အဖိုးကြီးရယ် .. ကိုယ့်ကိုယ်ကိုယ် လေးစားစမ်းပါလို့ ပီရက်ဇ်ကို ရော်နယ်ဒိုရဲ့အစ်မ တုံ့ပြန်လိုက်

ရော်နယ်ဒိုကိုပြန်ခေါ်စရာလား။ သူက အသက် ၃၈ နှစ်တောင်ရှိနေပြီဆိုတဲ့ ရီးရဲလ်ဥက္ကဌပီရက်ဇ်ကို ပေါ်တူဂီတိုက်စစ်မှူးရဲ့အစ်မဖြစ်သူ ကာတီယာအဗယ်ရိုက အချက်ကျကျတုံ့ပြန်လိုက်ပါတယ်။

ဖရန့်ဖတ်နဲ့ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲတုန်းက ရီးရဲလ်အသင်းတည်းခိုရာဟိုတယ်ကို ရောက်လာချိန်မှာ ပီရက်ဇ်က ပြောသွားခဲ့တာပါ။ ဒီဗွီဒီယိုကလစ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ချက်ချင်းပဲပြန့်နှံ့သွားခဲ့ပါတယ်။

အခုတော့ မောင်ဖြစ်သူအတွက် ကာတီယာတုံ့ပြန်လိုက်တာပါ။ “ မှန်တာပေါ့.. ကျွန်မမောင်က ၃၈ နှစ်ရှိပြီ။ ဒါပေမဲ့ သူက ၂ မီတာအမြင့်လောက်ခုန်နိုင်ပြီး လေထဲမှာ ၃ မိနစ်လောက် ကောင်းကောင်းနေနိုင်သေးတယ်။

သူ့ခန္ဓာကိုယ်က ဝတုတ်ကြီးဖြစ်နေတာလည်း မဟုတ်ဘူး။ အဖိုးကြီးရယ် .. ကိုယ့်ကိုယ်ကိုယ် လေးစားစမ်းပါ။ ရှင့်အသက်က ၇၅ နှစ်တောင်ရှိနေပြီနော် ” လို့ ကာတီယာက အင်စတာဂရမ်မှာ

ရေးသားလိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့အသက်က ၃၈ နှစ်ထဲမှာဆိုပေမယ့် ဖေဖေါ်ဝါရီလ ၅ ရက်မှပြည့်မှာပါ။ ဒါကို အဖိုးကြီးဖြစ်နေပြီလို့ ရီးရဲလ်ဥက္ကဌက သာသာနှက်ပြီးလှောင်ခဲ့တာဖြစ်ပါတယ်။

အခုလို ကတောက်ကဆဖြစ်ရတာဟာ နှစ်ဖက်လုံးအတွက်တော့ မကောင်းနိုင်ပါဘူး။ ဘာနေဗျူးမှာ ကျင်လည်ခဲ့တဲ့ ၉ နှစ်တာကာလမှာ ရော်နယ်ဒိုဟာ ပီရက်ဇ်နဲ့သားအဖလိုဆက်ဆံရေးမျိုး ရှိခဲ့တာပါ။

ဒါကြောင့် ပရိသတ်တွေကလည်း နှုတ်မစောင့်တဲ့သူလို့ ပီရက်ဇ်ကိုဝေဖန်နေကြသလို ဘန်ဇီမာ ခြေစွမ်းပြလာတာကြောင့် မာန်တက်သွားတာလားလို့လည်း လှောင်ပြောင်နေကြပါတယ်။

(zawgyi)

ေရာ္နယ္ဒိုကိုျပန္ေခၚစရာလား။ သူက အသက္ ၃၈ ႏွစ္ေတာင္ရွိေနၿပီဆိုတဲ့ ရီးရဲလ္ဥကၠဌပီရက္ဇ္ကို ေပၚတူဂီတိုက္စစ္မႉးရဲ႕အစ္မျဖစ္သူ ကာတီယာအဗယ္႐ိုက အခ်က္က်က်တုံ႔ျပန္လိုက္ပါတယ္။

ဖရန႔္ဖတ္နဲ႔ကစားခဲ့တဲ့ ဥေရာပစူပါဖလားပြဲတုန္းက ရီးရဲလ္အသင္းတည္းခိုရာဟိုတယ္ကို ေရာက္လာခ်ိန္မွာ ပီရက္ဇ္က ေျပာသြားခဲ့တာပါ။ ဒီဗြီဒီယိုကလစ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ခ်က္ခ်င္းပဲျပန

႔္ႏွံ႔သြားခဲ့ပါတယ္။ အခုေတာ့ ေမာင္ျဖစ္သူအတြက္ ကာတီယာတုံ႔ျပန္လိုက္တာပါ။ “ မွန္တာေပါ့.. ကြၽန္မေမာင္က ၃၈ ႏွစ္ရွိၿပီ။ ဒါေပမဲ့ သူက ၂ မီတာအျမင့္ေလာက္ခုန္ႏိုင္ၿပီး ေလထဲမွာ ၃ မိနစ္ေလာက္

ေကာင္းေကာင္းေနႏိုင္ေသးတယ္။ သူ႔ခႏၶာကိုယ္က ဝတုတ္ႀကီးျဖစ္ေနတာလည္း မဟုတ္ဘူး။ အဖိုးႀကီးရယ္ .. ကိုယ့္ကိုယ္ကိုယ္ ေလးစားစမ္းပါ။ ရွင့္အသက္က ၇၅ ႏွစ္ေတာင္ရွိေနၿပီေနာ္ ” လို႔

ကာတီယာက အင္စတာဂရမ္မွာ ေရးသားလိုက္တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုရဲ႕အသက္က ၃၈ ႏွစ္ထဲမွာဆိုေပမယ့္ ေဖေဖၚဝါရီလ ၅ ရက္မွျပည့္မွာပါ။ ဒါကို အဖိုးႀကီးျဖစ္ေနၿပီလို႔ ရီးရဲလ္ဥကၠဌက

သာသာႏွက္ၿပီးေလွာင္ခဲ့တာျဖစ္ပါတယ္။ အခုလို ကေတာက္ကဆျဖစ္ရတာဟာ ႏွစ္ဖက္လုံးအတြက္ေတာ့ မေကာင္းႏိုင္ပါဘူး။ ဘာေနဗ်ဴးမွာ က်င္လည္ခဲ့တဲ့ ၉ ႏွစ္တာကာလမွာ ေရာ္နယ္ဒိုဟာ ပီရက္ဇ္နဲ႔သားအဖလိုဆက္ဆံေရးမ်ိဳး ရွိခဲ့တာပါ။

ဒါေၾကာင့္ ပရိသတ္ေတြကလည္း ႏႈတ္မေစာင့္တဲ့သူလို႔ ပီရက္ဇ္ကိုေဝဖန္ေနၾကသလို ဘန္ဇီမာ ေျခစြမ္းျပလာတာေၾကာင့္ မာန္တက္သြားတာလားလို႔လည္း ေလွာင္ေျပာင္ေနၾကပါတယ္။