အဖိုးမသေခင် ပေးထားခဲ့တဲ့ ကတိကို မတည်နိုင်သေးတဲ့ အူဘာမီယန်

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို

အယ်ကလက်စီကိုပွဲစဉ်မှာ ၄-၀ နဲ့ အပြတ်အသတ်ချေမှုန်းခဲ့တဲ့ပွဲမှာ

သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရီးရဲလ်နဲ့အက်လ်ကလက်စီကိုပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့နောက်

အော်ဘာမီယန်က ဘာစီလိုနာအတွက် သွင်းဂိုး ၉ ဂိုးအထိ

ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကနေ ရောက်ရှိလာချိန်ကစလို့

စပိန်လာလီဂါမှာ သူ့ထက် ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားက မရှိသလောက်ကို

ဖြစ်နေခဲ့ပါတယ်။ အော်ဘာမီယန်အတွက်ရီးရဲလ်နဲ့ တွေ့ဆုံမှုမှာ ဒုက္ခပေးနိုင်မှု

များလာခဲ့ပြီး စုစုပေါင်းအားဖြင့် ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အထင်ကြီးစရာကတော့ အဆိုပါ ၇ ဂိုးမှာ ၅ ဂိုးက ဘာနေဗျူးကွင်းထဲမှာ ရယူခဲ့တာပါ။

ဒေါ့မွန်ကစားသမားဘဝမှာ သူက ရီးရဲလ်နဲ့ ရင်ဆိုင်ခဲ့စဉ်က ၅ ဂိုးအထိ

ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ “ကျွန်တော့်အဖိုးက ရီးရဲလ်မက်ဒရစ်ပရိသတ်ဗျ၊

သူ့တစ်ဘဝလုံး အားပေးခဲ့တာ၊ တစ်နေ့မှာ ကျွန်တော် ရီးရဲလ်အတွက်

ကစားပေးမယ်လို့ အဖိုးမသေခင် ကတိပေးခဲ့ပါတယ်” လို့ အော်ဘာမီယန် က

ပြောထားပါတယ်။ အော်ဘာမီယန်ရဲ့ အဖိုးက ၂၀၁၅ မှာ ကွယ်လွန်ခဲ့တာပါ။

အခုတော့ သွားတဲ့သူလည်း သွားပြီမို့ ကျန်ခဲ့တဲ့ မြေးကလည်း စိတ်ရှိလက်ရှိ

ထင်တိုင်းကြဲနေပါတယ်။

zawgyi

အဖိုးမေသခင္ ေပးထားခဲ့တဲ့ ကတိကို မတည္ႏိုင္ေသးတဲ့ အူဘာမီယန္

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္ကို

အယ္ကလက္စီကိုပြဲစဥ္မွာ ၄-၀ နဲ႔ အျပတ္အသတ္ေခ်မႈန္းခဲ့တဲ့ပြဲမွာ

သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ရီးရဲလ္နဲ႔အက္လ္ကလက္စီကိုပြဲစဥ္မွာ ၂ ဂိုးသြင္းၿပီး ေျခစြမ္းျပခဲ့တဲ့ေနာက္

ေအာ္ဘာမီယန္က ဘာစီလိုနာအတြက္ သြင္းဂိုး ၉ ဂိုးအထိ

ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္ကေန ေရာက္ရွိလာခ်ိန္ကစလို႔

စပိန္လာလီဂါမွာ သူ႔ထက္ ဂိုးပိုသြင္းႏိုင္တဲ့ ကစားသမားက မရွိသေလာက္ကို

ျဖစ္ေနခဲ့ပါတယ္။ ေအာ္ဘာမီယန္အတြက္ရီးရဲလ္နဲ႔ ေတြ႕ဆုံမႈမွာ ဒုကၡေပးႏိုင္မႈ

မ်ားလာခဲ့ၿပီး စုစုေပါင္းအားျဖင့္ ၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အထင္ႀကီးစရာကေတာ့ အဆိုပါ ၇ ဂိုးမွာ ၅ ဂိုးက ဘာေနဗ်ဴးကြင္းထဲမွာ ရယူခဲ့တာပါ။

ေဒါ့မြန္ကစားသမားဘဝမွာ သူက ရီးရဲလ္နဲ႔ ရင္ဆိုင္ခဲ့စဥ္က ၅ ဂိုးအထိ

ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။ “ကြၽန္ေတာ့္အဖိုးက ရီးရဲလ္မက္ဒရစ္ပရိသတ္ဗ်၊

သူ႔တစ္ဘဝလုံး အားေပးခဲ့တာ၊ တစ္ေန႔မွာ ကြၽန္ေတာ္ ရီးရဲလ္အတြက္

ကစားေပးမယ္လို႔ အဖိုးမေသခင္ ကတိေပးခဲ့ပါတယ္” လို႔ ေအာ္ဘာမီယန္ က

ေျပာထားပါတယ္။ ေအာ္ဘာမီယန္ရဲ႕ အဖိုးက ၂၀၁၅ မွာ ကြယ္လြန္ခဲ့တာပါ။

အခုေတာ့ သြားတဲ့သူလည္း သြားၿပီမို႔ က်န္ခဲ့တဲ့ ေျမးကလည္း စိတ္ရွိလက္ရွိ

ထင္တိုင္းႀကဲေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*