အမ်ဘာပီနဲ့ နည်းပြဂယ်တီယာတို့ရဲ့အရှိုက်ကို ထိချက်ပြင်းပြင်းနဲ့ ထိုးနှက်လိုက်တဲ့ ဇာဗီးရဲ့ စကားတစ်ခွန်း

ရာသီဥတုပြောင်းလဲမှုဆိုးကျိုးတွေကို တိုက်ဖျက်ဖို့အတွက် အကူအညီဖြစ်ဖို့ ရထားကိုမသုံးဘဲ ဘာကြောင့် လေယာဉ်ပျံကိုသုံးခဲ့တာလဲဆိုတဲ့ သတင်း ထောက်တစ်ဦးရဲ့ မေးခွန်းအပေါ် တိုက်စစ်မှူး အမ်ဘာပီနဲ့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာတို့

ခွက်ထိုးခွက်လန် ရယ်ကြတဲ့အကြောင်း ပရိသတ်တွေ သိပြီး သားဖြစ်မှာပါ။ နန်တက်စ်အိမ်ကွင်းကို သွားကစားဖို့အတွက် ရထားနဲ့သွားရင် ၂ နာရီလောက်ပဲကြာမယ့်ခရီးစဉ်ကို လေယာဉ်ပျံသုံးပြီး သွားခဲ့တဲ့အပေါ် သတင်းထောက်တစ်ယောက်က

အထက်ပါအတိုင်း မေးခွန်းသတ်ခဲ့တာကို နည်းပြဂယ်တီယာက ပြန်ပြီးတောင်ရိလိုက်သေးတယ်။ ဒါပေမဲ့ ဘာစီလိုနာ နည်းပြ ဇာဗီးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဒီနှစ်ယောက်တော့ အရှိုက် ကို လက်သီးနဲ့ ဆောင့်ထိုးသလိုမျိုး ခံလိုက်ရပြီပဲဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဆိုးကျိုးတွေကို အလေးထားရမယ့်အစား လှောင်သလိုလို ပြောင်သလိုလို လုပ်ခဲ့တဲ့ အမ်ဘာပီနဲ့ ဂယ်တီယာတို့ကို ဇာဗီးက ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထေ့သလို ငေါ့ သလိုနဲ့ ပြောဆိုသွားခဲ့ပါတယ်။

‘’ဒီလူမှုအဖွဲ့အစည်းအတွက် မတူကွဲပြားခြား နားတဲ့ လေထုရပ်ဝန်းမျိုး သီးခြားစီ ကျွန်တော်တို့ မရနိုင်ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ လူသားတွေရဲ့ ကောင်းကျိုး အတွက်ကိုပဲ ကြည့်ရမှာပါ။ ကျွန်တော်တို့ဟာ

လူသားတွေအတွက် ကစားပေးနေကြတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေနဲ့အတူ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် ကိစ္စဝိစ္စတွေကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ အဲဒီလိုပဲ လုပ်ရမှာပဲ။

ဒါကြောင့်လည်း ဘာစီလိုနာဆိုတာက ဘောလုံးအသင်းဆိုတာမျိုး ထက်ကို ပိုနေတာပါ။ အဲဒီအတွက် ကျွန်တော်တို့ ကျိန်းသေကို လုပ်ရပါလိမ့်မယ်’’ လို့ ဇာဗီးက အမ်ဘာပီနဲ့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာကို ရည်ညွှန်းပြီး ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ စပိန်ရဲ့ မြောက်ပိုင်းမှာ ကစားရတဲ့ အဝေးကွင်းပွဲစဉ်တွေဖြစ်တဲ့ ဇာရာဂိုဇာ၊ ဟူစကာနဲ့ အိုဆာဆူနာ တို့လို့ ကွင်းမျိုးတွေကို သွားရောက်ရပြီဆိုရင် လေယာဉ်ပျံအစား ရထားကိုသာ သုံးခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။

(zawgyi)

ရာသီဥတုေျပာင္းလဲမႈဆိုးက်ိဳးေတြကို တိုက္ဖ်က္ဖို႔အတြက္ အကူအညီျဖစ္ဖို႔ ရထားကိုမသုံးဘဲ ဘာေၾကာင့္ ေလယာဥ္ပ်ံကိုသုံးခဲ့တာလဲဆိုတဲ့ သတင္း ေထာက္တစ္ဦးရဲ႕ ေမးခြန္းအေပၚ တိုက္စစ္မႉး အမ္ဘာပီနဲ႔ ပီအက္စ္ဂ်ီနည္းျပ ဂယ္တီယာတို႔

ခြက္ထိုးခြက္လန္ ရယ္ၾကတဲ့အေၾကာင္း ပရိသတ္ေတြ သိၿပီး သားျဖစ္မွာပါ။ နန္တက္စ္အိမ္ကြင္းကို သြားကစားဖို႔အတြက္ ရထားနဲ႔သြားရင္ ၂ နာရီေလာက္ပဲၾကာမယ့္ခရီးစဥ္ကို ေလယာဥ္ပ်ံသုံးၿပီး သြားခဲ့တဲ့အေပၚ သတင္းေထာက္တစ္ေယာက္က

အထက္ပါအတိုင္း ေမးခြန္းသတ္ခဲ့တာကို နည္းျပဂယ္တီယာက ျပန္ၿပီးေတာင္ရိလိုက္ေသးတယ္။ ဒါေပမဲ့ ဘာစီလိုနာ နည္းျပ ဇာဗီးေျပာလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ ဒီႏွစ္ေယာက္ေတာ့ အရႈိက္ ကို လက္သီးနဲ႔

ေဆာင့္ထိုးသလိုမ်ိဳး ခံလိုက္ရၿပီပဲျဖစ္ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာဆိုးက်ိဳးေတြကို အေလးထားရမယ့္အစား ေလွာင္သလိုလို ေျပာင္သလိုလို လုပ္ခဲ့တဲ့ အမ္ဘာပီနဲ႔ ဂယ္တီယာတို႔ကို ဇာဗီးက ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ၿပီးတဲ့ေနာက္ ျပဳလုပ္တဲ့

သတင္းစာရွင္းလင္းပြဲမွာ ေထ့သလို ေငါ့ သလိုနဲ႔ ေျပာဆိုသြားခဲ့ပါတယ္။ ‘’ဒီလူမႈအဖြဲ႕အစည္းအတြက္ မတူကြဲျပားျခား နားတဲ့ ေလထုရပ္ဝန္းမ်ိဳး သီးျခားစီ ကြၽန္ေတာ္တို႔ မရႏိုင္ပါဘူး။ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ဟာ

လူသားေတြရဲ႕ ေကာင္းက်ိဳး အတြက္ကိုပဲ ၾကည့္ရမွာပါ။ ကြၽန္ေတာ္တို႔ဟာ လူသားေတြအတြက္ ကစားေပးေနၾကတာျဖစ္ပါတယ္။ ကမာၻေပၚမွာရွိတဲ့ လူသားေတြနဲ႔အတူ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းအတြက္

ကိစၥဝိစၥေတြကို ေျပာင္းလဲေပးႏိုင္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ အဲဒီလိုပဲ လုပ္ရမွာပဲ။ ဒါေၾကာင့္လည္း ဘာစီလိုနာဆိုတာက ေဘာလုံးအသင္းဆိုတာမ်ိဳး ထက္ကို ပိုေနတာပါ။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ က်ိန္းေသကို လုပ္ရပါလိမ့္မယ္’’ လို႔ ဇာဗီးက

အမ္ဘာပီနဲ႔ ပီအက္စ္ဂ်ီနည္းျပ ဂယ္တီယာကို ရည္ၫႊန္းၿပီး ေျပာဆိုသြားခဲ့ပါတယ္။ ဘာစီလိုနာဟာ စပိန္ရဲ႕ ေျမာက္ပိုင္းမွာ ကစားရတဲ့ အေဝးကြင္းပြဲစဥ္ေတြျဖစ္တဲ့ ဇာရာဂိုဇာ၊ ဟူစကာနဲ႔ အိုဆာဆူနာ တို႔လို႔ ကြင္းမ်ိဳးေတြကို သြားေရာက္ရၿပီဆိုရင္ ေလယာဥ္ပ်ံအစား ရထားကိုသာ သုံးခဲ့တဲ့ မွတ္တမ္းေတြလည္း ရွိခဲ့ပါတယ္။