အရင်က VAR စည်းမျဉ်းနဲ့ဆိုရင် လီဗာပူးလ်ကို မန်ယူ မနိုင်ခဲ့ဘူးလို့ ဒိုင်လူကြီးဟောင်းမိုက်ဒင်း ဖွင့်ဟ

ပြီးခဲ့တဲ့ ၂ နှစ် အင်္ဂလန်ဘောလုံးလောကကို VAR စတင်မိတ်ဆက်ချိန်က စည်းမျဉ်းမျိုးနဲ့ဆိုရင် လီဗာပူးလ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ဂိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း လက်ရှိ VAR အဖွဲ့ဝင် မိုက်ဒင်းက Daily Mail သတင်းစာမှာ

ရေးသားလိုက်ပါတယ်။ တနည်းအားဖြင့် ဒီလိဂ်ရဲ့ကောင်းကျိုးအတွက် ပရီးမီးယားလိဂ်အဖွဲ့နဲ့ အင်္ဂလိပ်ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့(PGMOL)တို့ဆွေးနွေးပြီး ကလပ်အသင်းတွေရဲ့သဘောတူညီချက်အရ VAR စည်းမျဉ်းကိုပြောင်းလဲခဲ့လို့သာ

မန်ယူအနိုင်ရခဲ့တာလို့ ဆိုလိုတာပါ။ အရင်စည်းမျဉ်းအတိုင်းဆိုရင် ခြေသည်းတစ်ခုစာလောက်စွန်းထွက်နေတဲ့ ရက်ရှ်ဖို့ဒ်ကို လူကျွံတယ်လို့ပဲဆုံးဖြတ်မှာပါလို့ ရေးသားထားပါတယ်။ ဒါပေမဲ့ ညဏ်ရည်တု(AI)နည်းပညာ အကူအညီနဲ့အတူ

လက်ရှိပြောင်းလဲလိုက်တဲ့စည်းမျဉ်းအရ ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးလ်ခံစစ်နောက်ဆုံးကစားသမားနဲ့ နယ်နမိတ်စည်းချင်း ထိစပ်နေတာကြောင့် ဂိုးရခဲ့တာပါ။ ဒီနည်းပညာအရ ဘောလုံးဖန်တီးသူ ဒါမှမဟုတ် ဘောလုံးပေးပို့သူရဲ့လှုပ်ရှားမှုအဆုံးသတ်တာနဲ့

ခံစစ်နောက်ဆုံးလူမှာ စည်းလိုင်းတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ ဒါက ပထမစည်းဖြစ်ပြီး ဂိုးနဲ့အနီးစပ်ဆုံး ပြိုင်ဘက်ကစားသမားအတွက် ဒုတိယစည်းလိုင်း ထပ်ပေါ်လာမှာပါ။ ဒီစည်းလိုင်းနှစ်ခုရဲ့ Pixel တွေ တစ်ခုနဲ့တစ်ခု

ဆက်စပ်မှုရှိတယ်ဆိုရင် လူကျွံဘောအဖြစ် မသတ်မှတ်တော့ပါဘူး။ တစ်နည်းအားဖြင့် နယ်စပ်မျဉ်းချင်းထိနေရင် လူမကျွံတော့ပါဘူး။ VAR နည်းပညာကလည်း လူကျွံရင် အနီရောင်၊ မကျွံရင် အစိမ်းရောင်နဲ့ အချက်ပြတာကြောင့်

သေချာတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မိုက်ဒင်းက ရေးသားထားပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုး လူမကျွံဘူးလို့ VARက ဆုံးဖြတ်ခဲ့ပြီး ဘုန်းမောက်နဲ့ပွဲက ဂျီဆပ်ရဲ့ဂိုးကိုတော့ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့ ၂ ႏွစ္ အဂၤလန္ေဘာလုံးေလာကကို VAR စတင္မိတ္ဆက္ခ်ိန္က စည္းမ်ဥ္းမ်ိဳးနဲ႔ဆိုရင္ လီဗာပူးလ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ဂိုးကို ခြင့္ျပဳမွာမဟုတ္ဘူးလို႔ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း လက္ရွိ VAR အဖြဲ႕ဝင္ မိုက္ဒင္းက Daily Mail သတင္းစာမွာ

ေရးသားလိုက္ပါတယ္။ တနည္းအားျဖင့္ ဒီလိဂ္ရဲ႕ေကာင္းက်ိဳးအတြက္ ပရီးမီးယားလိဂ္အဖြဲ႕နဲ႔ အဂၤလိပ္ပေရာ္ဖက္ရွင္နယ္ဒိုင္အဖြဲ႕(PGMOL)တို႔ေဆြးေႏြးၿပီး ကလပ္အသင္းေတြရဲ႕သေဘာတူညီခ်က္အရ VAR စည္းမ်ဥ္းကိုေျပာင္းလဲခဲ့လို႔သာ

မန္ယူအႏိုင္ရခဲ့တာလို႔ ဆိုလိုတာပါ။ အရင္စည္းမ်ဥ္းအတိုင္းဆိုရင္ ေျခသည္းတစ္ခုစာေလာက္စြန္းထြက္ေနတဲ့ ရက္ရွ္ဖို႔ဒ္ကို လူကြၽံတယ္လို႔ပဲဆုံးျဖတ္မွာပါလို႔ ေရးသားထားပါတယ္။ ဒါေပမဲ့ ညဏ္ရည္တု(AI)နည္းပညာ အကူအညီနဲ႔အတူ

လက္ရွိေျပာင္းလဲလိုက္တဲ့စည္းမ်ဥ္းအရ ရက္ရွ္ဖို႔ဒ္ဟာ လီဗာပူးလ္ခံစစ္ေနာက္ဆုံးကစားသမားနဲ႔ နယ္နမိတ္စည္းခ်င္း ထိစပ္ေနတာေၾကာင့္ ဂိုးရခဲ့တာပါ။ ဒီနည္းပညာအရ ေဘာလုံးဖန္တီးသူ ဒါမွမဟုတ္ ေဘာလုံးေပးပို႔သူရဲ႕လႈပ္ရွားမႈအဆုံးသတ္တာနဲ႔

ခံစစ္ေနာက္ဆုံးလူမွာ စည္းလိုင္းတစ္ခုေပၚလာမွာျဖစ္ပါတယ္။ ဒါက ပထမစည္းျဖစ္ၿပီး ဂိုးနဲ႔အနီးစပ္ဆုံး ၿပိဳင္ဘက္ကစားသမားအတြက္ ဒုတိယစည္းလိုင္း ထပ္ေပၚလာမွာပါ။ ဒီစည္းလိုင္းႏွစ္ခုရဲ႕ Pixel ေတြ တစ္ခုနဲ႔တစ္ခု ဆက္စပ္မႈရွိတယ္ဆိုရင္

လူကြၽံေဘာအျဖစ္ မသတ္မွတ္ေတာ့ပါဘူး။ တစ္နည္းအားျဖင့္ နယ္စပ္မ်ဥ္းခ်င္းထိေနရင္ လူမကြၽံေတာ့ပါဘူး။ VAR နည္းပညာကလည္း လူကြၽံရင္ အနီေရာင္၊ မကြၽံရင္ အစိမ္းေရာင္နဲ႔ အခ်က္ျပတာေၾကာင့္

ေသခ်ာတဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ မိုက္ဒင္းက ေရးသားထားပါတယ္။ လီဗာပူးလ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုး လူမကြၽံဘူးလို႔ VARက ဆုံးျဖတ္ခဲ့ၿပီး ဘုန္းေမာက္နဲ႔ပြဲက ဂ်ီဆပ္ရဲ႕ဂိုးကိုေတာ့ လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။