အရပ်ပုလွန်းတဲ့ မာတီနက်ဇ်နဲ့တော့ တစ်သင်းတည်းအတူ မကစားချင်ဘူးလို့ ကာရေဂါ လှောင်ပြောင်

အာဆင်နယ်နဲ့ပွဲစဉ်မှာ သရဲနီသွေး စွေးစွေးနီတယ်ဆိုတာကို ပြသနိုင်ခဲ့တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်အတွက် ယူနိုက်တက်ပရိသတ်တွေ ကျေနပ်လို့ မဝနိုင်ဘူးဖြစ်နေပါပြီ။ ပြိုင်ဘက်အာဆင်နယ်ကစားသမားတွေ ပြေးစရာမြေမရှိအောင်ကို ခက်ထန်တဲ့ ဟန်ပန်နဲ့ ရင်ဆိုင်ခဲ့တဲ့

မာတီနက်ဇ် အတွက်လည်း မန်ယူပရိသတ်တွေ ဂုဏ်ယူလို့မဆုံး ဖြစ်နေကြပါတယ်။ ဒါပေမဲ့ လီဗာပူးနောက်ခံလူဟောင်းဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဂျေမီကာရေဂါကတော့ လီဆန်ဒရိုမာတီနက်ဇ်လို

ကစားသမားမျိုးနဲ့ တွဲဖက်ပြီး ကစားချင်စိတ် မရှိဘူးလို့ ဆိုလိုက်ပါတယ်။ အကြောင်းကတော့ ဒီ အာဂျင်တီးနား လက်ရွေး စင်ဟာ အရပ် ၅ ပေ ၉ လက်မပဲရှိပြီး ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့် ပြိုင်ပွဲမျိုးအတွက် ကစားဖို့ မသင့်တော်ဘူးလို့ ကာရေဂါက ဒဲ့ရွှေ့လိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မာတီနက်ဇ်လိုကစားသမားမျိုးနဲ့သာ တွဲပြီး ကစားရ မယ်ဆိုရင် အင်တင်တင်လုပ်နေမှာဖြစ်ပြီး ဝန်လေးနေမှာဖြစ်တယ်လို့ ကာရေဂါက ဆိုပါတယ်။ မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဂယ်ရီနဗီးလ်းနဲ့ ကာရေဂါတို့အကြား Youtube TV Show အစီအစဉ်တစ်ခုမှာ

ဘောလုံးရေးရာ သုံးသပ်ပြောဆိုကြရင်းနဲ့ ဂယ်ရီနဗီးလ်က မာတီနက်ဇ်နဲ့ ပတ်သက်ပြီး စိတ်ထားပြောင်းသွားပြီလားလို့ ကာရေဂါကို မေးခဲ့ရာမှာတော့ ဒီလီဗာပူးဂန္ထဝင် ဟောင်းကြီးက ‘’ဟင့်အင်း၊ သူက ကစားသမားကောင်းတစ်ယောက်လို့တော့ ငါထင်တယ်။

၅ ပေ ၉ လက်မပဲရှိတဲ့ ကစားသမားမျိုးကိုတော့ ဗဟိုနောက်ခံ လူအဖြစ် ငါ့အသင်းမှာ မလိုချင်ပါဘူး။ မလိုချင်ပါဘူး’’ လို့ ဖြေသွားခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်လို ထိပ်တန်းအဆင့်ပြိုင်ပွဲမျိုးမှာ ၅ ပေ ၉ လက်မ လောက်နဲ့တော့

တက်မလာနဲ့လို့ ကာရေဂါက ဒဲ့ဖြုတ်ပါတယ်။ ‘’သူ ဘောလုံး ပေးတာတွေ အရမ်းကောင်းတယ်။ သူက ရန်လိုတဲ့ပုံစံမျိုးရှိတယ်။ သူက အ သင်းခေါင်းဆောင်တစ်ယောက်လိုမျိုး ကစားနေတာ။ သူက မဆိုးဘူး။

ဒါပေမဲ့ ဒီလိုဘောလုံးပြိုင်ပွဲမျိုးမှာတော့ ၅ ပေ ၉ လက်မပဲရှိတဲ့ ကစားသမားမျိုးနဲ့ တော့ တွဲပြီး မကစားချင်ပါဘူးကွာ’’ လို့ ကာရေဂါက ဂယ်ရီနဗီးလ်ရဲ့ မေးခွန်းကို တုံ့ပြန်သွားခဲ့ပါတယ်။

(zawgyi)

အာဆင္နယ္နဲ႔ပြဲစဥ္မွာ သရဲနီေသြး ေစြးေစြးနီတယ္ဆိုတာကို ျပသႏိုင္ခဲ့တဲ့ ေနာက္ခံလူ လီဆန္ဒ႐ိုမာတီနက္ဇ္အတြက္ ယူႏိုက္တက္ပရိသတ္ေတြ ေက်နပ္လို႔ မဝႏိုင္ဘူးျဖစ္ေနပါၿပီ။ ၿပိဳင္ဘက္အာဆင္နယ္ကစားသမားေတြ ေျပးစရာေျမမရွိေအာင္ကို ခက္ထန္တဲ့ ဟန္ပန္နဲ႔ ရင္ဆိုင္ခဲ့တဲ့ မာတီနက္ဇ္

အတြက္လည္း မန္ယူပရိသတ္ေတြ ဂုဏ္ယူလို႔မဆုံး ျဖစ္ေနၾကပါတယ္။ ဒါေပမဲ့ လီဗာပူးေနာက္ခံလူေဟာင္းျဖစ္သလို လက္ရွိအခ်ိန္မွာ ေဘာလုံးေရးရာ ေဝဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ေဂ်မီကာေရဂါကေတာ့ လီဆန္ဒ႐ိုမာတီနက္ဇ္လို

ကစားသမားမ်ိဳးနဲ႔ တြဲဖက္ၿပီး ကစားခ်င္စိတ္ မရွိဘူးလို႔ ဆိုလိုက္ပါတယ္။ အေၾကာင္းကေတာ့ ဒီ အာဂ်င္တီးနား လက္ေ႐ြး စင္ဟာ အရပ္ ၅ ေပ ၉ လက္မပဲရွိၿပီး ပရီးမီးယားလိဂ္လို ထိပ္တန္းအဆင့္ ၿပိဳင္ပြဲမ်ိဳးအတြက္ ကစားဖို႔ မသင့္ေတာ္ဘူးလို႔ ကာေရဂါက

ဒဲ့ေ႐ႊ႕လိုက္တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ မာတီနက္ဇ္လိုကစားသမားမ်ိဳးနဲ႔သာ တြဲၿပီး ကစားရ မယ္ဆိုရင္ အင္တင္တင္လုပ္ေနမွာျဖစ္ၿပီး ဝန္ေလးေနမွာျဖစ္တယ္လို႔ ကာေရဂါက ဆိုပါတယ္။ မန္ယူကစားသမားေဟာင္းျဖစ္တဲ့ ဂယ္ရီနဗီးလ္းနဲ႔

ကာေရဂါတို႔အၾကား Youtube TV Show အစီအစဥ္တစ္ခုမွာ ေဘာလုံးေရးရာ သုံးသပ္ေျပာဆိုၾကရင္းနဲ႔ ဂယ္ရီနဗီးလ္က မာတီနက္ဇ္နဲ႔ ပတ္သက္ၿပီး စိတ္ထားေျပာင္းသြားၿပီလားလို႔ ကာေရဂါကို ေမးခဲ့ရာမွာေတာ့ ဒီလီဗာပူးဂႏၴဝင္ ေဟာင္းႀကီးက

‘’ဟင့္အင္း၊ သူက ကစားသမားေကာင္းတစ္ေယာက္လို႔ေတာ့ ငါထင္တယ္။ ၅ ေပ ၉ လက္မပဲရွိတဲ့ ကစားသမားမ်ိဳးကိုေတာ့ ဗဟိုေနာက္ခံ လူအျဖစ္ ငါ့အသင္းမွာ မလိုခ်င္ပါဘူး။ မလိုခ်င္ပါဘူး’’ လို႔ ေျဖသြားခဲ့ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္လို ထိပ္တန္းအဆင့္ၿပိဳင္ပြဲမ်ိဳးမွာ ၅ ေပ ၉ လက္မ ေလာက္နဲ႔ေတာ့ တက္မလာနဲ႔လို႔ ကာေရဂါက ဒဲ့ျဖဳတ္ပါတယ္။ ‘’သူ ေဘာလုံး ေပးတာေတြ အရမ္းေကာင္းတယ္။ သူက ရန္လိုတဲ့ပုံစံမ်ိဳးရွိတယ္။

သူက အ သင္းေခါင္းေဆာင္တစ္ေယာက္လိုမ်ိဳး ကစားေနတာ။ သူက မဆိုးဘူး။ ဒါေပမဲ့ ဒီလိုေဘာလုံးၿပိဳင္ပြဲမ်ိဳးမွာေတာ့ ၅ ေပ ၉ လက္မပဲရွိတဲ့ ကစားသမားမ်ိဳးနဲ႔ ေတာ့ တြဲၿပီး မကစားခ်င္ပါဘူးကြာ’’ လို႔ ကာေရဂါက ဂယ္ရီနဗီးလ္ရဲ႕ ေမးခြန္းကို တုံ႔ျပန္သြားခဲ့ပါတယ္။