အမှိုက်သရိုက်ကောင်လို့ လေ့ကျင့်ကွင်းမှာတောင် အော်ဟစ်ကြိမ်းမောင်းပြီး ပွဲကြမ်းနေတဲ့ သခင်ကြီးတန်းဟတ်

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး ကျေနပ်နေကြပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ကြီးမားတဲ့အောင်မြင်မှုတွေ

ရောက်လာတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ တနည်းအားဖြင့် တန်းဟတ်ဟာ ဂုရုကြီးဖာဂီလို အသင်းကိုခပ်ကြမ်းကြမ်းကိုင်တွယ်မယ့် နည်းပြမျိုးဖြစ်နေတာကြောင့်

သရဲနီပရိသတ်တွေ ကျေနပ်နေကြတာပါ။ မန်ယူလေ့ကျင့်ကွင်းက နောက်ဆုံးထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်မှာ နယ်သာလန်သားနည်းပြဟာ အသင်းရဲ့အလားအလာအရှိဆုံး

လူငယ်ကြယ်ပွင့်တစ်ယောက်ကို အမှိုက်သရိုက်လို့ အော်ဟစ်ကြိမ်းမောင်းခဲ့တာတွေ့ရပါတယ်။ ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့သူကတော့ ဇီဒန်းအစ်ဂ်ဘယ်ပါပဲ။

လေ့ကျင့်မှုတစ်ခုမှာ ဘောလုံးဆုံးရှုံးသွားတဲ့ ဇီဒန်းကို တန်းဟတ်က “ ဘောလုံးကို မြေပေါ်မှာထိန်းထားကွ၊ ဇီဒန်း .. ဟေး ..၊ ဘောလုံးကို ထိန်းထားပါ။ ေ-ာက် အမိူက်သရိုက်ကောင်ပဲ ” လို့

အော်ဟစ်ခဲ့တာပါ။ အရက်မသောက်ရ၊ ကိုင်ပိုင်စားဖိုမှူးမထားရ၊ ထမင်းစားခန်းထဲမှာ ဖုန်းမသုံးရ၊ လေ့ကျင့်ကွင်းကို နောက်မကျရ စတဲ့ ပညတ်တော်တွေကို

မန်ယူရောက်တာနဲ့ချမှတ်ခဲ့တဲ့ တန်းဟတ်ရဲ့နောက်ထပ် စည်းကမ်းတင်းကျပ်ပုံတစ်ခုလည်း ဖြစ်ပါတယ်။ နယ်သာလန်သားဟာ ပဲလေ့စ်နဲ့ခြေစမ်းပွဲတုန်းကလည်း “ မင်း ဘာေ-ာက်တလွဲတွေ လုပ်နေတာလဲ ” လို့

ကစားသမားတစ်ယောက်ကို လှမ်းဆဲခဲ့ပါသေးတယ်။ ဒါကြောင့်လည်း သရဲနီပရိသတ်တွေ အရမ်းစိတ်လှုပ်ရှားနေကြသလို ဆိုရှယ်မီဒီယာတွေပေါ်မှာ သူတို့နည်းပြကြီးကို ချီးမွန်းခန်းတွေဖွင့်နေကြတာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဒီဗြီဒီယိုဖိုင္ကိုၾကည့္ၿပီး ေက်နပ္ေနၾကပါတယ္။ ၂၀၂၂-၂၃ ရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကို ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ေရာက္လာေတာ့မယ္ဆိုတဲ့

အေတြးေတြနဲ႔ေပါ့။ တနည္းအားျဖင့္ တန္းဟတ္ဟာ ဂု႐ုႀကီးဖာဂီလို အသင္းကိုခပ္ၾကမ္းၾကမ္းကိုင္တြယ္မယ့္ နည္းျပမ်ိဳးျဖစ္ေနတာေၾကာင့္ သရဲနီပရိသတ္ေတြ ေက်နပ္ေနၾကတာပါ။ မန္ယူေလ့က်င့္ကြင္းက

ေနာက္ဆုံးထြက္ေပၚလာတဲ့ ဗြီဒီယိုဖိုင္မွာ နယ္သာလန္သားနည္းျပဟာ အသင္းရဲ႕အလားအလာအရွိဆုံး လူငယ္ၾကယ္ပြင့္တစ္ေယာက္ကို အမႈိက္သ႐ိုက္လို႔ ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့တာေတြ႕ရပါတယ္။

ကံဆိုးသူေမာင္ရွင္ျဖစ္ခဲ့သူကေတာ့ ဇီဒန္းအစ္ဂ္ဘယ္ပါပဲ။ ေလ့က်င့္မႈတစ္ခုမွာ ေဘာလုံးဆုံးရႈံးသြားတဲ့ ဇီဒန္းကို တန္းဟတ္က “ ေဘာလုံးကို ေျမေပၚမွာထိန္းထားကြ၊ ဇီဒန္း .. ေဟး ..၊ ေဘာလုံးကို ထိန္းထားပါ။

ေ-ာက္ အမိူက္သ႐ိုက္ေကာင္ပဲ ” လို႔ ေအာ္ဟစ္ခဲ့တာပါ။ အရက္မေသာက္ရ၊ ကိုင္ပိုင္စားဖိုမႉးမထားရ၊ ထမင္းစားခန္းထဲမွာ ဖုန္းမသုံးရ၊ ေလ့က်င့္ကြင္းကို ေနာက္မက်ရ စတဲ့ ပညတ္ေတာ္ေတြကို

မန္ယူေရာက္တာနဲ႔ခ်မွတ္ခဲ့တဲ့ တန္းဟတ္ရဲ႕ေနာက္ထပ္ စည္းကမ္းတင္းက်ပ္ပုံတစ္ခုလည္း ျဖစ္ပါတယ္။ နယ္သာလန္သားဟာ ပဲေလ့စ္နဲ႔ေျခစမ္းပြဲတုန္းကလည္း “ မင္း ဘာေ-ာက္တလြဲေတြ လုပ္ေနတာလဲ ” လို႔

ကစားသမားတစ္ေယာက္ကို လွမ္းဆဲခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း သရဲနီပရိသတ္ေတြ အရမ္းစိတ္လႈပ္ရွားေနၾကသလို ဆိုရွယ္မီဒီယာေတြေပၚမွာ သူတို႔နည္းျပႀကီးကို ခ်ီးမြန္းခန္းေတြဖြင့္ေနၾကတာပါ။