





ပြီးခဲ့တဲ့တနင်္ဂနွေက ကစားခဲ့တဲ့ပွဲတစ်ပွဲမှာ အမျိုးသမီးစည်းကြပ်ဒိုင်ကို ခေါင်းနဲ့
တိုက်ခဲ့ပြီးနောက် ဘရာဇီးနည်းပြတစ်ယောက်ဟာ အသင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။





ဒီမနှစ်မြို့စရာအဖြစ်အပျက်က ဘရာဇီးဘောလုံးရဲ့ပဉ္စမတန်းက ပွဲစဉ်တစ်ပွဲဖြစ်တဲ့
ဖာရိုဗီယာရီယာနဲ့ ဗီနီစီယာတို့ရဲ့ပွဲမှာ ဖြစ်သွားခဲ့တာပါ။ သူ့အသင်းရဲ့ထောင့်ကန်ဘောကို
မကန်ခင်မှာပဲ ပထမပိုင်းအတွက် ပွဲသိမ်းခရာကို မှုတ်လိုက်လို့ဆိုပြီး ဖာရိုဗီယာရီယာနည်းပြ





ဆိုရီယာနိုဟာ ကွင်းထဲကို ဝင်ရောက်လာကာ ကန့်ကွက်ခဲ့ပါတယ်။
အဲဒီအတွက် ကွင်းလယ်ဒိုင်က သူ့ကို အဝါကတ်ပြသတိပေးလိုက်တာပါ။





အဲဒီအချိန်မှာ အမျိုးသမီးစည်းကြပ်ဒိုင်ဖြစ်တဲ့ နီတိုက အခြေအနေပိုမဆိုးသွားအောင်
ကြားဝင်ပေးခဲ့ပါတယ်။ အဲဒါကို နည်းပြဆိုရီယာနိုက ဒေါသတကြီးနဲ့ တုံ့ပြန်ပြီး
အမျိုးသမီးစည်းကြပ်ဒိုင်နီတိုရဲ့မျက်နှာကို သူ့ခေါင်းနဲ့ ဆောင့်တိုက်လိုက်တာပါ။





အဲဒီလိုဖြစ်သွားတာကို နှစ်ဖက်ကစားသမားတွေက မယုံကြည်နိုင်ဖြစ်သွားပါတယ်။
ချက်ချင်းပဲ သူ့ကို နီတိုဆီကနေ ဆွဲလိုက်ပြီး ကွင်းလယ်ဒိုင်ကလည်း အနီကတ်ပြ





ထုတ်ပယ်လိုက်တာပါ။ ဆိုရီယာနိုက ကွင်းထဲက စထွက်သွားပေမယ့် နီတိုကို
နောက်တစ်ကြိမ်ရန်လုပ်ဖို့ ပြန်လည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကွင်းလုံခြုံရေးအတွက်
ရောက်နေတဲ့ ရဲတွေက သူ့ကို တားဆီးနိုင်ခဲ့တာပါ။ အဲဒီပွဲအပြီးမှာပဲ ဖာရိုဗီယာရီယာအသင်းက





သူတို့နည်းပြဆိုရီယာနိုကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
zawgyi





အမ်ိဳးသမီးစည္းၾကပ္ဒိုင္ကို ေခါင္းနဲ႔တိုက္ခဲ့လို႔ ပြဲစဥ္ကေရာ၊ အသင္းကပါ ဘရာဇီးနည္းျပ ထာဝရႏႈတ္ဆက္ထြက္ခာခဲ့ရၿပီ
ၿပီးခဲ့တဲ့တနဂၤေႏြက ကစားခဲ့တဲ့ပြဲတစ္ပြဲမွာ အမ်ိဳးသမီးစည္းၾကပ္ဒိုင္ကို ေခါင္းနဲ႔
တိုက္ခဲ့ၿပီးေနာက္ ဘရာဇီးနည္းျပတစ္ေယာက္ဟာ အသင္းကေန ထုတ္ပယ္ခံလိုက္ရပါတယ္။





ဒီမႏွစ္ၿမိဳ႕စရာအျဖစ္အပ်က္က ဘရာဇီးေဘာလုံးရဲ႕ပၪၥမတန္းက ပြဲစဥ္တစ္ပြဲျဖစ္တဲ့
ဖာ႐ိုဗီယာရီယာနဲ႔ ဗီနီစီယာတို႔ရဲ႕ပြဲမွာ ျဖစ္သြားခဲ့တာပါ။ သူ႔အသင္းရဲ႕ေထာင့္ကန္ေဘာကို





မကန္ခင္မွာပဲ ပထမပိုင္းအတြက္ ပြဲသိမ္းခရာကို မႈတ္လိုက္လို႔ဆိုၿပီး ဖာ႐ိုဗီယာရီယာနည္းျပ
ဆိုရီယာႏိုဟာ ကြင္းထဲကို ဝင္ေရာက္လာကာ ကန႔္ကြက္ခဲ့ပါတယ္။
အဲဒီအတြက္ ကြင္းလယ္ဒိုင္က သူ႔ကို အဝါကတ္ျပသတိေပးလိုက္တာပါ။





အဲဒီအခ်ိန္မွာ အမ်ိဳးသမီးစည္းၾကပ္ဒိုင္ျဖစ္တဲ့ နီတိုက အေျခအေနပိုမဆိုးသြားေအာင္
ၾကားဝင္ေပးခဲ့ပါတယ္။ အဲဒါကို နည္းျပဆိုရီယာႏိုက ေဒါသတႀကီးနဲ႔ တုံ႔ျပန္ၿပီး





အမ်ိဳးသမီးစည္းၾကပ္ဒိုင္နီတိုရဲ႕မ်က္ႏွာကို သူ႔ေခါင္းနဲ႔ ေဆာင့္တိုက္လိုက္တာပါ။
အဲဒီလိုျဖစ္သြားတာကို ႏွစ္ဖက္ကစားသမားေတြက မယုံၾကည္ႏိုင္ျဖစ္သြားပါတယ္။
ခ်က္ခ်င္းပဲ သူ႔ကို နီတိုဆီကေန ဆြဲလိုက္ၿပီး ကြင္းလယ္ဒိုင္ကလည္း အနီကတ္ျပ





ထုတ္ပယ္လိုက္တာပါ။ ဆိုရီယာႏိုက ကြင္းထဲက စထြက္သြားေပမယ့္ နီတိုကို
ေနာက္တစ္ႀကိမ္ရန္လုပ္ဖို႔ ျပန္လည့္ခဲ့ပါေသးတယ္။ ဒါေပမဲ့ ကြင္းလုံၿခဳံေရးအတြက္





ေရာက္ေနတဲ့ ရဲေတြက သူ႔ကို တားဆီးႏိုင္ခဲ့တာပါ။ အဲဒီပြဲအၿပီးမွာပဲ ဖာ႐ိုဗီယာရီယာအသင္းက
သူတို႔နည္းျပဆိုရီယာႏိုကို ရာထူးက ထုတ္ပယ္လိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။
Leave a Reply