
နည်းပြကြီးဗန်ဟားလ်နဲ့ နယ်သာလန်အသင်းတို့ဟာ ကံစပ်တယ်လို့ပြောရမယ်။ အခု
လက်ရှိ နယ်သာလန်ရဲ့ ခြေစွမ်းပိုင်းက ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ဖရန့်ခ်ဒီဘိုး
လက်ထက်တုန်းကနဲ့ အရမ်းကြီး သိသိသာသာ မကွာပေမယ့် အခွင့်အရေးတွေကို
ဂိုးအဖြစ်ပြောင်းလဲနိုင်တာက အားသာချက်ဖြစ်သွားတယ်။
အခုပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက ပုံမှန်အောက်သာရှိပြီး ပွဲကောင်းတစ်ပွဲတော့
မဟုတ်ခဲ့ဘူး။ နယ်သာလန်အသင်း ညာနောက်ခံလူ ဒမ်ဖရီးစ်က ဒီပွဲရဲ့ အကောင်းဆုံး
ကစားသမားဖြစ်ပြီး သူ့ကြောင့် ဂိုးတွေရခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ခဲ့တယ်။
ပွဲစလို့ (၁၀)မိနစ်မှာပဲ ညာခြမ်းက ဒမ်ဖရီးစ် ချိုးပေးလိုက်တာကို ဒီပိုင်းက ပြေးဝင်
ပိတ်သွင်းခဲ့လို့ နယ်သာလန် အဖွင့်ဂိုး စရခဲ့တယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း
အမေရိကန်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးခဲ့ပေမယ့် တကယ်တမ်း
ဂိုးရသွားတာက နယ်သာလန်ပါပဲ။
ပထမပိုင်းပြီးခါနီးမှာ ဒမ်ဖရီးစ် ခင်းပေးလိုက်တာကို ဝါရင့်နောက်ခံလူ ဘလင်းက
ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒီပိုင်း သွင်းခဲ့တဲ့ဂိုးနဲ့ ပုံစံအတူတူပါပဲ။ ထူးခြားတာက နယ်သာလန်
အသင်းအတွက် အဖွ့င်(၂)ဂိုးသွင်းခဲ့တဲ့ နှစ်ယောက်စလုံးဟာ မန်ချက်စတာယူနိုက်တက်
ကစားသမားဟောင်းတွေဖြစ်နေတာပါ။
(၇၆)မိနစ်မှာ အမေရိကန်အတွက် ဟာဂျီရိုက်က ချေပဂိုး သွင်းခဲ့လို့ မျှော်လင့်ချက်ရှိလာပေမယ့်
(၈၁)မိနစ်မှာ ဘလင်း ကန်တင်ပေးလိုက်တာကို Marking မရှိတဲ့ ဒမ်ဖရီးစ်က အပိုင်
ပိတ်သွင်းခဲ့တာကြောင့် နယ်သာလန်အနိုင်သေချာသွားပါတယ်။
[Zawgyi]
နည္းျပႀကီးဗန္ဟားလ္နဲ႔ နယ္သာလန္အသင္းတို႔ဟာ ကံစပ္တယ္လို႔ေျပာရမယ္။ အခု
လက္ရွိ နယ္သာလန္ရဲ႕ ေျခစြမ္းပိုင္းက ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတုန္းက ဖရန႔္ခ္ဒီဘိုး
လက္ထက္တုန္းကနဲ႔ အရမ္းႀကီး သိသိသာသာ မကြာေပမယ့္ အခြင့္အေရးေတြကို
ဂိုးအျဖစ္ေျပာင္းလဲႏိုင္တာက အားသာခ်က္ျဖစ္သြားတယ္။
အခုပြဲမွာ ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းက ပုံမွန္ေအာက္သာရွိၿပီး ပြဲေကာင္းတစ္ပြဲေတာ့
မဟုတ္ခဲ့ဘူး။ နယ္သာလန္အသင္း ညာေနာက္ခံလူ ဒမ္ဖရီးစ္က ဒီပြဲရဲ႕ အေကာင္းဆုံး
ကစားသမားျဖစ္ၿပီး သူ႔ေၾကာင့္ ဂိုးေတြရခဲ့သလို ကိုယ္တိုင္လည္း ဂိုးသြင္းႏိုင္ခဲ့တယ္။
ပြဲစလို႔ (၁၀)မိနစ္မွာပဲ ညာျခမ္းက ဒမ္ဖရီးစ္ ခ်ိဳးေပးလိုက္တာကို ဒီပိုင္းက ေျပးဝင္
ပိတ္သြင္းခဲ့လို႔ နယ္သာလန္ အဖြင့္ဂိုး စရခဲ့တယ္။ ဂိုးေပးလိုက္ရၿပီးေနာက္ပိုင္း
အေမရိကန္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိအားေပးခဲ့ေပမယ့္ တကယ္တမ္း
ဂိုးရသြားတာက နယ္သာလန္ပါပဲ။
ပထမပိုင္းၿပီးခါနီးမွာ ဒမ္ဖရီးစ္ ခင္းေပးလိုက္တာကို ဝါရင့္ေနာက္ခံလူ ဘလင္းက
ပိတ္သြင္းခဲ့တာျဖစ္ၿပီး ဒီပိုင္း သြင္းခဲ့တဲ့ဂိုးနဲ႔ ပုံစံအတူတူပါပဲ။ ထူးျခားတာက နယ္သာလန္
အသင္းအတြက္ အဖြ႕င္(၂)ဂိုးသြင္းခဲ့တဲ့ ႏွစ္ေယာက္စလုံးဟာ မန္ခ်က္စတာယူႏိုက္တက္
ကစားသမားေဟာင္းေတြျဖစ္ေနတာပါ။
(၇၆)မိနစ္မွာ အေမရိကန္အတြက္ ဟာဂ်ီ႐ိုက္က ေခ်ပဂိုး သြင္းခဲ့လို႔ ေမွ်ာ္လင့္ခ်က္ရွိလာေပမယ့္
(၈၁)မိနစ္မွာ ဘလင္း ကန္တင္ေပးလိုက္တာကို Marking မရွိတဲ့ ဒမ္ဖရီးစ္က အပိုင္
ပိတ္သြင္းခဲ့တာေၾကာင့္ နယ္သာလန္အႏိုင္ေသခ်ာသြားပါတယ္။