
မနေ့က ဆော်ဒီလိဂ်ပွဲအဖြစ် အယ်လ်ဘာတင်နဲ့ကစားခဲ့တဲ့ပွဲအပြီး၊
အဝတ်လဲခန်းထဲသွားရာလမ်းမှာ စီရော်နယ်လ်ဒိုနဲ့ ကလေးငယ်တစ်ဦး
စကားများခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဆင့်(၁)နေရာက အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယား
အောက်မှာ ရပ်တည်နေတဲ့ အယ်လ်ဘာတင်အသင်းကို အိမ်ကွင်းမှာ
အနိုင်ရအောင် အသည်းအသန်ကစားခဲ့ရပြီး နာကျင်အချိန်ပိုအတွင်း
သွင်းယူတဲ့ ဂိုးတွေကြောင့်သာ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပွဲအပြီး အဝတ်လဲခန်းထဲ သွားတဲ့လမ်းမှာ ဘောကောက်လို့ ယူဆရတဲ့
ကလေးငယ်တစ်ဦးက “မက်ဆီဟာ ခင်ဗျားထက် ပိုကောင်းတယ်”လို့
ပြောကြားခဲ့တဲ့အတွက် စီရော်နယ်လ်ဒိုက “ဒါဆို ဘာဖြစ်လို့ မင်း ဒီကို
ရောက်နေတာလဲ. .ငပေါလေး . .မက်ဆီကစားတဲ့ပွဲကိုပဲ သွားကြည့်ပေါ့”လို့
ပေါ်တူဂီစကားနဲ့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။
အဲဒီရုပ်သံဖိုင်ကို မက်ဆီရဲ့ အမာခံပရိသတ်ဖြစ်သူ Semper Fí လို့အမည်ရတဲ့
Twitter ပိုင်ရှင်က Post တင်ခဲ့တာဖြစ်ပြီး (Kid : Messi is better than you !
Ronaldo : Why are you here stupid. Go watch him”)လို့ Caption
ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ Post အောက်မှာ တခြားပရိသတ်တွေက စီရော်နယ်လ်ဒိုဟာ အဲဒီလို
ပြောခဲ့တာမဟုတ်ဘဲ ပေါ်တူဂီဘာသာစကားနားလည်တဲ့သူတွေ ပြန်ရှင်းပြဖို့
တောင်းဆိုခဲ့သလို ပရိသတ်တစ်ဦးကတော့ ‘စီရော်နယ်လ်ဒိုဟာ “partido fácil,
partido fácil”(Easy match, easy match) (လွယ်ကူတဲ့နိုင်ပွဲ)လို့ ပြောခဲ့တာ
ဖြစ်ပါတယ်။ သူတို့အသင်းက ရှုံးပွဲကြုံတွေ့လုနီးပါးဖြစ်ပြီးမှ အနိုင်ရခဲ့တာဖြစ်လို့
အခုလို နောက်ပြောင်ခဲ့တာပါ။ ကိုယ့်ဘာသာ လုပ်ကြံပြီးတော့ ပေါက်ကရတွေ
မတင်ပါနဲ့။ စီရော်နယ်လ်ဒိုဟာ မင်း တင်ထားသလို အဲဒီကလေးကို မပြောခဲ့ဘူး’
ဆိုပြီး ပြစ်တင်ရေးသားခဲ့ပါတယ်။
[Zawgyi]
မေန႔က ေဆာ္ဒီလိဂ္ပြဲအျဖစ္ အယ္လ္ဘာတင္နဲ႔ကစားခဲ့တဲ့ပြဲအၿပီး၊
အဝတ္လဲခန္းထဲသြားရာလမ္းမွာ စီေရာ္နယ္လ္ဒိုနဲ႔ ကေလးငယ္တစ္ဦး
စကားမ်ားခဲ့တယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။
အဆင့္(၁)ေနရာက အယ္လ္နာဆာအသင္းဟာ အမွတ္ေပးဇယား
ေအာက္မွာ ရပ္တည္ေနတဲ့ အယ္လ္ဘာတင္အသင္းကို အိမ္ကြင္းမွာ
အႏိုင္ရေအာင္ အသည္းအသန္ကစားခဲ့ရၿပီး နာက်င္အခ်ိန္ပိုအတြင္း
သြင္းယူတဲ့ ဂိုးေတြေၾကာင့္သာ (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီး အဝတ္လဲခန္းထဲ သြားတဲ့လမ္းမွာ ေဘာေကာက္လို႔ ယူဆရတဲ့
ကေလးငယ္တစ္ဦးက “မက္ဆီဟာ ခင္ဗ်ားထက္ ပိုေကာင္းတယ္”လို႔
ေျပာၾကားခဲ့တဲ့အတြက္ စီေရာ္နယ္လ္ဒိုက “ဒါဆို ဘာျဖစ္လို႔ မင္း ဒီကို
ေရာက္ေနတာလဲ. .ငေပါေလး . .မက္ဆီကစားတဲ့ပြဲကိုပဲ သြားၾကည့္ေပါ့”လို႔
ေပၚတူဂီစကားနဲ႔ ျပန္ေျဖခဲ့တာျဖစ္ပါတယ္။
အဲဒီ႐ုပ္သံဖိုင္ကို မက္ဆီရဲ႕ အမာခံပရိသတ္ျဖစ္သူ Semper Fí လို႔အမည္ရတဲ့
Twitter ပိုင္ရွင္က Post တင္ခဲ့တာျဖစ္ၿပီး (Kid : Messi is better than you !
Ronaldo : Why are you here stupid. Go watch him”)လို႔ Caption
ေရးသားခဲ့ပါတယ္။
ဒါေပမဲ့ အဲဒီ Post ေအာက္မွာ တျခားပရိသတ္ေတြက စီေရာ္နယ္လ္ဒိုဟာ အဲဒီလို
ေျပာခဲ့တာမဟုတ္ဘဲ ေပၚတူဂီဘာသာစကားနားလည္တဲ့သူေတြ ျပန္ရွင္းျပဖို႔
ေတာင္းဆိုခဲ့သလို ပရိသတ္တစ္ဦးကေတာ့ ‘စီေရာ္နယ္လ္ဒိုဟာ “partido fácil,
partido fácil”(Easy match, easy match) (လြယ္ကူတဲ့ႏိုင္ပြဲ)လို႔ ေျပာခဲ့တာ
ျဖစ္ပါတယ္။ သူတို႔အသင္းက ရႈံးပြဲႀကဳံေတြ႕လုနီးပါးျဖစ္ၿပီးမွ အႏိုင္ရခဲ့တာျဖစ္လို႔
အခုလို ေနာက္ေျပာင္ခဲ့တာပါ။ ကိုယ့္ဘာသာ လုပ္ႀကံၿပီးေတာ့ ေပါက္ကရေတြ
မတင္ပါနဲ႔။ စီေရာ္နယ္လ္ဒိုဟာ မင္း တင္ထားသလို အဲဒီကေလးကို မေျပာခဲ့ဘူး’
ဆိုၿပီး ျပစ္တင္ေရးသားခဲ့ပါတယ္။