အမ်ဘာပီ ဘယ်လောက်ပဲ ဂျိုကြွနေနေ ပီအက်စ်ဂျီမှာ GOAT တစ်ပါးပဲ ရှိတယ်

ဘောလုံးပရိသတ်မှန်ရင် GOAT ဆိုတဲ့ အသုံးအနှုန်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ရှိမယ်လို့ ထင်ပါတယ်။ ရင်းနှီးကျွမ်းဝင်မှု မရှိဘူးဆိုရင်တောင်မှ ကြားဖူးနား၀တော့ ရှိနိုင်တာမျိုးပါ။ GOAT ဆိုတာက Greatest of All Time (ထာဝရ အကြီးမြတ်ဆုံး) လို့

အဓိပ္ပာယ်ရပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ရည်ညွန်းသုံးနှုန်းတဲ့ ဝေါဟာရတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးပရိသတ် အများစုကတော့ ဒီအသုံးအနှုန်းကို မက်ဆီနဲ့တွဲဖက်ပြီး သိကြတာများပါတယ်။

ဒီအချက်ကို ပိုပြီးသိသာထင်ရှားစေအောင် လုပ်ပေးလိုက်တာကတော့ GOAT အမှတ်တံဆိပ် ရှူးဖိနပ် ကုမ္ပဏီပါ။ GOAT ဖိနပ်ကုမ္ပဏီဟာ ပီအက်စ်ဂျီအသင်းရဲ့ လက်မောင်းအကျနေရာမှာ တံဆိပ်ရေးထိုးခွင့်အတွက် စပွန်ဆာအသစ် ပေးထားတဲ့

ကုမ္ပဏီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ သူတို့ဟာ ပဲရစ်ကလပ်ရဲ့ တရားဝင် စပွန်ဆာဖြစ်လာခဲ့ပြီး ဇူလိုင်လမှာတော့ အသင်းရဲ့ အဓိက စပွန်ဆာတစ်ခုဖြစ်လာခဲ့တာပါ။ ဒါကြောင့် အဲဒီ GOAT ဆိုတဲ့ အမှတ်တံဆိပ်ကို ပီအက်စ်ဂျီအသင်း ဂျာစီ၊ လေ့ကျင့်ရေး ဝတ်စုံနဲ့

တခြား ပွဲစဉ်တွေအတွက် ဝတ်ဆင်ကစားရမယ့် ဂျာစီတွေမှာ တရားဝင် ရေးထိုးခွင့်ရခဲ့ပါတယ်။ စာချုပ်တန်ဖိုးကလည်း ၃ နှစ်စာအတွက် ယူရို သန်း ၅၀ တန်ဖိုးရှိတယ်လို့ ပြင်သစ်သတင်းစာ L Equipe ရဲ့ အဆိုအရ သိရပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်နဲ့ ပွဲစဉ်မတိုင်ခင် ပီအက်စ်ဂျီအသင်း သွေးပူလေ့ကျင့်ခန်းဆင်းတဲ့ ဝတ်စုံမှာတော့ GOAT ဆိုတဲ့ အမှတ်တံဆိပ်ဟာ မက်ဆီ တစ်ယောက်တည်းရဲ့ ဂျာစီပေါ်မှာပဲ ရေးထိုးထားခဲ့တာကို တွေ့ရပါတယ်။ တခြားကစားသမားတွေဖြစ်တဲ့

အမ်ဘာပီ၊ နေမာ အပါအဝင် အကုန်လုံးမှာ အဲဒီအမှတ်တံဆိပ်ကို မတွေ့ခဲ့ရပါဘူး။ ပွဲစဉ်အမှန်တကယ် ယှဉ်ပြိုင် ကစားတဲ့အခါ GOAT တံဆိပ်ကိုတော့ အသင်းသားအားလုံးရဲ့ အိမ်ကွင်းဂျာစီမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် မက်ဆီဟာ GOAT နဲ့ပတ်သက်ပြီး သွေးပူလေ့ကျင့်ခန်းဆင်းတဲ့

ဝတ်စုံအတွက် အထူးစပွန်ဆာ ယူထားတာ မျိုးလားတောင် ထင်ခဲ့ရပါတယ်။ စီးရီးအေဘီလူးကြီးကို ၂-၁ နဲ့ နိုင်တဲ့ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းပြီး အမ်ဘာပီတစ်ယောက် ဂျိုကြွလို့ ပိုကောင်း နေပေမယ့် ပီအက်စ်ဂျီမှာတော့ GOAT ဆိုတာ မက်ဆီမူပိုင်ဖြစ်သွားပြီလို့ ဆိုရလေမလားပါပဲ။

(zawgyi)

ေဘာလုံးပရိသတ္မွန္ရင္ GOAT ဆိုတဲ့ အသုံးအႏႈန္းနဲ႔ ရင္းႏွီးကြၽမ္းဝင္ၿပီးသား ရွိမယ္လို႔ ထင္ပါတယ္။ ရင္းႏွီးကြၽမ္းဝင္မႈ မရွိဘူးဆိုရင္ေတာင္မွ ၾကားဖူးနား၀ေတာ့ ရွိႏိုင္တာမ်ိဳးပါ။ GOAT ဆိုတာက Greatest of All Time (ထာဝရ အႀကီးျမတ္ဆုံး) လို႔

အဓိပၸာယ္ရၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ကို ရည္ၫြန္းသုံးႏႈန္းတဲ့ ေဝါဟာရတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေဘာလုံးပရိသတ္ အမ်ားစုကေတာ့ ဒီအသုံးအႏႈန္းကို မက္ဆီနဲ႔တြဲဖက္ၿပီး သိၾကတာမ်ားပါတယ္။ ဒီအခ်က္ကို ပိုၿပီးသိသာထင္ရွားေစေအာင္

လုပ္ေပးလိုက္တာကေတာ့ GOAT အမွတ္တံဆိပ္ ရႉးဖိနပ္ ကုမၸဏီပါ။ GOAT ဖိနပ္ကုမၸဏီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ လက္ေမာင္းအက်ေနရာမွာ တံဆိပ္ေရးထိုးခြင့္အတြက္ စပြန္ဆာအသစ္ ေပးထားတဲ့ ကုမၸဏီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလမွာ သူတို႔ဟာ ပဲရစ္ကလပ္ရဲ႕

တရားဝင္ စပြန္ဆာျဖစ္လာခဲ့ၿပီး ဇူလိုင္လမွာေတာ့ အသင္းရဲ႕ အဓိက စပြန္ဆာတစ္ခုျဖစ္လာခဲ့တာပါ။ ဒါေၾကာင့္ အဲဒီ GOAT ဆိုတဲ့ အမွတ္တံဆိပ္ကို ပီအက္စ္ဂ်ီအသင္း ဂ်ာစီ၊ ေလ့က်င့္ေရး ဝတ္စုံနဲ႔ တျခား ပြဲစဥ္ေတြအတြက္ ဝတ္ဆင္ကစားရမယ့္ ဂ်ာစီေတြမွာ တရားဝင္ ေရးထိုးခြင့္ရခဲ့ပါတယ္။

စာခ်ဳပ္တန္ဖိုးကလည္း ၃ ႏွစ္စာအတြက္ ယူ႐ို သန္း ၅၀ တန္ဖိုးရွိတယ္လို႔ ျပင္သစ္သတင္းစာ L Equipe ရဲ႕ အဆိုအရ သိရပါတယ္။ ဒါေပမဲ့ ဂ်ဴဗင္တပ္နဲ႔ ပြဲစဥ္မတိုင္ခင္ ပီအက္စ္ဂ်ီအသင္း ေသြးပူေလ့က်င့္ခန္းဆင္းတဲ့ ဝတ္စုံမွာေတာ့ GOAT ဆိုတဲ့ အမွတ္တံဆိပ္ဟာ မက္ဆီ တစ္ေယာက္တည္းရဲ႕ ဂ်ာစီေပၚမွာပဲ

ေရးထိုးထားခဲ့တာကို ေတြ႕ရပါတယ္။ တျခားကစားသမားေတြျဖစ္တဲ့ အမ္ဘာပီ၊ ေနမာ အပါအဝင္ အကုန္လုံးမွာ အဲဒီအမွတ္တံဆိပ္ကို မေတြ႕ခဲ့ရပါဘူး။ ပြဲစဥ္အမွန္တကယ္ ယွဥ္ၿပိဳင္ ကစားတဲ့အခါ GOAT တံဆိပ္ကိုေတာ့ အသင္းသားအားလုံးရဲ႕ အိမ္ကြင္းဂ်ာစီမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ မက္ဆီဟာ GOAT နဲ႔ပတ္သက္ၿပီး ေသြးပူေလ့က်င့္ခန္းဆင္းတဲ့ ဝတ္စုံအတြက္ အထူးစပြန္ဆာ ယူထားတာ မ်ိဳးလားေတာင္ ထင္ခဲ့ရပါတယ္။ စီးရီးေအဘီလူးႀကီးကို ၂-၁ နဲ႔ ႏိုင္တဲ့ပြဲစဥ္မွာ အသင္းအတြက္ ႏွစ္ဂိုးသြင္းၿပီး အမ္ဘာပီတစ္ေယာက္ ဂ်ိဳႂကြလို႔ ပိုေကာင္း ေနေပမယ့္ ပီအက္စ္ဂ်ီမွာေတာ့ GOAT ဆိုတာ မက္ဆီမူပိုင္ျဖစ္သြားၿပီလို႔ ဆိုရေလမလားပါပဲ။