အဖွင့်ပွဲမှာ ၂ ဂိုးသွင်းပြီး အာဆင်နယ်ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ဂျီဆပ်

အာဆင်နယ်ရဲ့ရာသီကြိုခြေစမ်းခရီးစဉ် အဖွင့်ပွဲစဉ်ဟာ နုယင်ဘတ်ကို ၃-၅ ဂိုးနဲ့အနိုင်ယူပြီး လှပခဲ့ပါတယ်။ ခြေစမ်းပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာ နည်းဗျူဟာနဲ့လူအခင်းအကျင်းစမ်းသပ်မှုတွေအပြင်

ဈေးကွက်ပိုင်းလည်းပါနေတာကြောင့် ခြေစွမ်းအမှန်အကြောင်း ကောက်ချက်ချဖို့စောလွန်းပါသေးတယ်။ ဒီပွဲမှာလည်း ဂန်းနားတွေဟာ ပထမပိုင်းတစ်ပိုင်းလုံး ကစားပုံမကောင်းခဲ့ဘဲ

အိမ်ရှင်အသင်းရဲ့ ၂ ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရတာပါ။ ဂျာမန်ကလပ်အတွက် ဂျိုဟန်နက်စ်ဂီးစ်နဲ့ ဝက်ဒ်ဝူဒက်ရှ်တို့သွင်းဂိုးတွေဟာ ကောင်းမွန်သေသပ်ခဲ့ပြီး

အာဆင်နယ်ကတော့ စမစ်ရိုးရဲ့အပြင်းကန်ချက်ကို နုယင်ဘတ်ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ရတာလောက်ပဲ ရင်ခုန်ချင်စရာရှိခဲ့ပါတယ်။ ဒါပေမဲ့ အာတီတာဟာ ဒုတိယပိုင်းမှာ

ဂျီဆပ်နဲ့ အယ်လ်နီနီအပါအဝင် အပြောင်းအလဲတွေလုပ်ခဲ့တဲ့နောက်မှာတော့ ဂန်းနားတွေ အသာစီးရခဲ့ပါတယ်။ အာဆင်နယ်အတွက် ပထမချေပဂိုးကို ဂျီဆပ်က ထောင့်ကျဉ်းအနေအထားကနေ

လှလှပပသွင်းယူပေးခဲ့တာပါ။ ဒုတိယချေပဂိုးသွင်းတဲ့ အယ်လ်နီနီရဲ့ဝါးလုံးထိုးကန်ချက်ကလည်း ကြောက်ခမန်းလိလိ ကောင်းမွန်ခဲ့ပါတယ်။ အဲဒီနောက် အာဆင်နယ်တိုက်စစ်ကိုကာကွယ်ရင်း

နုယင်ဘတ် OG ဂိုး ၂ ဂိုးပေးခဲ့ရပါတယ်။ ရှလီမီယာရဲ့သွင်းဂိုးကြောင့် ၃-၄ ပြန်ဖြစ်ခဲ့ပေမယ့် အာဆင်နယ်အတွက်အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို ဂျီဆပ်ကပဲ သွင်းပေးနိုင်ခဲ့ပါတယ်။

မာတီနယ်လီ ဂိုးရှေ့လှမ်းမပေးလိုက်တာကို ပြိုင်ဘက်နောက်ခံလူနှစ်ယောက်ကြားကနေ မန်စီးတီးတိုက်စစ်မှူးဟောင်းက ပိတ်သွင်းသွားခဲ့တာပါ။

ဒါကြောင့် ဘရာဇီးလ်သားဟာ ဂန်းနားပရိသတ်တွေရဲ့နှလုံးသားကို စောစောစီးစီးပဲသိမ်းပိုက်နိုင်ခဲ့သလို လာကာဇက်တီနေရာမှာ မှန်ကန်တဲ့အစားထိုးမှုလို့ ချီးကျူးသံတွေညံနေပါတယ်။

(zawgyi)

အာဆင္နယ္ရဲ႕ရာသီႀကိဳေျခစမ္းခရီးစဥ္ အဖြင့္ပြဲစဥ္ဟာ ႏုယင္ဘတ္ကို ၃-၅ ဂိုးနဲ႔အႏိုင္ယူၿပီး လွပခဲ့ပါတယ္။ ေျခစမ္းပြဲဆိုတဲ့ေခါင္းစဥ္ေအာက္မွာ နည္းဗ်ဴဟာနဲ႔လူအခင္းအက်င္းစမ္းသပ္မႈေတြအျပင္

ေဈးကြက္ပိုင္းလည္းပါေနတာေၾကာင့္ ေျခစြမ္းအမွန္အေၾကာင္း ေကာက္ခ်က္ခ်ဖို႔ေစာလြန္းပါေသးတယ္။ ဒီပြဲမွာလည္း ဂန္းနားေတြဟာ ပထမပိုင္းတစ္ပိုင္းလုံး ကစားပုံမေကာင္းခဲ့ဘဲ

အိမ္ရွင္အသင္းရဲ႕ ၂ ဂိုးျပတ္ ဦးေဆာင္မႈကို ခံခဲ့ရတာပါ။ ဂ်ာမန္ကလပ္အတြက္ ဂ်ိဳဟန္နက္စ္ဂီးစ္နဲ႔ ဝက္ဒ္ဝူဒက္ရွ္တို႔သြင္းဂိုးေတြဟာ ေကာင္းမြန္ေသသပ္ခဲ့ၿပီး အာဆင္နယ္ကေတာ့ စမစ္႐ိုးရဲ႕အျပင္းကန္ခ်က္ကို

ႏုယင္ဘတ္ဂိုးသမား ပုတ္ထုတ္ကာကြယ္ခဲ့ရတာေလာက္ပဲ ရင္ခုန္ခ်င္စရာရွိခဲ့ပါတယ္။ ဒါေပမဲ့ အာတီတာဟာ ဒုတိယပိုင္းမွာ ဂ်ီဆပ္နဲ႔ အယ္လ္နီနီအပါအဝင္ အေျပာင္းအလဲေတြလုပ္ခဲ့တဲ့ေနာက္မွာေတာ့

ဂန္းနားေတြ အသာစီးရခဲ့ပါတယ္။ အာဆင္နယ္အတြက္ ပထမေခ်ပဂိုးကို ဂ်ီဆပ္က ေထာင့္က်ဥ္းအေနအထားကေန လွလွပပသြင္းယူေပးခဲ့တာပါ။ ဒုတိယေခ်ပဂိုးသြင္းတဲ့ အယ္လ္နီနီရဲ႕ဝါးလုံးထိုးကန္ခ်က္ကလည္း

ေၾကာက္ခမန္းလိလိ ေကာင္းမြန္ခဲ့ပါတယ္။ အဲဒီေနာက္ အာဆင္နယ္တိုက္စစ္ကိုကာကြယ္ရင္း ႏုယင္ဘတ္ OG ဂိုး ၂ ဂိုးေပးခဲ့ရပါတယ္။ ရွလီမီယာရဲ႕သြင္းဂိုးေၾကာင့္ ၃-၄ ျပန္ျဖစ္ခဲ့ေပမယ့္

အာဆင္နယ္အတြက္အႏိုင္ေသခ်ာေစမယ့္ ပြဲသိမ္းဂိုးကို ဂ်ီဆပ္ကပဲ သြင္းေပးႏိုင္ခဲ့ပါတယ္။ မာတီနယ္လီ ဂိုးေရွ႕လွမ္းမေပးလိုက္တာကို ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန မန္စီးတီးတိုက္စစ္မႉးေဟာင္းက ပိတ္သြင္းသြားခဲ့တာပါ။

ဒါေၾကာင့္ ဘရာဇီးလ္သားဟာ ဂန္းနားပရိသတ္ေတြရဲ႕ႏွလုံးသားကို ေစာေစာစီးစီးပဲသိမ္းပိုက္ႏိုင္ခဲ့သလို လာကာဇက္တီေနရာမွာ မွန္ကန္တဲ့အစားထိုးမႈလို႔ ခ်ီးက်ဴးသံေတြညံေနပါတယ္။