အမျိုးအရင်းကြီးက သစ္စာဖောက်တာခံလိုက်ရတဲ့အကြောင်း ပေါ့ဘာဘက်ကလည်း ပေါက်ကွဲလာ

အကိုဖြစ်သူ မားသီးယက်စ်ပေါ့ဘာနဲ့ပတ်သက်တဲ့ ဂိုဏ်းစတားတစ်ခုဆီကနေ ယူရို ၁၃ သန်း ခြိမ်းခြောက်ငွေညှစ်မှု ခံထားရကြောင်း ပေါလ်ပေါ့ဘာက ဖွင့်ချလိုက်ပါတယ်။ ဒါဟာ တွစ်တာမှာ ၃ မိနစ်စာ ဗွီဒီယိုတစ်ခုတင်ပြီး

ပေါ့ဘာနဲ့အမ်ဘာပီတို့ရဲ့ ပွဲဆူစေမယ့်အကြောင်းတွေကို ဖွင့်ချပြမယ်လို့ မားသီးယက်စ်က ပြောဆိုခဲ့ရာက စခဲ့တာပါ။ ဝါရီဇမ်၊ ခရူဝီနဲ့ ခရော်လေးတောင်းအသင်းတွေမှာကစားပြီး အင်္ဂလိပ်ဘောလုံးလောကမှာ

ကျင်လည်ခဲ့ဖူးတဲ့ အသက် ၃၂ နှစ်အရွယ် မားသီးယက်စ်က ပေါ့ဘာနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်မှာဖြစ်ပြီး ဒါဟာ ဂျူဗင်တပ်ကွင်းလယ်လူကို လူတိုင်းနှာခေါင်းရှုံ့စေမယ့်အရာတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗွီဒီယိုအဆုံးသတ်ကာနီးမှာ အမ်ဘာပီနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေဖေါ်ထုတ်ဖို့ သူ့မှာသက်သေရှိတယ်လို့လည်း ခြိမ်းခြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပေါ့ဘာရဲ့ရှေ့နေလည်းဖြစ် မိခင်လည်းဖြစ်သူ

မိုရီဘာနဲ့ အေးဂျင့်ပီမန်တာတို့ကတော့ မားသီးယက်စ်ရဲ့ခြိမ်းခြောက်မှုဟာ အံ့သြစရာမဟုတ်ကြောင်း၊ ပေါ့ဘာဟာ ငွေညှစ်ခြိမ်းခြောက်မှုတွေကို အရင်ကတည်းက ခံနေရတာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြင်သစ်ကွင်းလယ်လူကိုယ်တိုင် အကိုဖြစ်သူမားသီးယက်စ်နဲ့ ပတ်သက်နေတဲ့ လူဆိုးဂိုဏ်းတစ်ခုက ယူရို ၁၃ သန်းငွေညှစ်တဲ့မေးလ်တွေ ပေးပို့ခြိမ်းခြောက်တာခံခဲ့ရတယ်လို့

စုံစမ်းစစ်ဆေးရေးမှူးတွေကို ဖွင့်ဟလိုက်တာပါ။ ဒါ့အပြင် ကလေးဘဝကတည်းက မားသီးယက်စ်နဲ့ သူငယ်ချင်းတွေရဲ့ ခြိမ်းခြောက်မှုခံခဲ့ရတာလို့လည်း ပေါ့ဘာက ထုတ်ပြောသွားခဲ့ပါတယ်။

(zawgyi)

အကိုျဖစ္သူ မားသီးယက္စ္ေပါ့ဘာနဲ႔ပတ္သက္တဲ့ ဂိုဏ္းစတားတစ္ခုဆီကေန ယူ႐ို ၁၃ သန္း ၿခိမ္းေျခာက္ေငြညႇစ္မႈ ခံထားရေၾကာင္း ေပါလ္ေပါ့ဘာက ဖြင့္ခ်လိုက္ပါတယ္။ ဒါဟာ တြစ္တာမွာ ၃ မိနစ္စ

ာ ဗြီဒီယိုတစ္ခုတင္ၿပီး ေပါ့ဘာနဲ႔အမ္ဘာပီတို႔ရဲ႕ ပြဲဆူေစမယ့္အေၾကာင္းေတြကို ဖြင့္ခ်ျပမယ္လို႔ မားသီးယက္စ္က ေျပာဆိုခဲ့ရာက စခဲ့တာပါ။ ဝါရီဇမ္၊ ခ႐ူဝီနဲ႔ ခေရာ္ေလးေတာင္းအသင္းေတြမွာကစားၿပီး

အဂၤလိပ္ေဘာလုံးေလာကမွာ က်င္လည္ခဲ့ဖူးတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ မားသီးယက္စ္က ေပါ့ဘာနဲ႔ပတ္သက္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို ထုတ္ေဖာ္မွာျဖစ္ၿပီး ဒါဟာ ဂ်ဴဗင္တပ္ကြင္းလယ္လူကို လူတိုင္းႏွာေခါင္းရႈံ႕ေစမယ့္

အရာေတြျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဗြီဒီယိုအဆုံးသတ္ကာနီးမွာ အမ္ဘာပီနဲ႔ပတ္သက္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြေဖၚထုတ္ဖို႔ သူ႔မွာသက္ေသရွိတယ္လို႔လည္း ၿခိမ္းေျခာက္သြားခဲ့ပါတယ္။

ဒါေပမဲ့ ေပါ့ဘာရဲ႕ေရွ႕ေနလည္းျဖစ္ မိခင္လည္းျဖစ္သူ မိုရီဘာနဲ႔ ေအးဂ်င့္ပီမန္တာတို႔ကေတာ့ မားသီးယက္စ္ရဲ႕ၿခိမ္းေျခာက္မႈဟာ အံ့ၾသစရာမဟုတ္ေၾကာင္း၊ ေပါ့ဘာဟာ

ေငြညႇစ္ၿခိမ္းေျခာက္မႈေတြကို အရင္ကတည္းက ခံေနရတာျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ျပင္သစ္ကြင္းလယ္လူကိုယ္တိုင္ အကိုျဖစ္သူမားသီးယက္စ္နဲ႔ ပတ္သက္ေနတဲ့ လူဆိုးဂိုဏ္းတစ္ခုက

ယူ႐ို ၁၃ သန္းေငြညႇစ္တဲ့ေမးလ္ေတြ ေပးပို႔ၿခိမ္းေျခာက္တာခံခဲ့ရတယ္လို႔ စုံစမ္းစစ္ေဆးေရးမႉးေတြကို ဖြင့္ဟလိုက္တာပါ။ ဒါ့အျပင္ ကေလးဘဝကတည္းက မားသီးယက္စ္နဲ႔ သူငယ္ခ်င္းေတြရဲ႕ ၿခိမ္းေျခာက္မႈခံခဲ့ရတာလို႔လည္း ေပါ့ဘာက ထုတ္ေျပာသြားခဲ့ပါတယ္။