အယ်လ်နာဆာကို ဘာလို့ ရွေးချယ်လိုက်ရလဲဆိုတာ စီရော်နယ်လ်ဒိုရှင်းလင်း

ပေါ်တူဂီအသင်းနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဥရောပဘောလုံး

ရပ်ဝန်းကို စွန့်ခွာပြီးတော့ အာရှက ဆော်ဒီထိပ်သီးကလပ် အယ်လ်နာအသင်းဆီ
ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် မန်ချက်စတာယူနိုက်တက်၊
ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊
ချန်ပီယံလိဂ်အပါအဝင် ကြီးမားတဲ့ ဆုဖလားအောင်မြင်မှုတွေရယူခဲ့ပြီး
အခုအချိန်မှာတော့ အာရှမြေမှာ အယ်လ်နာအသင်းနဲ့အတူ ဘောလုံးသမားဘ၀
ဖြတ်သန်းတော့မှာဖြစ်ပါတယ်။

Ballon d’Or ဆုကို (၅)ကြိမ်အထိရခဲ့ပြီး သမိုင်းဝင် သွင်းဂိုးစံချိန်မှတ်တမ်းတွေ
အများကြီးစိုက်ထူခဲ့တဲ့ စီရော်နယ်လ်ဒိုလို ဘောလုံးသမိုင်းတစ်လျှောက်

အကောင်းဆုံးကစားသမားတစ်ဦးဟာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့
အတွက် ပရိသတ်တွေနဲ့ နာမည်ကျော်ဘောလုံးသမားဟောင်းတချို့က ဝေဖန်
ပြစ်တင်နေကြပါတယ်။

ဒါပေမဲ့ စီရော်နယ်လ်ဒိုက “ဥရောပဘောလုံးလောကမှာ ဆုဖလားတွေ အားလုံး
ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဒါက ကျွန်တော့်အတွက် ကံကောင်းမှုတစ်ခုပါပဲ။ အခုအချိန်မှာတော့
အာရှဘောလုံးလောကအတွက် ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးသင့်တဲ့
အချိန်ရောက်လာပြီလို့ ယူဆမိပါတယ်။

အယ်လ်နာအသင်းရဲ့ ရည်မှန်းချက်တွေက စိတ်ဝင်စားဖို့ကောင်းသလို အားရ
ကျေနပ်စရာလည်းဖြစ်ပါတယ်။ မတူညီတဲ့နိုင်ငံတစ်ခုက လိဂ်ပြိုင်ပွဲမှာ

အတွေ့အကြုံသစ်တွေနဲ့ ရင်ဆိုင်လိုပြီး ကျွန်တော့်အသင်းဖော်သစ်တွေနဲ့ အမြန်ဆုံး
ဆုံတွေ့ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီအသင္းနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဥေရာပေဘာလုံး
ရပ္ဝန္းကို စြန႔္ခြာၿပီးေတာ့ အာရွက ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာအသင္းဆီ
ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚ ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္ မန္ခ်က္စတာယူႏိုက္တက္၊
ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔အတူ ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ၊
ခ်န္ပီယံလိဂ္အပါအဝင္ ႀကီးမားတဲ့ ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့ၿပီး
အခုအခ်ိန္မွာေတာ့ အာရွေျမမွာ အယ္လ္နာအသင္းနဲ႔အတူ ေဘာလုံးသမားဘ၀

ျဖတ္သန္းေတာ့မွာျဖစ္ပါတယ္။

Ballon d’Or ဆုကို (၅)ႀကိမ္အထိရခဲ့ၿပီး သမိုင္းဝင္ သြင္းဂိုးစံခ်ိန္မွတ္တမ္းေတြ

အမ်ားႀကီးစိုက္ထူခဲ့တဲ့ စီေရာ္နယ္လ္ဒိုလို ေဘာလုံးသမိုင္းတစ္ေလွ်ာက္
အေကာင္းဆုံးကစားသမားတစ္ဦးဟာ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့
အတြက္ ပရိသတ္ေတြနဲ႔ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းတခ်ိဳ႕က ေဝဖန္
ျပစ္တင္ေနၾကပါတယ္။

ဒါေပမဲ့ စီေရာ္နယ္လ္ဒိုက “ဥေရာပေဘာလုံးေလာကမွာ ဆုဖလားေတြ အားလုံး
ပိုင္ဆိုင္ခြင့္ရခဲ့ၿပီး ဒါက ကြၽန္ေတာ့္အတြက္ ကံေကာင္းမႈတစ္ခုပါပဲ။ အခုအခ်ိန္မွာေတာ့
အာရွေဘာလုံးေလာကအတြက္ ကြၽန္ေတာ့္ရဲ႕ အေတြ႕အႀကဳံေတြကို ေဝမွ်ေပးသင့္တဲ့

အခ်ိန္ေရာက္လာၿပီလို႔ ယူဆမိပါတယ္။

အယ္လ္နာအသင္းရဲ႕ ရည္မွန္းခ်က္ေတြက စိတ္ဝင္စားဖို႔ေကာင္းသလို အားရ

ေက်နပ္စရာလည္းျဖစ္ပါတယ္။ မတူညီတဲ့ႏိုင္ငံတစ္ခုက လိဂ္ၿပိဳင္ပြဲမွာ
အေတြ႕အႀကဳံသစ္ေတြနဲ႔ ရင္ဆိုင္လိုၿပီး ကြၽန္ေတာ့္အသင္းေဖာ္သစ္ေတြနဲ႔ အျမန္ဆုံး
ဆုံေတြ႕ရမွာျဖစ္တဲ့အတြက္ စိတ္လႈပ္ရွားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။