အမ်ဘာပီကြောင့် လူကျွံဘောစည်းမျဉ်း ပြင်ဆင်လိုက်ရပြီ

စည်းမျဉ်းစည်းကမ်းတွေ ပိုမိုရှင်းလင်းစေရေးအတွက် လူကျွံဘောနဲ့သက်ဆိုင်တဲ့ လမ်းညွှန်ချက်တွေကို မွမ်းမံပြင်ဆင်လိုက်ကြောင်း ဘောလုံးဥပဒေပြုအဖွဲ့( IFAB )က ကြေညာလိုက်ပါတယ်။

အကြောင်းကတော့ ၂၀၂၁ အောက်တိုဘာလတုန်းက စပိန်နဲ့ပြင်သစ်တို့ရဲ့ နေရှင်းလိဂ်ဗိုလ်လုပွဲမှာ အမ်ဘာပီရဲ့အနိုင်ဂိုးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ကြီးကြီးမားမားရှိခဲ့လို့ပါပဲ။

သီယိုဟာနန်ဒက်ဇ် ထိုးပေးလိုက်တာကို ပြေးထွက်ပြီး ဂိုးမသွင်းခင်မှာ အမ်ဘာပီဟာ လူကျွံအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင်ဘက်စ်ကွက်စ် အပါအဝင်

စပိန်အသင်းသားတွေဟာ ကွင်းလယ်ဒိုင်အန်တိုနီတေလာကို ဒေါသတကြီးကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ VAR က စပိန်အသင်းရဲ့ဗဟိုနောက်ခံလူ အဲရစ်ဂါစီယာ

မမီမကမ်းနဲ့လျှောထိုးဖျက်ထုတ်ရာမှာ ဘောလုံးကိုနည်းနည်းထိသွားခဲ့တာကြောင့် အမ်ဘာပီ လူမကျွံဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီနေရာမှာ ဂါစီယာရဲ့အပြုအမူက စည်းမျဉ်းနဲ့ပတ်သက်ပြီး

လုံးဝ ပဟေဋ္ဌိဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် IFAB က “ ရည်ရွယ်ချက်ရှိရှိကစားခြင်း ” နဲ့ “ သွေဖီခြင်း ” ဆိုတဲ့ ကွဲပြားမှုအကြား ခြားနားချက်ကို မွမ်းမံရှင်းလင်းခဲ့ရတာပါ။

ဘောလုံးကစားနေစဉ်အတွင်း ကစားသမားတစ်ယောက်ဟာ လူကျွံအနေအထားမှာရှိနေတာ ဒါမှဟုတ် အသင်းဖော်တစ်ဦးနဲ့ထိမိနေချိန်မှာ ဘောလုံးကစားကွက်ထဲပါဝင်ပတ်သက်မှသာ

( ပြိုင်ဘက်ကိုအနှောင့်အယှက်လုပ်တာ၊ ဂိုးဘားတန်းနဲ့တိုင်ထိပြီး ပြန်ကျလာတာမျိုးကို သွင်းယူတာ)အပြစ်ပေးခံရမယ်လို့ ဥပဒေ ၁၁ မှာ ဖေါ်ပြထားပါတယ်။

(zawgyi)

စည္းမ်ဥ္းစည္းကမ္းေတြ ပိုမိုရွင္းလင္းေစေရးအတြက္ လူကြၽံေဘာနဲ႔သက္ဆိုင္တဲ့ လမ္းၫႊန္ခ်က္ေတြကို မြမ္းမံျပင္ဆင္လိုက္ေၾကာင္း ေဘာလုံးဥပေဒျပဳအဖြဲ႕( IFAB )က ေၾကညာလိုက္ပါတယ္။

အေၾကာင္းကေတာ့ ၂၀၂၁ ေအာက္တိုဘာလတုန္းက စပိန္နဲ႔ျပင္သစ္တို႔ရဲ႕ ေနရွင္းလိဂ္ဗိုလ္လုပြဲမွာ အမ္ဘာပီရဲ႕အႏိုင္ဂိုးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ ႀကီးႀကီးမားမားရွိခဲ့လို႔ပါပဲ။

သီယိုဟာနန္ဒက္ဇ္ ထိုးေပးလိုက္တာကို ေျပးထြက္ၿပီး ဂိုးမသြင္းခင္မွာ အမ္ဘာပီဟာ လူကြၽံအေနအထားမွာ ရွိေနခဲ့ပါတယ္။ ဒါေၾကာင့္ အသင္းေခါင္းေဆာင္ဘက္စ္ကြက္စ္ အပါအဝင္

စပိန္အသင္းသားေတြဟာ ကြင္းလယ္ဒိုင္အန္တိုနီေတလာကို ေဒါသတႀကီးကန႔္ကြက္ၾကပါတယ္။ ဒါေပမဲ့ VAR က စပိန္အသင္းရဲ႕ဗဟိုေနာက္ခံလူ အဲရစ္ဂါစီယာ

မမီမကမ္းနဲ႔ေလွ်ာထိုးဖ်က္ထုတ္ရာမွာ ေဘာလုံးကိုနည္းနည္းထိသြားခဲ့တာေၾကာင့္ အမ္ဘာပီ လူမကြၽံဘူးလို႔ ဆုံးျဖတ္ခဲ့တာပါ။ ဒီေနရာမွာ ဂါစီယာရဲ႕အျပဳအမူက စည္းမ်ဥ္းနဲ႔ပတ္သက္ၿပီး

လုံးဝ ပေဟ႒ိျဖစ္ေစခဲ့ပါတယ္။ ဒါေၾကာင့္ IFAB က “ ရည္႐ြယ္ခ်က္ရွိရွိကစားျခင္း ” နဲ႔ “ ေသြဖီျခင္း ” ဆိုတဲ့ ကြဲျပားမႈအၾကား ျခားနားခ်က္ကို မြမ္းမံရွင္းလင္းခဲ့ရတာပါ။

ေဘာလုံးကစားေနစဥ္အတြင္း ကစားသမားတစ္ေယာက္ဟာ လူကြၽံအေနအထားမွာရွိေနတာ ဒါမွဟုတ္ အသင္းေဖာ္တစ္ဦးနဲ႔ထိမိေနခ်ိန္မွာ ေဘာလုံးကစားကြက္ထဲပါဝင္ပတ္သက္မွသာ

( ၿပိဳင္ဘက္ကိုအေႏွာင့္အယွက္လုပ္တာ၊ ဂိုးဘားတန္းနဲ႔တိုင္ထိၿပီး ျပန္က်လာတာမ်ိဳးကို သြင္းယူတာ)အျပစ္ေပးခံရမယ္လို႔ ဥပေဒ ၁၁ မွာ ေဖၚျပထားပါတယ္။