
ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် ဆော်ဒီထိပ်သီးနှစ်သင်းဖြစ်တဲ့
အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်တို့ ဆုံတွေ့တဲ့ပွဲမှာ
အယ်လ်အစ်တီဟတ်က (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်
သွားပြီဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းမှာ ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမား
စီရော်နယ်လ်ဒို အသင်းသစ်အတွက် ဒုတိယမြောက်ပွဲအဖြစ် ပွဲထွက်
ကစားခဲ့ပြီး သာမန်စွမ်းဆောင်ရည်သာ ပြသနိုင်သလို ပထမပိုင်းပြီးခါနီးမှာ
သူ့ရဲ့ အပိုင်ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမားမာဆယ်လိုဂရိုဟီ
လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က Al-Ettifaq နဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ
အယ်လ်နာဆာအသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး သူ့အသင်းက (၁-ဝ)ဂိုးနဲ့
အနိုင်ရခဲ့ပေမယ့် ပွဲချိန်တစ်လျှောက်မှာ စီရော်နယ်လ်ဒို ထင်သလောက်
ခြေစွမ်းမပြနိုင်ဘဲ တစ်ပွဲလုံး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ပါဘူး။
အခု အယ်လ်အစ်တီဟတ်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာလည်း စီရော်နယ်လ်ဒို
(၂)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သလို ရှုံးပွဲနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ စီရော်နယ်လ်ဒို
အတွက် ပိုပြီး စိတ်ပျက်စရာဖြစ်ရတာက သူ ဝင်ကစားတဲ့ပွဲမှာ
အယ်လ်နာဆာအသင်း ရှုံးပွဲတွေ့ခဲ့ပြီး ပြိုင်ပွဲစုံ(၁၃)ပွဲဆက် ရှုံးပွဲမရှိ
မှတ်တမ်းကောင်း အဆုံးသတ်သွားတာပဲဖြစ်ပါတယ်။
အဲဒါကြောင့် ပရိသတ်တွေက စီရော်နယ်လ်ဒိုကို အွန်လိုင်းပေါ်မှာ
လှောင်ပြောင်နေပြီး ‘စီရော်နယ်လ်ဒိုရဲ့ အစွမ်းကြောင့် အယ်လ်နာဆာအသင်း
(၁၄)ပွဲမြောက်မှာ ပထမဆုံး ရှုံးပွဲတွေ့သွားပြီလေ . .’၊
‘မက်ဆီက အောင်ပွဲတွေနဲ့သာယာနေချိန်မှာ စီရော်နယ်လ်ဒိုကတော့
ဆော်ဒီမှာ ရှုံးပွဲနဲ့တောင် ရင်ဆိုင်ခဲ့ရပါတယ် . .GOAT ဘယ်သူလဲဆိုတာ
ငြင်းစရာ မလိုတော့ပါဘူး’၊’စီရော်နယ်လ်ဒိုရဲ့ ဘောလုံးသမားဘဝကတော့
အဆုံးသတ်သွားပါပြီ ..ဆော်ဒီမှာတောင် ဂိုးမသွင်းနိုင်တော့ပါဘူး’လို့
ရေးသားခဲ့ပါတယ်။
[Zawgyi]
ေဆာ္ဒီစူပါဖလား ဆီမီးဖိုင္နယ္ပြဲအျဖစ္ ေဆာ္ဒီထိပ္သီးႏွစ္သင္းျဖစ္တဲ့
အယ္လ္နာဆာနဲ႔ အယ္လ္အစ္တီဟတ္တို႔ ဆုံေတြ႕တဲ့ပြဲမွာ
အယ္လ္အစ္တီဟတ္က (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ဗိုလ္လုပြဲတက္ေရာက္
သြားၿပီျဖစ္ပါတယ္။
အယ္လ္နာဆာအသင္းမွာ ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ကစားသမား
စီေရာ္နယ္လ္ဒို အသင္းသစ္အတြက္ ဒုတိယေျမာက္ပြဲအျဖစ္ ပြဲထြက္
ကစားခဲ့ၿပီး သာမန္စြမ္းေဆာင္ရည္သာ ျပသႏိုင္သလို ပထမပိုင္းၿပီးခါနီးမွာ
သူ႔ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ကိုလည္း ဂိုးသမားမာဆယ္လိုဂ႐ိုဟီ
လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က Al-Ettifaq နဲ႔ ေဆာ္ဒီပ႐ိုလိဂ္ပြဲမွာ
အယ္လ္နာဆာအသင္းအတြက္ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး သူ႔အသင္းက (၁-ဝ)ဂိုးနဲ႔
အႏိုင္ရခဲ့ေပမယ့္ ပြဲခ်ိန္တစ္ေလွ်ာက္မွာ စီေရာ္နယ္လ္ဒို ထင္သေလာက္
ေျခစြမ္းမျပႏိုင္ဘဲ တစ္ပြဲလုံး ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွ မရွိခဲ့ပါဘူး။
အခု အယ္လ္အစ္တီဟတ္နဲ႔ ဆီမီးဖိုင္နယ္ပြဲမွာလည္း စီေရာ္နယ္လ္ဒို
(၂)ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့သလို ရႈံးပြဲနဲ႔ပါ ရင္ဆိုင္ခဲ့ရပါတယ္။ စီေရာ္နယ္လ္ဒို
အတြက္ ပိုၿပီး စိတ္ပ်က္စရာျဖစ္ရတာက သူ ဝင္ကစားတဲ့ပြဲမွာ
အယ္လ္နာဆာအသင္း ရႈံးပြဲေတြ႕ခဲ့ၿပီး ၿပိဳင္ပြဲစုံ(၁၃)ပြဲဆက္ ရႈံးပြဲမရွိ
မွတ္တမ္းေကာင္း အဆုံးသတ္သြားတာပဲျဖစ္ပါတယ္။
အဲဒါေၾကာင့္ ပရိသတ္ေတြက စီေရာ္နယ္လ္ဒိုကို အြန္လိုင္းေပၚမွာ
ေလွာင္ေျပာင္ေနၿပီး ‘စီေရာ္နယ္လ္ဒိုရဲ႕ အစြမ္းေၾကာင့္ အယ္လ္နာဆာအသင္း
(၁၄)ပြဲေျမာက္မွာ ပထမဆုံး ရႈံးပြဲေတြ႕သြားၿပီေလ . .’၊
‘မက္ဆီက ေအာင္ပြဲေတြနဲ႔သာယာေနခ်ိန္မွာ စီေရာ္နယ္လ္ဒိုကေတာ့
ေဆာ္ဒီမွာ ရႈံးပြဲနဲ႔ေတာင္ ရင္ဆိုင္ခဲ့ရပါတယ္ . .GOAT ဘယ္သူလဲဆိုတာ
ျငင္းစရာ မလိုေတာ့ပါဘူး’၊’စီေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးသမားဘဝကေတာ့
အဆုံးသတ္သြားပါၿပီ ..ေဆာ္ဒီမွာေတာင္ ဂိုးမသြင္းႏိုင္ေတာ့ပါဘူး’လို႔
ေရးသားခဲ့ပါတယ္။