အဖြူရောင် နှစ်ချို့ဝိုင် ( သို့ ) ဆဲလ်တစ်ပရိသတ်တွေ ဦးညွှတ်ခဲ့ရတဲ့ ခရိုအေးရှားမှော်ဆရာ

ချန်ပီယံလိဂ် လက်ရှိသရဖူပိုင်ရှင် ရီးရဲလ်မက်ဒရစ်ဟာ ဆဲလ်တစ်ကို ၃ ဂိုးပြတ်အနိုင်ယူပြီး တာထွက်လှခဲ့တယ်။ ရလဒ်ကမိုက်ပေမယ့် ကွင်းထဲမှာတော့ အန်ဆယ်လော့တီရဲ့အသင်း မျက်ခုံးလှုပ်ခဲ့ရတာပါ။ ပွဲချိန်နာရီဝက်လောက်မှာ

တိုက်စစ်မှူးဘန်ဇီမာ ဒဏ်ရာရသွားတာကြောင့် ဟာဇက်နဲ့လူစားလဲခဲ့ရတယ်။ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေကျနေခဲ့တယ်။ ဒုတိယပိုင်းရောက်မှ ရီးရဲလ် ၃ ဂိုးရခဲ့တာပါ။ ပထမပိုင်းနဲ့ ဒုတိယပိုင်းအစမှာ စကော့တလန်ကလပ်ရဲ့ဖိအားပေးမှုတွေကိုလည်း

ခံခဲ့ရပါသေးတယ်။ ဆိုရရင် ဘာမြူဒါတြိဂံလို့ အန်ဆယ်လော့တီတင်စားခဲ့တဲ့ ရီးရဲလ်ကွင်းလယ်မှာ ကက်စ်မီရိုမရှိတော့တဲ့နောက် တိုနီခရူးစ်နဲ့ လူကာမိုဒရစ်တို့ရဲ့သမ္ဘာ၊ အရင်ခြေပြန်ပေါ်ခဲ့တဲ့ ဟာဇက်တို့ကြောင့် ၃ မှတ်ရခဲ့တာပါ။

ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကို တိုနီခရူးစ် ထိုက်ထိုက်တန်တန် ရရှိသွားပေမယ့် ဆဲလ်တစ်ပရိသတ်တွေကိုယ်တိုင် မတ်တပ်ရပ်လက်ခုပ်တီးပြီး ဂုဏ်ပြုတာခံခဲ့ရသူကတော့ လူကာမိုဒရစ်ပါပဲ။

အသက် ၃၆ နှစ်အရွယ် ခရိုအေးရှား ကွင်းလယ်ဗိုလ်ချုပ်ဟာ တစ်ပွဲလုံးခြေစွမ်းပြသွားနိုင်ခဲ့ပြီး ဒုတိယဂိုးကို ပရိသတ်အကြိုက် အလိမ်အခေါက်တွေနဲ့ လှလှပပသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ဆဲလ်တစ်ပရိသတ်တွေ တလေးတစား ရှိခဲ့ကြရတာပါ။

ဒါပေမဲ့ ခရိုအေးရှားမှော်ဆရာအတွက် ပြိုင်ဘက်ပရိသတ်တွေက အခုလို ဂုဏ်ပြုကြတာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဆယ်တာဗီဂို၊ ရီးရဲလ်ဘက်တစ်နဲ့ အယ်မာရီယာပရိသတ်တွေလည်း သူ့ကို ဂုဏ်ပြုခဲ့ကြရပါတယ်။

ပိုပြီးအမှတ်ရစရာဖြစ်ခဲ့တာတော့ မိုဒရစ်ရဲ့ရီးရဲလ်အတွက် ချန်ပီယံလိဂ်ရာပြည့်ပွဲဖြစ်ခဲ့သလို ပွဲ ၁၀၀ ပြည့် ၈ ဦးမြောက် တော်ဝင်အသင်သားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါပဲ။

(zawgyi)

ခ်န္ပီယံလိဂ္ လက္ရွိသရဖူပိုင္ရွင္ ရီးရဲလ္မက္ဒရစ္ဟာ ဆဲလ္တစ္ကို ၃ ဂိုးျပတ္အႏိုင္ယူၿပီး တာထြက္လွခဲ့တယ္။ ရလဒ္ကမိုက္ေပမယ့္ ကြင္းထဲမွာေတာ့ အန္ဆယ္ေလာ့တီရဲ႕အသင္း မ်က္ခုံးလႈပ္ခဲ့ရတာပါ။ ပြဲခ်ိန္နာရီဝက္ေလာက္မွာ တိုက္စစ္မႉးဘန္ဇီမာ

ဒဏ္ရာရသြားတာေၾကာင့္ ဟာဇက္နဲ႔လူစားလဲခဲ့ရတယ္။ ပထမပိုင္းအၿပီးမွာ ဂိုးမရွိသေရက်ေနခဲ့တယ္။ ဒုတိယပိုင္းေရာက္မွ ရီးရဲလ္ ၃ ဂိုးရခဲ့တာပါ။ ပထမပိုင္းနဲ႔ ဒုတိယပိုင္းအစမွာ စေကာ့တလန္ကလပ္ရဲ႕ဖိအားေပးမႈေတြကိုလည္း

ခံခဲ့ရပါေသးတယ္။ ဆိုရရင္ ဘာျမဴဒါႀတိဂံလို႔ အန္ဆယ္ေလာ့တီတင္စားခဲ့တဲ့ ရီးရဲလ္ကြင္းလယ္မွာ ကက္စ္မီ႐ိုမရွိေတာ့တဲ့ေနာက္ တိုနီခ႐ူးစ္နဲ႔ လူကာမိုဒရစ္တို႔ရဲ႕သမာၻ၊ အရင္ေျချပန္ေပၚခဲ့တဲ့ ဟာဇက္တို႔ေၾကာင့္ ၃ မွတ္ရခဲ့တာပါ။

ဒီပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကို တိုနီခ႐ူးစ္ ထိုက္ထိုက္တန္တန္ ရရွိသြားေပမယ့္ ဆဲလ္တစ္ပရိသတ္ေတြကိုယ္တိုင္ မတ္တပ္ရပ္လက္ခုပ္တီးၿပီး ဂုဏ္ျပဳတာခံခဲ့ရသူကေတာ့ လူကာမိုဒရစ္ပါပဲ။

အသက္ ၃၆ ႏွစ္အ႐ြယ္ ခ႐ိုေအးရွား ကြင္းလယ္ဗိုလ္ခ်ဳပ္ဟာ တစ္ပြဲလုံးေျခစြမ္းျပသြားႏိုင္ခဲ့ၿပီး ဒုတိယဂိုးကို ပရိသတ္အႀကိဳက္ အလိမ္အေခါက္ေတြနဲ႔ လွလွပပသြင္းယူေပးခဲ့ပါတယ္။

ဒါေၾကာင့္ ဆဲလ္တစ္ပရိသတ္ေတြ တေလးတစား ရွိခဲ့ၾကရတာပါ။ ဒါေပမဲ့ ခ႐ိုေအးရွားေမွာ္ဆရာအတြက္ ၿပိဳင္ဘက္ပရိသတ္ေတြက အခုလို ဂုဏ္ျပဳၾကတာ ပထမဆုံးေတာ့ မဟုတ္ပါဘူး။ ဆယ္တာဗီဂို၊ ရီးရဲလ္ဘက္တစ္နဲ႔

အယ္မာရီယာပရိသတ္ေတြလည္း သူ႔ကို ဂုဏ္ျပဳခဲ့ၾကရပါတယ္။ ပိုၿပီးအမွတ္ရစရာျဖစ္ခဲ့တာေတာ့ မိုဒရစ္ရဲ႕ရီးရဲလ္အတြက္ ခ်န္ပီယံလိဂ္ရာျပည့္ပြဲျဖစ္ခဲ့သလို ပြဲ ၁၀၀ ျပည့္ ၈ ဦးေျမာက္ ေတာ္ဝင္အသင္သားအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာပါပဲ။