အရူးနှမ်းဆုံးဘောလုံးသမားကြောင့် ပရိသတ်တွေ အသည်းတယားယားဖြစ်စေခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီးပွဲ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ပွဲဆိုတော့

၁ မှတ်သာကွာတဲ့ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ပွဲကို

တစ်ကမ္ဘာလုံးက ပရီးမီးယားလိဂ်ပရိသတ်တွေက စောင့်ကြည့်အားပေးခဲ့ကြတာပါ။

တကယ်လည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ကွာလတီဘောလုံးကို ပြနိုင်ခဲ့ကြပြီး

ပရိသတ်တွေအားပေးစောင့်ကြည့်ရကျိုးနပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲက

အခိုက်အတန့်လေးတစ်ခုကတော့ ပရိသတ်တွေ ပိုပြီးတော့တောင်ရင်ဖို့စိတ်လှုပ်ရှား

သွားစေခဲ့တာပါ။ အဲဒီပွဲမှာ မန်စီးတီးဂိုးသမားအီဒါဆန်ဟာ ကစားကွက်စတင်ဖို့

ခံစစ်မှုးတွေနဲ့အပေးအယူလုပ်နေချိန် လီဗာပူးတိုက်စစ်မှုးဂျိုတာရဲ့ဖိအားပေးမှုနဲ့ ကြုံခဲ့ရပါတယ်။

ဖြစ်ချင်တော့ အီဒါဆန်က အသင်းဖော်ဆီဘောလုံးပေးဖို့ လုပ်နေချိန် ဟန်ချက်ပျက်ပြီး

ဘောလုံးက ဂိုးပေါက်ဆီ တန်းလိမ့်သွားတာပါ။ အဲဒီဘောလုံးကိုပဲ အီဒါဆန်က

တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးစည်းပေါ်ကနေ လိုက်ဆယ်ပြီး အသင်းဖော်ဆီလာပေါ်တီဆီပေးနိုင်ခဲ့ပါတယ်။

အခန့်မသင့်ရင် ဂိုးထဲဝင်သွားနိုင်တဲ့အခြေအနေကို ၂၈ နှစ်အရွယ် ဒီဘရာဇီးဂိုးသမားက

သွေးအေးအေးနဲ့ပဲ ဖြေရှင်းလိုက်တာပါ။ ရုပ်သံက ပရိသတ်တွေကတော့ အဲဒီအဖြစ်အပျက်ကို

အသည်းတယားယားဖြစ်သွားကြပါတယ်။ ဒါကြောင့်လည်း ဆိုရှယ်မီဒီယာပေါ်က

ပရိသတ်တစ်ယောက်ကဆို အီဒါဆန်ကို သူ့တွေ့ဖူးသမျှ အရူးနှမ်းဆုံးဘောလုံးသမားလို့ ခေါ်လိုက်ပါတယ်။

နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ကိုယ့်ဂိုးစည်းပေါ်က ဘောလုံးကို

အီဒါဆန်ရဲ့ဆယ်လိုက်ပုံဟာ အရမ်းကိုတည်ငြိမ်လွန်းတယ်လို့ ဆိုခဲ့တာပါ။

zawgyi

အ႐ူးႏွမ္းဆုံးေဘာလုံးသမားေၾကာင့္ ပရိသတ္ေတြ အသည္းတယားယားျဖစ္ေစခဲ့တဲ့ လီဗာပူးနဲ႔ မန္စီးတီးပြဲ

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ျဖစ္သြားႏိုင္တဲ့ပြဲဆိုေတာ့

၁ မွတ္သာကြာတဲ့ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔လီဗာပူးတို႔ရဲ႕ပြဲကို

တစ္ကမာၻလုံးက ပရီးမီးယားလိဂ္ပရိသတ္ေတြက ေစာင့္ၾကည့္အားေပးခဲ့ၾကတာပါ။

တကယ္လည္း အျပန္အလွန္သြင္းဂိုးေတြနဲ႔ ကြာလတီေဘာလုံးကို ျပႏိုင္ခဲ့ၾကၿပီး

ပရိသတ္ေတြအားေပးေစာင့္ၾကည့္ရက်ိဳးနပ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီပြဲက

အခိုက္အတန႔္ေလးတစ္ခုကေတာ့ ပရိသတ္ေတြ ပိုၿပီးေတာ့ေတာင္ရင္ဖို႔စိတ္လႈပ္ရွား

သြားေစခဲ့တာပါ။ အဲဒီပြဲမွာ မန္စီးတီးဂိုးသမားအီဒါဆန္ဟာ ကစားကြက္စတင္ဖို႔

ခံစစ္မႈးေတြနဲ႔အေပးအယူလုပ္ေနခ်ိန္ လီဗာပူးတိုက္စစ္မႈးဂ်ိဳတာရဲ႕ဖိအားေပးမႈနဲ႔ ႀကဳံခဲ့ရပါတယ္။

ျဖစ္ခ်င္ေတာ့ အီဒါဆန္က အသင္းေဖာ္ဆီေဘာလုံးေပးဖို႔ လုပ္ေနခ်ိန္ ဟန္ခ်က္ပ်က္ၿပီး

ေဘာလုံးက ဂိုးေပါက္ဆီ တန္းလိမ့္သြားတာပါ။ အဲဒီေဘာလုံးကိုပဲ အီဒါဆန္က

တည္တည္ၿငိမ္ၿငိမ္နဲ႔ ဂိုးစည္းေပၚကေန လိုက္ဆယ္ၿပီး အသင္းေဖာ္ဆီလာေပၚတီဆီေပးႏိုင္ခဲ့ပါတယ္။

အခန႔္မသင့္ရင္ ဂိုးထဲဝင္သြားႏိုင္တဲ့အေျခအေနကို ၂၈ ႏွစ္အ႐ြယ္ ဒီဘရာဇီးဂိုးသမားက

ေသြးေအးေအးနဲ႔ပဲ ေျဖရွင္းလိုက္တာပါ။ ႐ုပ္သံက ပရိသတ္ေတြကေတာ့ အဲဒီအျဖစ္အပ်က္ကို

အသည္းတယားယားျဖစ္သြားၾကပါတယ္။ ဒါေၾကာင့္လည္း ဆိုရွယ္မီဒီယာေပၚက

ပရိသတ္တစ္ေယာက္ကဆို အီဒါဆန္ကို သူ႔ေတြ႕ဖူးသမွ် အ႐ူးႏွမ္းဆုံးေဘာလုံးသမားလို႔ ေခၚလိုက္ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ကိုယ့္ဂိုးစည္းေပၚက ေဘာလုံးကို

အီဒါဆန္ရဲ႕ဆယ္လိုက္ပုံဟာ အရမ္းကိုတည္ၿငိမ္လြန္းတယ္လို႔ ဆိုခဲ့တာပါ။