





ဗီလာရီးယဲလ်အသင်းနည်းပြအူနိုင်းအမ်မရီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ
ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်ကိုကျော်ဖြတ်ပြီးတော့ ဆယ်စုနှစ်တစ်ခုကျော်ကြာ





ဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ စိတ်ပျက်စရာရလဒ်ဆိုးတွေကြောင့် တစ်ရာသီကျော်သာ
ကိုင်တွယ်ခဲ့ရပြီး ၂၀၁၉၊ နိုဝင်ဘာလမှာ ရာထူးကအထုတ်ခံခဲ့ရတဲ့ အူနိုင်းအမ်မရီဟာ





ဗီလာရီးယဲလ်အသင်းမှာတော့ သမိုင်းဝင်အောင်မြင်မှုတွေရယူပေးနေတာကြောင့်
အာဆင်နယ်ပရိသတ်တွေအတွက်တော့ ရင်နာစရာလို့ပြောရမှာပါပဲ။





၂၀၂၀၊ ဇူလိုင်လကမှ ဗီလာရီးယဲလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အူနိုင်းအမ်မရီဟာ
ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်
ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင်စွမ်းဆောင်ခဲ့သလို ၂၀၀၄ ခုနှစ်နောက်ပိုင်း





ပထမဆုံးဥရောပအောင်မြင်မှုအဖြစ် ချန်ပီယံဆုဖလားရယူပေးနိုင်ခဲ့ပါတယ်။
ဒီဆုဖလားက ဗီလာရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ဥရောပအဓိကပြိုင်ပွဲကြီးတွေမှာ





ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ဖလားဖြစ်ပြီး အမ်မရီဟာလည်း နည်းပြဘဝမှာ
ယူရိုပါလိဂ်ချန်ပီယံဆုကို စံချိန်တင်အဖြစ်(၄)ကြိမ်အထိရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက နယူးကာဆယ်အသင်းဟာ အမ်မရီကို နည်းပြသစ်





ခန့်အပ်နိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် သူက ငြင်းဆန်ခဲ့သလို ဗီလာရီးယဲလ်အသင်းအတွက်သာ
ရာနှုန်းပြည့်အာရုံစိုက်ထားတယ်လို့ဆိုခဲ့ပြီး ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။





ဗီလာရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက စီးရီးအေထိပ်သီး
ဂျူဗင်တပ်စ်အသင်းကို အဝေးကွင်းမှာ(၃-ဝ)ဂိုးပြတ်အနိုင်ယူခဲ့ပြီး
နောက်တစ်ဆင့်တက်ခဲ့သလို အခုကွာတားဖိုင်နယ်အဆင့်မှာလည်း ချန်ပီယံလိဂ်





(၆)ကြိမ်အထိရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို ထပ်ပြီးတော့ဖြုတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။
ဗီလာရီးယဲလ်အသင်းဟာ ၂၀၀၅-၀၆ ရာသီနောက်ပိုင်း ပထမဆုံးအဖြစ် ချန်ပီယံလိဂ်





ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာဖြစ်သလို အူနိုင်းအမ်မရီရဲ့နည်းပြဘဝမှာလည်း
အသင်းတစ်သင်းနဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တာပါ။
ဒါ့အပြင် ဗီလာရီးယဲလ်အသင်းဟာ အူနိုင်းအမ်မရီလက်ထက် ချန်ပီယံလိဂ်နဲ့





ယူရိုပါလိဂ်ရှုံးထွက်အဆင့်တွေမှာ နောက်ဆုံး(၁၃)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ (၉)ပွဲနိုင်၊
(၄)ပွဲသရေကျခဲ့ပါတယ်။ ဗီလာရီးယဲလ်အသင်းနဲ့အတူ မထင်မှတ်တဲ့အောင်မြင်မှုတွေ





ရယူပေးနေတဲ့ အူနိုင်းအမ်မရီ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ
ဘယ်လိုမျိုးမထင်မှတ်တာတွေလုပ်ပြဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ . . .
zawgyi





အမ္မရီရဲ႕ မထင္မွတ္ထားတဲ့ ေအာင္ျမင္မႈေတြက အာဆင္နယ္ပရိသတ္ေတြကို ရင္နာစရာျဖစ္ေစၿပီလား?
ဗီလာရီးယဲလ္အသင္းနည္းျပအူႏိုင္းအမ္မရီဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ





ဂ်ာမန္ထိပ္သီးဘိုင္ယန္ျမဴးနစ္ကိုေက်ာ္ျဖတ္ၿပီးေတာ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ
ေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အာဆင္နယ္အသင္းမွာ စိတ္ပ်က္စရာရလဒ္ဆိုးေတြေၾကာင့္ တစ္ရာသီေက်ာ္သာ





ကိုင္တြယ္ခဲ့ရၿပီး ၂၀၁၉၊ ႏိုဝင္ဘာလမွာ ရာထူးကအထုတ္ခံခဲ့ရတဲ့ အူႏိုင္းအမ္မရီဟာ
ဗီလာရီးယဲလ္အသင္းမွာေတာ့ သမိုင္းဝင္ေအာင္ျမင္မႈေတြရယူေပးေနတာေၾကာင့္





အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ ရင္နာစရာလို႔ေျပာရမွာပါပဲ။
၂၀၂၀၊ ဇူလိုင္လကမွ ဗီလာရီးယဲလ္အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ အူႏိုင္းအမ္မရီဟာ
ၿပီးခဲ့တဲ့ရာသီက အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္





ယူ႐ိုပါလိဂ္ဗိုလ္လုပြဲေရာက္ရွိေအာင္စြမ္းေဆာင္ခဲ့သလို ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း
ပထမဆုံးဥေရာပေအာင္ျမင္မႈအျဖစ္ ခ်န္ပီယံဆုဖလားရယူေပးႏိုင္ခဲ့ပါတယ္။





ဒီဆုဖလားက ဗီလာရီးယဲလ္အသင္းသမိုင္းတစ္ေလွ်ာက္ ဥေရာပအဓိကၿပိဳင္ပြဲႀကီးေတြမွာ
ပထမဆုံးအႀကိမ္ရယူႏိုင္ခဲ့တဲ့ဖလားျဖစ္ၿပီး အမ္မရီဟာလည္း နည္းျပဘဝမွာ
ယူ႐ိုပါလိဂ္ခ်န္ပီယံဆုကို စံခ်ိန္တင္အျဖစ္(၄)ႀကိမ္အထိရရွိခဲ့တာျဖစ္ပါတယ္။





ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလတုန္းက နယူးကာဆယ္အသင္းဟာ အမ္မရီကို နည္းျပသစ္
ခန႔္အပ္ႏိုင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ သူက ျငင္းဆန္ခဲ့သလို ဗီလာရီးယဲလ္အသင္းအတြက္သာ





ရာႏႈန္းျပည့္အာ႐ုံစိုက္ထားတယ္လို႔ဆိုခဲ့ၿပီး ဒါဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္။
ဗီလာရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက စီးရီးေအထိပ္သီး
ဂ်ဴဗင္တပ္စ္အသင္းကို အေဝးကြင္းမွာ(၃-ဝ)ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး





ေနာက္တစ္ဆင့္တက္ခဲ့သလို အခုကြာတားဖိုင္နယ္အဆင့္မွာလည္း ခ်န္ပီယံလိဂ္
(၆)ႀကိမ္အထိရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကို ထပ္ၿပီးေတာ့ျဖဳတ္ခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။





ဗီလာရီးယဲလ္အသင္းဟာ ၂၀၀၅-၀၆ ရာသီေနာက္ပိုင္း ပထမဆုံးအျဖစ္ ခ်န္ပီယံလိဂ္
ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တာျဖစ္သလို အူႏိုင္းအမ္မရီရဲ႕နည္းျပဘဝမွာလည္း
အသင္းတစ္သင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို ပထမဆုံးအႀကိမ္ေရာက္ရွိခဲ့တာပါ။





ဒါ့အျပင္ ဗီလာရီးယဲလ္အသင္းဟာ အူႏိုင္းအမ္မရီလက္ထက္ ခ်န္ပီယံလိဂ္နဲ႔
ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ေတြမွာ ေနာက္ဆုံး(၁၃)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ (၉)ပြဲႏိုင္၊





(၄)ပြဲသေရက်ခဲ့ပါတယ္။ ဗီလာရီးယဲလ္အသင္းနဲ႔အတူ မထင္မွတ္တဲ့ေအာင္ျမင္မႈေတြ
ရယူေပးေနတဲ့ အူႏိုင္းအမ္မရီ ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ
ဘယ္လိုမ်ိဳးမထင္မွတ္တာေတြလုပ္ျပဦးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ . . .





Leave a Reply