အမေရိကန်ရောက်မှ စပိန်စကားတွေပြောပြီး လုံးဝပြောင်းလဲနေတဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ကတော့ လော့စ်အိန်ဂျယ်လိစ်မှာ ပြောင်းလဲသွားခဲ့ပြီ။ လော့စ်အိန်ဂျယ်လိစ်မှာ ဂါရတ်ဘေးလ်တစ်ယောက် အသစ်တစ်ဖန်မွေးဖွားခဲ့ပြီ။

ဒီလိုခေါင်းကြီးပိုင်းတွေပေးပြီး စပိန်မီဒီယာတွေက ဝေးလ်တိုက်စစ်မှူးကို လှော်နေကြပါတယ်။ Marca သတင်းစာဆိုရင် စပိန်စကားပြောတတ်ဖို့ ၉ နှစ်စောင့်ခဲ့ရတဲ့ ဂါရတ်ဘေးလ်လို့တောင် လှောင်ပြောင်ခဲ့တာပါ။

အကြောင်းကတော့ ရီးရဲလ်တိုက်စစ်မှူးဟာ လော့စ်အိန်ဂျယ်လိစ်အသင်းရဲ့တွစ်တာကနေ ပရိသတ်တွေကို စပိန်ဘာသာစကားနဲ့နှုတ်ခွန်းဆက်ခဲ့လို့ပါပဲ။

လော့စ်အိန်ဂျယ်လိစ်ဒါဘီပွဲအဖြစ် အယ်လ်အေဂလက်စီနဲ့မကစားခင် ဗွီဒီယိုအတိုလေးနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်အကြာတုန်းကတော့ စပါးကနေရောက်လာခဲ့တဲ့ဘေးလ်ဟာ

စပိန်စကားပြောတတ်ဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ဒါကို ပြန်လည်ဖေါ်ပြပြီး အမေရိကန်ရောက်မှ စပိန်စကားတွေပြောနေတဲ့ဘေးလ်ကို ဝေဖန်လိုက်တာပါ။

ဒါပေမဲ့ ဝေးလ်တိုက်စစ်မှူးကတော့ လော့စ်အိန်ဂျယ်လိစ်အသင်းအင်္ကျီတောင် မဝတ်ရသေးပေမယ့် မေဂျာလိဂ်စွန့်စားခန်းမှာ အောင်မြင်နေပါပြီ။

သူဟာ ပွဲအပြီးမှာ အသင်းဖော်သစ်တွေဆီသွားပြီး အောင်ပွဲခံနေခဲ့ပါတယ်။ မက်ဒရစ်မှာ ၉ နှစ်လုံးလုံးလုပ်ခဲ့တဲ့ တိတ်တိတ်နေဆိုတဲ့ အောင်ပွဲခံပုံမျိုးကို ဘေးလ်နဲ့အတူ အသင်းဖော်သစ်တွေ

လိုက်လုပ်ခဲ့ကြတာလည်းတွေ့ရပါတယ်။ အသံချဲ့စက်အသေးစားကိုကိုင်ပြီး သီဆိုကခုန်နေတဲ့ ဘေးလ်ကိုကြည့်ပြီး ရီးရဲလ်ပရိသတ်တွေတောင် အံ့သြနေကြပါသတဲ့။

(zawgyi)

ဂါရတ္ေဘးလ္ကေတာ့ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ ေျပာင္းလဲသြားခဲ့ၿပီ။ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ ဂါရတ္ေဘးလ္တစ္ေယာက္ အသစ္တစ္ဖန္ေမြးဖြားခဲ့ၿပီ။ ဒီလိုေခါင္းႀကီးပိုင္းေတြေပးၿပီး စပိန္မီဒီယာေတြက ေဝးလ္တိုက္စစ္မႉးကို ေလွာ္ေနၾကပါတယ္။ Marca သတင္းစာဆိုရင္ စပိန္စကားေျပာတတ္ဖို႔ ၉ ႏွစ္ေစာင့္ခဲ့ရတဲ့ ဂါရတ္ေဘးလ္လို႔ေတာင္ ေလွာင္ေျပာင္ခဲ့တာပါ။ အေၾကာင္းကေတာ့ ရီးရဲလ္တိုက္စစ္မႉးဟာ ေလာ့စ္အိန္ဂ်ယ္လိစ္အသင္းရဲ႕တြစ္တာကေန ပရိသတ္ေတြကို စပိန္ဘာသာစကားနဲ႔ႏႈတ္ခြန္းဆက္ခဲ့လို႔ပါပဲ။ ေလာ့စ္အိန္ဂ်ယ္လိစ္ဒါဘီပြဲအျဖစ္ အယ္လ္ေအဂလက္စီနဲ႔မကစားခင္ ဗြီဒီယိုအတိုေလးနဲ႔ ႏႈတ္ဆက္ခဲ့တာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၉ ႏွစ္အၾကာတုန္းကေတာ့ စပါးကေနေရာက္လာခဲ့တဲ့ေဘးလ္ဟာ စပိန္စကားေျပာတတ္ဖို႔ အေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။ ဒါကို ျပန္လည္ေဖၚျပၿပီး အေမရိကန္ေရာက္မွ စပိန္စကားေတြေျပာေနတဲ့ေဘးလ္ကို ေဝဖန္လိုက္တာပါ။ ဒါေပမဲ့ ေဝးလ္တိုက္စစ္မႉးကေတာ့ ေလာ့စ္အိန္ဂ်ယ္လိစ္အသင္းအက်ႌေတာင္ မဝတ္ရေသးေပမယ့္ ေမဂ်ာလိဂ္စြန႔္စားခန္းမွာ ေအာင္ျမင္ေနပါၿပီ။ သူဟာ ပြဲအၿပီးမွာ အသင္းေဖာ္သစ္ေတြဆီသြားၿပီး ေအာင္ပြဲခံေနခဲ့ပါတယ္။ မက္ဒရစ္မွာ ၉ ႏွစ္လုံးလုံးလုပ္ခဲ့တဲ့ တိတ္တိတ္ေနဆိုတဲ့ ေအာင္ပြဲခံပုံမ်ိဳးကို ေဘးလ္နဲ႔အတူ အသင္းေဖာ္သစ္ေတြ လိုက္လုပ္ခဲ့ၾကတာလည္းေတြ႕ရပါတယ္။ အသံခ်ဲ႕စက္အေသးစားကိုကိုင္ၿပီး သီဆိုကခုန္ေနတဲ့ ေဘးလ္ကိုၾကည့္ၿပီး ရီးရဲလ္ပရိသတ္ေတြေတာင္ အံ့ၾသေနၾကပါသတဲ့။