ျဖစ္ေနတာပါပဲ။ မန္ယူအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ရင္ဆိုတဲ့ စာပိုဒ္ကို ဘာေၾကာင့္ သူ႔ေအးဂ်င့္ မထည့္သြင္းခဲ့တာလဲ။

စူပါေအးဂ်င့္တစ္ေယာက္လို႔ နာမည္ေက်ာ္ေနၿပီး ေရာ္နယ္ဒိုရဲ႕စာခ်ဳပ္မွာ ဘာေၾကာင့္ အဲဒါမပါခဲ့ရတာလဲ ” လို႔ သရဲနီအသင္းေခါင္းေဆာင္ေဟာင္းက ေထာက္ျပခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ဘ႐ိုက္တန္ကိုရႈံးတဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာလည္း ဒုတိယပိုင္းေရာက္မွ လူစားဝင္ခြင့္ရခဲ့တာျဖစ္ၿပီး အနာဂတ္အတြက္ ေသခ်ာမႈတစ္ခုကို မရရွိေသးပါဘူး။