အမှတ်ပေးဇယားအဆင့်နဲ့ မဆုံးဖြတ်ဘဲ အသင်းရဲ့ သမိုင်းကြောင်းနဲ့ ဆုံးဖြတ်လာနိုင်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်

ယူအီးအက်ဖ်အေကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြီးခဲ့တဲ့ရာသီမှာ

ရရှိခဲ့တဲ့ အမှတ်ပေးဇယားအဆင့် သတ်မှတ်ချက်ထက် အသင်းရဲ့

သမိုင်းကြောင်းအစဉ်အလာပေါ် မူတည်ပြီး သတ်မှတ်ရွေးချယ်သွားဖို့

စီစဉ်နေပါတယ်။ အဆိုပါ အစီအစဉ်ကို လွန်ခဲ့တဲ့ ( ၁ ) နှစ်ကျော်က

ဟာသနှောကာ ဝေဖန်သုံးသပ်ခဲ့ကြပေမယ့် တစ်ဖက်မှာ ဥရောပ စူပါလိဂ်

ပရောဂျက်ကြီးကလည်း အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်ဖို့

ကြိုးစားလျက်ရှိတာကြောင့် လက်ရှိမှာတော့ ဒီ အစီအစဉ်က စားပွဲပေါ်

ပြန်လည်ရောက်ရှိလာပါပြီ။ ပရီးမီးယားလိဂ်ကလပ်အသင်း ( ၁၀ ) သင်း

အဖွဲ့ဝင်အဖြစ်ရှိနေတဲ့ European Club Association က ဥရောပရဲ့

အဆင့်အမြင့်ဆုံးပြိုင်ပွဲအတွက် ဝင်ခွင့်ကို သက်ဆိုင်ရာလိဂ်ပြိုင်ပွဲမှာရရှိခဲ့တဲ့

အဆင့်ထက် ယူအီးအက်ဖ်အေ coefficient ပေါ် တစ်စိတ်တစ်ပိုင်း မူတည်ပြီး

ဆုံးဖြတ်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ coefficient သတ်မှတ်ချက်ဆိုတာ

ကလပ်အသင်းတွေရဲ့ ဖီဖာ အဆင့်သတ်မှတ်ချက် နှင့် လွန်ခဲ့တဲ့ ( ၅ ) နှစ်က

ရလာဒ်ပေါ် မူတည်ပြီး ဥရောပကလပ်အသင်းတွေကြား အဆင့်သတ်မှတ်ချက်ဖြစ်ပါတယ်။

လက်ရှိ coefficient သတ်မှတ်ချက်ကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက

ဦးဆောင်ထားပြီး အင်္ဂလန်လိပ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊

လီဗာပူးလ် နှင့် ချဲလ်ဆီးတို့က ဒုတိယ ၊တတိယ နှင့် စတုတ္ထနေရာတွေမှာ

အသီးသီး ရပ်တည်လျက်ရှိပါတယ်။ အဆင့် ( ၁၀ ) အတွင်းမှာ

စပိန်အင်အားကြီးအသင်းတွေဖြစ်တဲ့ ရီးရဲ မက်ဒရစ် နှင့် ဘာစီလိုနာ ၊

အီတလီ ရဲ့ ဂျူဗင်တပ် နှင့် မန်ချက်စတာ ယူနိုက်တက်တို့လည်း ပါဝင်နေပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ အစီအစဉ်သစ်က

သက်ဆိုင်ရာပြည်တွင်းလိဂ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်သတ်မှတ်ချက်

အပြင်ကနေ ဘောလုံးရာသီအဆုံးသတ်ခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားတဲ့ ၊

ဒါမှမဟုတ် ပြည်တွင်းဖလားတစ်ခုရရှိထားတဲ့ အသင်းတွေကို နောက်ထပ်

ချန်ပီယံလိဂ်ဝင်ခွင့် (၂ ) နေရာအတွက် coefficient သတ်မှတ်ချက်နဲ့

ဆုံးဖြတ်မယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်ကိုတော့ ယခုအပတ်အတွင်း

သြစတြီးယားနိုင်ငံ ၊ ဗီယင်နာနိုင်ငံမှာ ကျင်းပမယ့် ယူအီးအက်ဖ်အေရဲ့

အထွေထွေညီလာခံတွင်း ဆက်ပြီး ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

zawgyi

အမွတ္ေပးဇယားအဆင့္နဲ႔ မဆုံးျဖတ္ဘဲ အသင္းရဲ႕ သမိုင္းေၾကာင္းနဲ႔ ဆုံးျဖတ္လာႏိုင္တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္

ယူအီးအက္ဖ္ေအကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ၿပီးခဲ့တဲ့ရာသီမွာ

ရရွိခဲ့တဲ့ အမွတ္ေပးဇယားအဆင့္ သတ္မွတ္ခ်က္ထက္ အသင္းရဲ႕

သမိုင္းေၾကာင္းအစဥ္အလာေပၚ မူတည္ၿပီး သတ္မွတ္ေ႐ြးခ်ယ္သြားဖို႔

စီစဥ္ေနပါတယ္။ အဆိုပါ အစီအစဥ္ကို လြန္ခဲ့တဲ့ ( ၁ ) ႏွစ္ေက်ာ္က

ဟာသေႏွာကာ ေဝဖန္သုံးသပ္ခဲ့ၾကေပမယ့္ တစ္ဖက္မွာ ဥေရာပ စူပါလိဂ္

ပေရာဂ်က္ႀကီးကလည္း အရွိန္အဟုန္နဲ႔ အေကာင္အထည္ေဖာ္ႏိုင္ဖို႔

ႀကိဳးစားလ်က္ရွိတာေၾကာင့္ လက္ရွိမွာေတာ့ ဒီ အစီအစဥ္က စားပြဲေပၚ

ျပန္လည္ေရာက္ရွိလာပါၿပီ။ ပရီးမီးယားလိဂ္ကလပ္အသင္း ( ၁၀ ) သင္း

အဖြဲ႕ဝင္အျဖစ္ရွိေနတဲ့ European Club Association က ဥေရာပရဲ႕

အဆင့္အျမင့္ဆုံးၿပိဳင္ပြဲအတြက္ ဝင္ခြင့္ကို သက္ဆိုင္ရာလိဂ္ၿပိဳင္ပြဲမွာရရွိခဲ့တဲ့

အဆင့္ထက္ ယူအီးအက္ဖ္ေအ coefficient ေပၚ တစ္စိတ္တစ္ပိုင္း မူတည္ၿပီး

ဆုံးျဖတ္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ coefficient သတ္မွတ္ခ်က္ဆိုတာ

ကလပ္အသင္းေတြရဲ႕ ဖီဖာ အဆင့္သတ္မွတ္ခ်က္ ႏွင့္ လြန္ခဲ့တဲ့ ( ၅ ) ႏွစ္က

ရလာဒ္ေပၚ မူတည္ၿပီး ဥေရာပကလပ္အသင္းေတြၾကား အဆင့္သတ္မွတ္ခ်က္ျဖစ္ပါတယ္။

လက္ရွိ coefficient သတ္မွတ္ခ်က္ကိုေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းက

ဦးေဆာင္ထားၿပီး အဂၤလန္လိပ္ကလပ္ေတြျဖစ္တဲ့ မန္ခ်က္စတာ စီးတီး ၊

လီဗာပူးလ္ ႏွင့္ ခ်ဲလ္ဆီးတို႔က ဒုတိယ ၊တတိယ ႏွင့္ စတုတၳေနရာေတြမွာ

အသီးသီး ရပ္တည္လ်က္ရွိပါတယ္။ အဆင့္ ( ၁၀ ) အတြင္းမွာ

စပိန္အင္အားႀကီးအသင္းေတြျဖစ္တဲ့ ရီးရဲ မက္ဒရစ္ ႏွင့္ ဘာစီလိုနာ ၊

အီတလီ ရဲ႕ ဂ်ဴဗင္တပ္ ႏွင့္ မန္ခ်က္စတာ ယူႏိုက္တက္တို႔လည္း ပါဝင္ေနပါတယ္။

ဂါးဒီးယန္းသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါ အစီအစဥ္သစ္က

သက္ဆိုင္ရာျပည္တြင္းလိဂ္ေတြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္သတ္မွတ္ခ်က္

အျပင္ကေန ေဘာလုံးရာသီအဆုံးသတ္ခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ ဝင္ခြင့္ရရွိထားတဲ့ ၊

ဒါမွမဟုတ္ ျပည္တြင္းဖလားတစ္ခုရရွိထားတဲ့ အသင္းေတြကို ေနာက္ထပ္

ခ်န္ပီယံလိဂ္ဝင္ခြင့္ (၂ ) ေနရာအတြက္ coefficient သတ္မွတ္ခ်က္နဲ႔

ဆုံးျဖတ္မယ္လို႔ သိရပါတယ္။ အဆိုပါ အစီအစဥ္ကိုေတာ့ ယခုအပတ္အတြင္း

ၾသစႀတီးယားႏိုင္ငံ ၊ ဗီယင္နာႏိုင္ငံမွာ က်င္းပမယ့္ ယူအီးအက္ဖ္ေအရဲ႕

အေထြေထြညီလာခံတြင္း ဆက္ၿပီး ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*