အမှတ်တမဲ့မှ အမှတ်တရဖြစ်သွားကြတဲ့ နယ်သာလန်နောက်ခံလူနဲ့ စတုတ္ထဒိုင်

အချစ်က ဆန်းကြယ်ပါတယ်။ မထင်တဲ့နေရာမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ မြက်ခင်းစိမ်းတွေပေါ်မှာလည်း အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားကြတာတွေရှိပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ အခုနောက်ဆုံး ရေပန်းစားနေတာကတော့ ဂျက်ဖ်ဟာဒီဗက်တို့စုံတွဲပေါ့။ ဇာတ်လမ်းက ၂၀၂၁ သြဂုတ်လ ၁၃ ရက်နေ့မှာ စခဲ့ပါတယ်။

ဂျက်ဖ်ရဲ့အက်ဖ်စီအမ်းမန်းနဲ့ အိုင်ဟိုဗင်တို့ကစားကြတဲ့ နယ်သာလန်ဒုတိယတန်းပွဲစဉ်မှာပါ။ နာကျင်အချိန်ပိုအရောက်မှာ ဂျက်ဖ် အနီကတ်နဲ့ထုတ်ပယ်ခံရပါတယ်။

အသက် ၂၆ နှစ်အရွယ်နောက်ခံလူဟာ သူအထုတ်ခံရတာနဲ့ပတ်သက်ပြီး စတုတ္ထဒိုင်ရှက်ရူလာကို စောဒကတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အမျိုးသမီးစည်းကြပ်ဒိုင်လေးရဲ့ပြုစားမှုကိုပါ ခံခဲ့ရတာပါပဲ။

ရှက်ရူလာရဲ့အချစ်မြားဟာ ဂျက်ဖ်နှလုံးသားကို တည့်တည့်မှန်သွားခဲ့ပါတယ်။ ပထမဆုံး ဆုံစည်းမှုမှာပဲ ရှက်ရူလာဟာ ဂျက်ဖ်ရင်ထဲ အတားအဆီးမဲ့ ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။

ရုပ်ရှင်ထဲမှာတော့ နောက်ထပ် ၄ လကြာသော်ပေါ့။ သူတို့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ရောမမှာ ပျားရည်ဆမ်းနေကြတဲ့ သူတို့ပုံရိပ်တွေကို ဆိုရှယ်မီဒီယာထက်မှာတင်ပြီး

ပရိသတ်တွေကို အသိပေးခဲ့တာပါ။ အခုတော့ စေ့စပ်တဲ့အထိ ခရီးပေါက်ခဲ့ပါပြီ။ “ သူမက Yes လို့ ပြောတယ် ” ဆိုတဲ့ ပို့စ်ကို အင်စတာဂရမ်မှာတင်ခဲ့တဲ့ ဂျက်ဖ်ရဲ့အပျော်တွေဟာ ပရိသတ်တွေကိုလည်း ကူးစက်သွားခဲ့ရတာပါ။

(zawgyi)

အခ်စ္က ဆန္းၾကယ္ပါတယ္။ မထင္တဲ့ေနရာမွာ မဖိတ္ေခၚဘဲ ေရာက္လာတတ္တာမ်ိဳးပါ။ ျမက္ခင္းစိမ္းေတြေပၚမွာလည္း အမွတ္တမဲ့ကေန အမွတ္တရျဖစ္သြားၾကတာေတြရွိပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာ အခုေနာက္ဆုံး ေရပန္းစားေနတာကေတာ့ ဂ်က္ဖ္ဟာဒီဗက္တို႔စုံတြဲေပါ့။ ဇာတ္လမ္းက ၂၀၂၁ ၾသဂုတ္လ ၁၃ ရက္ေန႔မွာ စခဲ့ပါတယ္။ ဂ်က္ဖ္ရဲ႕အက္ဖ္စီအမ္းမန္းနဲ႔ အိုင္ဟိုဗင္တို႔ကစားၾကတဲ့

နယ္သာလန္ဒုတိယတန္းပြဲစဥ္မွာပါ။ နာက်င္အခ်ိန္ပိုအေရာက္မွာ ဂ်က္ဖ္ အနီကတ္နဲ႔ထုတ္ပယ္ခံရပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ သူအထုတ္ခံရတာနဲ႔ပတ္သက္ၿပီး စတုတၳဒိုင္ရွက္႐ူလာကို

ေစာဒကတက္ခဲ့ပါတယ္။ ျဖစ္ခ်င္ေတာ့ အမ်ိဳးသမီးစည္းၾကပ္ဒိုင္ေလးရဲ႕ျပဳစားမႈကိုပါ ခံခဲ့ရတာပါပဲ။ ရွက္႐ူလာရဲ႕အခ်စ္ျမားဟာ ဂ်က္ဖ္ႏွလုံးသားကို တည့္တည့္မွန္သြားခဲ့ပါတယ္။

ပထမဆုံး ဆုံစည္းမႈမွာပဲ ရွက္႐ူလာဟာ ဂ်က္ဖ္ရင္ထဲ အတားအဆီးမဲ့ ဝင္ေရာက္သြားႏိုင္ခဲ့ပါတယ္။ ႐ုပ္ရွင္ထဲမွာေတာ့ ေနာက္ထပ္ ၄ လၾကာေသာ္ေပါ့။ သူတို႔ ခ်စ္သူေတြျဖစ္သြားခဲ့ၾကပါတယ္။

ေရာမမွာ ပ်ားရည္ဆမ္းေနၾကတဲ့ သူတို႔ပုံရိပ္ေတြကို ဆိုရွယ္မီဒီယာထက္မွာတင္ၿပီး ပရိသတ္ေတြကို အသိေပးခဲ့တာပါ။ အခုေတာ့ ေစ့စပ္တဲ့အထိ ခရီးေပါက္ခဲ့ပါၿပီ။

“ သူမက Yes လို႔ ေျပာတယ္ ” ဆိုတဲ့ ပို႔စ္ကို အင္စတာဂရမ္မွာတင္ခဲ့တဲ့ ဂ်က္ဖ္ရဲ႕အေပ်ာ္ေတြဟာ ပရိသတ္ေတြကိုလည္း ကူးစက္သြားခဲ့ရတာပါ။