အယ်လ်နာဆာအတွက် စီရော်နယ်လ်ဒို ပွဲထွက်ကစားခွင့်ရဖို့ ပြဿနာတချို့ရှိနေ

အယ်လ်နာဆာအသင်း ကစားသမားသစ်ဖြစ်သူ စီရော်နယ်လ်ဒိုဟာ အသင်းသစ်

အတွက် ပွဲထွက်ကစားခွင့်ရဖို့ နောက်ထပ် ကြန့်ကြာဦးမယ့်အနေအထားနဲ့
ရင်ဆိုင်နေရပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်ကစားသမားဘဝတုန်းက ပြီးခဲ့တဲ့နှစ်၊
ဧပြီလအတွင်း အဲဗာတန်နဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ အဲဗာတန်ပရိသတ်တစ်ဦးရဲ့
ဖုန်းကို လက်နဲ့ရိုက်ချခဲ့တဲ့လုပ်ရပ်ကြောင့် FA က သူ့ကို (၂)ပွဲပယ်ပြစ်ဒဏ်
ချမှတ်ခဲ့ပြီး အဲဒီပြစ်ဒဏ်အရ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းသစ်
အယ်လ်နာဆာအတွက် ပါဝင်ကစားခွင့် မရှိသေးပါဘူး။

အယ်လ်နာဆာအသင်းဟာ ကြာသပတေးနေ့မှာ Al Ta’ee အသင်းနဲ့ကစားရမှ
ာဖြစ်ပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ကွင်းမှာ ရေလွှမ်းမှု

ဖြစ်ခဲ့တဲ့အတွက် ပွဲကစားမယ့်အချိန်ကို (၂၄)နာရီ နောက်ဆုတ်ခဲ့ရပါတယ်။

စီရော်နယ်လ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကျခံရဦးမှာဖြစ်တဲ့အပြင် အခုလောလောဆယ်

အထိ ဆော်ဒီလိဂ်မှာ စာရင်းသွင်းခွင့် မရသေးပါဘူး။ အကြောင်းကတော့
အယ်လ်နာဆာအသင်းမှာ ဆော်ဒီလိဂ်အဖွဲ့ချုပ်က ခွင့်ပြုထားတဲ့ ပြည်ပ
ကစားသမားအရေအတွက်ထက် ကျော်လွန်နေလို့ စီရော်နယ်လ်ဒိုကို စာရင်းသွင်းခွင့်
ရဖို့ဆိုရင် လက်ရှိကစားသမားတွေထဲက တချို့ကို ရောင်းချရမှာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းမှာ ကိုလံဘီယာဂိုးသမား အော့စ်ပင်နာ၊ ကင်မရွန်းဝါရင့်
တိုက်စစ်မှူး အဘူဘာကာ၊ ဘရာဇီးလ်ကွင်းလယ်လူ ဂတ်စတာဗိုအပါအဝင်
ပြည်ပကစားသမား(၈)ဦးအထိရှိနေပြီး စီရော်နယ်လ်ဒိုကို စာရင်းသွင်းခွင့်ရဖို့

အဲဒီကစားသမားတွေထဲက တစ်ဦးနဲ့ စာချုပ်ဖျက်သိမ်းတာ ဒါမှမဟုတ်
တခြားအသင်းကို ရောင်းချဖို့ မဖြစ်မနေဆောင်ရွက်သွားရမှာပါ။

[Zawgyi]

အယ္လ္နာဆာအသင္း ကစားသမားသစ္ျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ အသင္းသစ္
အတြက္ ပြဲထြက္ကစားခြင့္ရဖို႔ ေနာက္ထပ္ ၾကန႔္ၾကာဦးမယ့္အေနအထားနဲ႔
ရင္ဆိုင္ေနရပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္ကစားသမားဘဝတုန္းက ၿပီးခဲ့တဲ့ႏွစ္၊
ဧၿပီလအတြင္း အဲဗာတန္နဲ႔ကစားခဲ့တဲ့ပြဲအၿပီးမွာ အဲဗာတန္ပရိသတ္တစ္ဦးရဲ႕
ဖုန္းကို လက္နဲ႔႐ိုက္ခ်ခဲ့တဲ့လုပ္ရပ္ေၾကာင့္ FA က သူ႔ကို (၂)ပြဲပယ္ျပစ္ဒဏ္
ခ်မွတ္ခဲ့ၿပီး အဲဒီျပစ္ဒဏ္အရ စီေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းသစ္

အယ္လ္နာဆာအတြက္ ပါဝင္ကစားခြင့္ မရွိေသးပါဘူး။

အယ္လ္နာဆာအသင္းဟာ ၾကာသပေတးေန႔မွာ Al Ta’ee အသင္းနဲ႔ကစားရမွ

ာျဖစ္ေပမယ့္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အိမ္ကြင္းမွာ ေရလႊမ္းမႈ
ျဖစ္ခဲ့တဲ့အတြက္ ပြဲကစားမယ့္အခ်ိန္ကို (၂၄)နာရီ ေနာက္ဆုတ္ခဲ့ရပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ပြဲပယ္ျပစ္ဒဏ္က်ခံရဦးမွာျဖစ္တဲ့အျပင္ အခုေလာေလာဆယ္
အထိ ေဆာ္ဒီလိဂ္မွာ စာရင္းသြင္းခြင့္ မရေသးပါဘူး။ အေၾကာင္းကေတာ့
အယ္လ္နာဆာအသင္းမွာ ေဆာ္ဒီလိဂ္အဖြဲ႕ခ်ဳပ္က ခြင့္ျပဳထားတဲ့ ျပည္ပ
ကစားသမားအေရအတြက္ထက္ ေက်ာ္လြန္ေနလို႔ စီေရာ္နယ္လ္ဒိုကို စာရင္းသြင္းခြင့္
ရဖို႔ဆိုရင္ လက္ရွိကစားသမားေတြထဲက တခ်ိဳ႕ကို ေရာင္းခ်ရမွာျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းမွာ ကိုလံဘီယာဂိုးသမား ေအာ့စ္ပင္နာ၊ ကင္မ႐ြန္းဝါရင့္
တိုက္စစ္မႉး အဘူဘာကာ၊ ဘရာဇီးလ္ကြင္းလယ္လူ ဂတ္စတာဗိုအပါအဝင္

ျပည္ပကစားသမား(၈)ဦးအထိရွိေနၿပီး စီေရာ္နယ္လ္ဒိုကို စာရင္းသြင္းခြင့္ရဖို႔
အဲဒီကစားသမားေတြထဲက တစ္ဦးနဲ႔ စာခ်ဳပ္ဖ်က္သိမ္းတာ ဒါမွမဟုတ္
တျခားအသင္းကို ေရာင္းခ်ဖို႔ မျဖစ္မေနေဆာင္႐ြက္သြားရမွာပါ။