အဖေနဲ့အမေ ဘယ်သူ့ကိုရွေးမလဲလို့ လာမေးနေသလိုပဲ ခင်ဗျားလည်းမလုပ်နိုင်ပါဘူးလို့ ဘုတောခဲ့တဲ့ အမ်ဘာပီ

မက်ဆီနဲ့ရော်နယ်ဒို ဘယ်သူက Goat အစစ်လဲဆိုတာ သူ့အနေနဲ့ မဆုံးဖြတ်နိုင်ပါဘူးလို့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီက ဖွင့်ဟလိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးရဲ့ ငယ်ဘဝသူရဲကောင်းက ရော်နယ်ဒိုဖြစ်ပြီး

လက်ရှိအချိန်မှာ တစ်သင်းတည်း အတူကစားနေရတာက မက်ဆီနဲ့ပါ။ ဒါကြောင့် သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ထာဝရအကောင်းဆုံးလဲဆိုတာ အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲဆိုတဲ့ မေးခွန်းလို

ရွေးချယ်ရခက်ပါတယ်လို့ L’Equipe နဲ့အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။ “ ရွှေဘောလုံးဆု ဘယ်သူရမလဲဆိုတာ ကျွန်တော်နှစ်တိုင်း တွေးနေခဲ့မိတယ်။ မက်ဆီလား ဒါမှမဟုတ် ရော်နယ်ဒိုလားပေါ့။

ဘယ်သူ့ကို ကျွန်တော်ပိုကြိုက်သလဲတဲ့လား။ အဲဒါက ခင်ဗျားအမေနဲ့အဖေ ဘယ်သူ့ကို ပိုကြိုက်လဲလို့ ရွေးခိုင်းနေသလိုပါပဲ။ ခင်ဗျား မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့မျိုးဆက်အားလုံးရဲ့ ရွှေဘောလုံးဆုဆိုတာ

မက်ဆီ-ရော်နယ်ဒိုတိုက်ပွဲနဲ့ မလွဲမသွေဆက်စပ်နေပါတယ်။ ကျွန်တော် မှတ်မိသလောက်ပြောရရင် ရော်နယ်ဒင်ညို( ၂၀၀၅ ခုနှစ် ရွှေဘောလုံးဆုရှင် )ရခဲ့တာလောက်ပဲ မှတ်မိတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်

လောဘကြီးတဲ့ သူတို့နှစ်ယောက်ကြောင့် အရာအားလုံးကြေမွသွားခဲ့ရတယ်။ ဆုတွေကို သူတို့နှစ်ယောက် ဝေမျှနေခဲ့တာကြာပါပြီ။ သူတို့နှစ်ယောက်ထဲက ဘယ်သူရမလဲဆိုတာ တခြားသူတွေလိုပဲ ကျွန်တော်နှစ်တိုင်း ငေးမောနေခဲ့ရတယ်။

ပြန်တွေးကြည့်ရင်တော့ ဒီတိုက်ပွဲက တော်တော်လေးမိုက်ပါတယ် ” လို့ အမ်ဘာပီက ပြောသွားခဲ့တာပါ။ ဒီနှစ်ရွှေဘောလုံးဆုအတွက် ပဏာမ အယောက် ၃၀ စာရင်းမှာ ရော်နယ်ဒိုရွေးချယ်ခံထားရပေမယ့် မက်ဆီကတော့ ပါဝင်ခွင့်မရတော့ပါဘူး။

(zawgyi)

မက္ဆီနဲ႔ေရာ္နယ္ဒို ဘယ္သူက Goat အစစ္လဲဆိုတာ သူ႔အေနနဲ႔ မဆုံးျဖတ္ႏိုင္ပါဘူးလို႔ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာပီက ဖြင့္ဟလိုက္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးရဲ႕ ငယ္ဘဝသူရဲေကာင္းက ေရာ္နယ္ဒိုျဖစ္ၿပီး

လက္ရွိအခ်ိန္မွာ တစ္သင္းတည္း အတူကစားေနရတာက မက္ဆီနဲ႔ပါ။ ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ထဲမွာ ဘယ္သူက ထာဝရအေကာင္းဆုံးလဲဆိုတာ အေဖနဲ႔အေမ ဘယ္သူ႔ကိုပိုခ်စ္လဲဆိုတဲ့ ေမးခြန္းလို

ေ႐ြးခ်ယ္ရခက္ပါတယ္လို႔ L’Equipe နဲ႔အင္တာဗ်ဴးမွာ ေျဖသြားခဲ့ပါတယ္။ “ ေ႐ႊေဘာလုံးဆု ဘယ္သူရမလဲဆိုတာ ကြၽန္ေတာ္ႏွစ္တိုင္း ေတြးေနခဲ့မိတယ္။ မက္ဆီလား ဒါမွမဟုတ္ ေရာ္နယ္ဒိုလားေပါ့။

ဘယ္သူ႔ကို ကြၽန္ေတာ္ပိုႀကိဳက္သလဲတဲ့လား။ အဲဒါက ခင္ဗ်ားအေမနဲ႔အေဖ ဘယ္သူ႔ကို ပိုႀကိဳက္လဲလို႔ ေ႐ြးခိုင္းေနသလိုပါပဲ။ ခင္ဗ်ား မလုပ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔မ်ိဳးဆက္အားလုံးရဲ႕ ေ႐ႊေဘာလုံးဆုဆိုတာ

မက္ဆီ-ေရာ္နယ္ဒိုတိုက္ပြဲနဲ႔ မလြဲမေသြဆက္စပ္ေနပါတယ္။ ကြၽန္ေတာ္ မွတ္မိသေလာက္ေျပာရရင္ ေရာ္နယ္ဒင္ညိဳ( ၂၀၀၅ ခုႏွစ္ ေ႐ႊေဘာလုံးဆုရွင္ )ရခဲ့တာေလာက္ပဲ မွတ္မိတယ္။ ဒါေပမဲ့ ပြင့္ပြင့္လင္းလင္းေျပာရရင္

ေလာဘႀကီးတဲ့ သူတို႔ႏွစ္ေယာက္ေၾကာင့္ အရာအားလုံးေၾကမြသြားခဲ့ရတယ္။ ဆုေတြကို သူတို႔ႏွစ္ေယာက္ ေဝမွ်ေနခဲ့တာၾကာပါၿပီ။ သူတို႔ႏွစ္ေယာက္ထဲက ဘယ္သူရမလဲဆိုတာ

တျခားသူေတြလိုပဲ ကြၽန္ေတာ္ႏွစ္တိုင္း ေငးေမာေနခဲ့ရတယ္။ ျပန္ေတြးၾကည့္ရင္ေတာ့ ဒီတိုက္ပြဲက ေတာ္ေတာ္ေလးမိုက္ပါတယ္ ” လို႔ အမ္ဘာပီက ေျပာသြားခဲ့တာပါ။ ဒီႏွစ္ေ႐ႊေဘာလုံးဆုအတြက္ ပဏာမ အေယာက္ ၃၀ စာရင္းမွာ ေရာ္နယ္ဒိုေ႐ြးခ်ယ္ခံထားရေပမယ့္ မက္ဆီကေတာ့ ပါဝင္ခြင့္မရေတာ့ပါဘူး။