အယ်လ်နာဆာနဲ့အပြောင်းအရွှေ့ဖြစ်မြောက်ရင် ကမ္ဘာပေါ်မှာ လစာအများဆုံး အားကစားသမားအဖြစ် စီရော်နယ်လ်ဒို ရပ်တည်နိုင်မယ်

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ်

အယ်လ်နာဆာအသင်းရဲ့ (၁)နှစ်လစာ ပေါင်(၁၇၃)သန်းပမာဏနဲ့ကမ်းလှမ်းမှုကို
လက်ခံလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး တကယ်လို့ အဲဒီသတင်းသာ
အမှန်တကယ်ဖြစ်မယ်ဆိုရင် စီရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ လစာငွေအများဆုံး
အားကစားသမားအဖြစ် ရပ်တည်နိုင်မှာပါ။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အခုလအစောပိုင်းက
ထွက်ပေါ်ခဲ့တဲ့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကိစ္စကြောင့် မန်ချက်စတာယူနိုက်တက်
အသင်းက သူ့ကို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တဲ့အတွက် ၂၀၂၂ ကမ္ဘာ့ဖလား

ပြိုင်ပွဲအပြီးကျရင် အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။

အခု စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က အယ်လ်နာဆာအသင်းဟာ

စီရော်နယ်လ်ဒိုကို အသက်(၄၀)အထိ ဘောလုံးဆက်ကစားနိုင်အောင် (၂)နှစ်ခွဲ
စာချုပ်,ချုပ်ဆိုပြီး လစာအဖြစ် (၁)နှစ်ကို ပေါင်(၁၇၃)သန်းအထိပေးချေသွားဖို့
သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ အတိအလင်းဖော်ပြခဲ့ပါတယ်။

အခုလောလောဆယ် ကမ္ဘာပေါ်မှာ လစာငွေအကောင်းဆုံးအားကစားသမားအဖြစ်
အာဂျင်တီးနား,နာမည်ကျော် မက်ဆီက ပေါင်(၁၀၃.၄)သန်းနဲ့ ရပ်တည်နေပြီး
သူ့နောက်မှာ NBA အကျော်အမော် လီဘရွန်ဂျိမ်းစ်က ပေါင်(၁၀၁.၄)သန်းနဲ့ ရှိနေသလို
စီရော်နယ်လ်ဒိုက ပေါင်(၈၃.၆)သန်းနဲ့ တတိယနေရာသာ ရပ်တည်နေတာဖြစ်ပါတယ်။

တကယ်လို့ စီရော်နယ်လ်ဒိုသာ အယ်လ်နာဆာကို ပြောင်းဖြစ်မယ်ဆိုရင် မက်ဆီကို
ကျော်ဖြတ်ပြီးတော့ ပေါင်(၁၇၃)သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီထိပ္သီးကလပ္
အယ္လ္နာဆာအသင္းရဲ႕ (၁)ႏွစ္လစာ ေပါင္(၁၇၃)သန္းပမာဏနဲ႔ကမ္းလွမ္းမႈကို

လက္ခံလိုက္ၿပီဆိုတဲ့သတင္းေတြထြက္ေပၚေနၿပီး တကယ္လို႔ အဲဒီသတင္းသာ
အမွန္တကယ္ျဖစ္မယ္ဆိုရင္ စီေရာ္နယ္လ္ဒိုဟာ ကမာၻေပၚမွာ လစာေငြအမ်ားဆုံး
အားကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာပါ။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ အခုလအေစာပိုင္းက
ထြက္ေပၚခဲ့တဲ့ ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးကိစၥေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္
အသင္းက သူ႔ကို ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့အတြက္ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲအၿပီးက်ရင္ အသင္းသစ္ရွာေဖြရေတာ့မွာျဖစ္ပါတယ္။

အခု စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က အယ္လ္နာဆာအသင္းဟာ
စီေရာ္နယ္လ္ဒိုကို အသက္(၄၀)အထိ ေဘာလုံးဆက္ကစားႏိုင္ေအာင္ (၂)ႏွစ္ခြဲ

စာခ်ဳပ္,ခ်ဳပ္ဆိုၿပီး လစာအျဖစ္ (၁)ႏွစ္ကို ေပါင္(၁၇၃)သန္းအထိေပးေခ်သြားဖို႔
သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တယ္လို႔ အတိအလင္းေဖာ္ျပခဲ့ပါတယ္။

အခုေလာေလာဆယ္ ကမာၻေပၚမွာ လစာေငြအေကာင္းဆုံးအားကစားသမားအျဖစ္
အာဂ်င္တီးနား,နာမည္ေက်ာ္ မက္ဆီက ေပါင္(၁၀၃.၄)သန္းနဲ႔ ရပ္တည္ေနၿပီး
သူ႔ေနာက္မွာ NBA အေက်ာ္အေမာ္ လီဘ႐ြန္ဂ်ိမ္းစ္က ေပါင္(၁၀၁.၄)သန္းနဲ႔ ရွိေနသလို
စီေရာ္နယ္လ္ဒိုက ေပါင္(၈၃.၆)သန္းနဲ႔ တတိယေနရာသာ ရပ္တည္ေနတာျဖစ္ပါတယ္။

တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ အယ္လ္နာဆာကို ေျပာင္းျဖစ္မယ္ဆိုရင္ မက္ဆီကို
ေက်ာ္ျဖတ္ၿပီးေတာ့ ေပါင္(၁၇၃)သန္းနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။