အပြောင်းအလဲ လုပ်ဖို့ ဆက်ရှောင်နေရင် တင်ဟက်လည်း ဦးဆိုးလ်လိုပဲ ယူနိုက်တက်မှာ ဒုက္ခရောက်ဦးမယ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက နည်းပြပစ်မှတ်ဖြစ်တဲ့ အဲရစ်

တင်ဟက်မှာလည်း အိုလေ ဂန်းနား ဆိုးရှားလိုပဲ နည်းစနစ်ပိုင်း

အားနည်းချက်တွေရှိကြောင်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

ယူနိုက်ကတ်ဟာ လွတ်လပ်နေတဲ့ နည်းပြရာထူးအတွက် တင်ဟက်ကို

အင်တာဗျူးခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းအရ သိရပါတယ်။

သရဲနီပရိသတ်အများစုက ဒတ်ချ်နည်းပြဟာ အသင်းကို အင်္ဂလိပ်

ဘောလုံးလောက ထိပ်ဆုံးဆီ ပြန်လည်ရောက်ရှိနိုင်ဖို့ ကူညီလမ်းပြပေး

လိမ့်မယ်လို့ မျှော်လင့်လျက်ရှိကြပါတယ်။ အေဂျက်နည်းပြဟောင်းတစ်ဦးရဲ့

အဆိုအရ တင်ဟက်ကလည်း မျက်လှည့်ဆရာမဟုတ်တဲ့အတွက်

သူ့ရဲ့ ဘောလုံးဒဿနတွေကို ကစားသမားတွေထဲ ရိုက်သွင်းပြီး သူ့ရဲ့

ဘောလုံးကစားဟန်ကို အကောင်အထည် ဖော်ဖို့ အချိန်ပေးရလိမ့်မယ်လို့

ဆိုခဲ့ပါတယ်။ အေဂျက်အသင်းဟာ လက်ရှိမှာ ဘင်ဖီကာအသင်းကို

အရေးနိမ့်ပြီး ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

နယ်သာလန်အင်အားကြီးအသင်းဟာ ပေါ်တူဂီကလပ်ကို ဘောလုံးပိုင်ဆိုင်မှု

အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

အေဂျက် နည်းပြဟောင်း Aad de Mos က အဆိုပါ ပွဲစဉ်အပြီး

the Kick-off podcast နဲ့ တွေ့ဆုံရာမှာ “ အေဂျက်အတွက် လက်ရှိ

ပုံစံကောင်းမပြနိုင်တဲ့ကစားသမားတွေအနေနဲ့ တစ်ချိန်ချိန်မှာ

ပုံစံကောင်း ပြန်ပြနိုင်ဖို့ မျှော်လင့်ရုံပဲရှိပါတယ်။ အန်တိုနီ ၊ ဒူဆန် တာဒစ် ၊

Steven Berghuis တို့က လက်ရှိမှာ အနည်းငယ် အကျဉ်းအကျပ်ထဲ

ရောက်နေတဲ့ ကစားသမားတွေဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အိုလေ ဂန်းနား ဆိုးရှားက

ဟယ်ရီ မက်ဂွဲယား ၊ လုခ်ရှော ၊ မားကတ် ရက်ဖု့ိဒ် အပါအဝင်

ကစားသမားအချို့ကို အလွန်အကျွံ အသုံးပြုခဲ့တာကြောင့် အလားတူပဲ

ဝေဖန်ခံခဲ့ရတာ မှတ်မိကြပါလိမ့်မယ်။ De Mos က ဆက်ပြီး

“ တင်ဟက်က ပွဲကို ကောင်းကောင်း မဖတ်တတ်ဘူး။”လို့ သုံးသပ်ခဲ့ပါတယ်။

“ သူက လူစားလဲဖို့ အတော်လေး အချိန်ယူပါတယ်။

ဒါမျိုး လစ္စဘွန်းမှာ လုပ်ခဲ့တယ် ၊ ခုလည်း လုပ်ပြန်ပြီ။

ဟယ်လာကို လူစားလဲဖို့ မလိုအပ်ပါဘူး။

ဒါပေမယ့် သူ့ကို နောက်ထပ်တိုက်စစ်မှူးတစ်ဦး ပေါင်းထည့်လိုက်မယ်ဆိုရင်

ဒီကောင်တွေ ဒုက္ခရောက်သွားပါလိမ့်မယ်။” “ ဒီလိုပွဲမျိုးမှာ ခံစားချက်တွေ

နဲနဲ‌လောက် ပိုပြီး ထုတ်ပြရပါတယ်။ ခုံပေါ်ထိုင်ပြီး ပုန်းနေလို့မရပါဘူး။

ကွင်းထဲမှာ ရလာဒ်တွေ ရှုပ်ထွေးနေချိန် ဘေးစည်းနားသွားပြီး

နဲနဲလောက် မီးမွှေးပြရပါတယ်။ ဒါပေမယ့် ခင်ဗျားက ဘင်ဖီကာကို

သူတို့လိုချင်တဲ့ ပုံစံအတိုင်း ကစားပေးခဲ့ပါတယ်။”

“ တင်ဟက်အနေနဲ့ အရံခုံက ကစားသမားကို ထည့်ပြီး

(ကွင်းထဲက ကစားသမားတွေကို ) ဒီလိုလုပ်လို့ ဘယ်ရမလဲဆိုတာပြရပါမယ်။

တာဒစ်ကိုလည်း တခါတလေတော့ လူစားလဲလို့ ရတယ်မလား?”

ဆိုးရှားနဲ့ ပတ်သက်ပြီး ဝေဖန်နေကျအချက်က ပွဲရဲ့ ရလာဒ်ကို

အပြောင်းအလဲဖြစ်စေဖို့ အချိန်မလုံလောက်‌တော့ပဲ နောက်ကျမှ

လူစားလဲခြင်းဖြစ်ပါတယ်။ ယခုရာဖ် ရန်းညစ်ခ် လက်ထက်မှာတောင်

အလားတူအခြေအနေတွေ ကြုံတွေ့ရပါသေးတယ်။

တင်ဟက်က လက်ရှိ ယူနိုက်တက် ရနိုင်တဲ့ အကောင်းဆုံးနည်းပြ

တစ်ဦးဆိုပေမယ့် သူကလည်း လေ့လာမှုတွေ ပြုလုပ်ရအုံးမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ( ၂၀၁၈ ) က ပက်ဂွာဒီယိုလာ ဟာ( ၂၀၂၂ ) က

ပက်ဂွာဒီယိုလာနဲ့‌ လုံးဝကွဲပြားပါတယ်။ ဒါကြောင့် ဒတ်ချ်နည်းပြအနေနဲ့

အလုပ်ဖြစ်ဖို့ အချိန်ယူရပါမယ်။ ကစားသမားအင်အားတောင့်တင်းလာချိန်မှာတော့

သူလည်း ပုံမှန်လူစားလဲမှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေ

ပြုလုပ်ဖို့ ဆက်ပြီးရှောင်နအုံးမယ်ဆိုရင်‌တော့ သူလည်း အိုးထရတ်ဖို့ဒ်မှာ

ဒုက္ခရောက်သွားနိုင်ပါတယ်။

zawgyi

အေျပာင္းအလဲ လုပ္ဖို႔ ဆက္ေရွာင္ေနရင္ တင္ဟက္လည္း ဦးဆိုးလ္လိုပဲ ယူႏိုက္တက္မွာ ဒုကၡေရာက္ဦးမယ္

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဓိက နည္းျပပစ္မွတ္ျဖစ္တဲ့ အဲရစ္

တင္ဟက္မွာလည္း အိုေလ ဂန္းနား ဆိုးရွားလိုပဲ နည္းစနစ္ပိုင္း

အားနည္းခ်က္ေတြရွိေၾကာင္း သုံးသပ္ေျပာဆိုမႈေတြ ရွိေနပါတယ္။

ယူႏိုက္ကတ္ဟာ လြတ္လပ္ေနတဲ့ နည္းျပရာထူးအတြက္ တင္ဟက္ကို

အင္တာဗ်ဴးခဲ့ေၾကာင္း မန္ခ်က္စတာညေနခင္းသတင္းအရ သိရပါတယ္။

သရဲနီပရိသတ္အမ်ားစုက ဒတ္ခ်္နည္းျပဟာ အသင္းကို အဂၤလိပ္

ေဘာလုံးေလာက ထိပ္ဆုံးဆီ ျပန္လည္ေရာက္ရွိႏိုင္ဖို႔ ကူညီလမ္းျပေပး

လိမ့္မယ္လို႔ ေမွ်ာ္လင့္လ်က္ရွိၾကပါတယ္။ ေအဂ်က္နည္းျပေဟာင္းတစ္ဦးရဲ႕

အဆိုအရ တင္ဟက္ကလည္း မ်က္လွည့္ဆရာမဟုတ္တဲ့အတြက္

သူ႔ရဲ႕ ေဘာလုံးဒႆနေတြကို ကစားသမားေတြထဲ ႐ိုက္သြင္းၿပီး သူ႔ရဲ႕

ေဘာလုံးကစားဟန္ကို အေကာင္အထည္ ေဖာ္ဖို႔ အခ်ိန္ေပးရလိမ့္မယ္လို႔

ဆိုခဲ့ပါတယ္။ ေအဂ်က္အသင္းဟာ လက္ရွိမွာ ဘင္ဖီကာအသင္းကို

အေရးနိမ့္ၿပီး ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ကေန ထြက္ခြာခဲ့ရပါတယ္။

နယ္သာလန္အင္အားႀကီးအသင္းဟာ ေပၚတူဂီကလပ္ကို ေဘာလုံးပိုင္ဆိုင္မႈ

အသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ သြင္းဂိုးရယူႏိုင္ခဲ့ျခင္း မရွိပါဘူး။

ေအဂ်က္ နည္းျပေဟာင္း Aad de Mos က အဆိုပါ ပြဲစဥ္အၿပီး

the Kick-off podcast နဲ႔ ေတြ႕ဆုံရာမွာ “ ေအဂ်က္အတြက္ လက္ရွိ

ပုံစံေကာင္းမျပႏိုင္တဲ့ကစားသမားေတြအေနနဲ႔ တစ္ခ်ိန္ခ်ိန္မွာ

ပုံစံေကာင္း ျပန္ျပႏိုင္ဖို႔ ေမွ်ာ္လင့္႐ုံပဲရွိပါတယ္။ အန္တိုနီ ၊ ဒူဆန္ တာဒစ္ ၊

Steven Berghuis တို႔က လက္ရွိမွာ အနည္းငယ္ အက်ဥ္းအက်ပ္ထဲ

ေရာက္ေနတဲ့ ကစားသမားေတြျဖစ္ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ အိုေလ ဂန္းနား ဆိုးရွားက

ဟယ္ရီ မက္ဂြဲယား ၊ လုခ္ေရွာ ၊ မားကတ္ ရက္ဖု႔ိဒ္ အပါအဝင္

ကစားသမားအခ်ိဳ႕ကို အလြန္အကြၽံ အသုံးျပဳခဲ့တာေၾကာင့္ အလားတူပဲ

ေဝဖန္ခံခဲ့ရတာ မွတ္မိၾကပါလိမ့္မယ္။ De Mos က ဆက္ၿပီး

“ တင္ဟက္က ပြဲကို ေကာင္းေကာင္း မဖတ္တတ္ဘူး။”လို႔ သုံးသပ္ခဲ့ပါတယ္။

“ သူက လူစားလဲဖို႔ အေတာ္ေလး အခ်ိန္ယူပါတယ္။

ဒါမ်ိဳး လစၥဘြန္းမွာ လုပ္ခဲ့တယ္ ၊ ခုလည္း လုပ္ျပန္ၿပီ။

ဟယ္လာကို လူစားလဲဖို႔ မလိုအပ္ပါဘူး။

ဒါေပမယ့္ သူ႔ကို ေနာက္ထပ္တိုက္စစ္မႉးတစ္ဦး ေပါင္းထည့္လိုက္မယ္ဆိုရင္

ဒီေကာင္ေတြ ဒုကၡေရာက္သြားပါလိမ့္မယ္။” “ ဒီလိုပြဲမ်ိဳးမွာ ခံစားခ်က္ေတြ

နဲနဲ‌ေလာက္ ပိုၿပီး ထုတ္ျပရပါတယ္။ ခုံေပၚထိုင္ၿပီး ပုန္းေနလို႔မရပါဘူး။

ကြင္းထဲမွာ ရလာဒ္ေတြ ရႈပ္ေထြးေနခ်ိန္ ေဘးစည္းနားသြားၿပီး

နဲနဲေလာက္ မီးေမႊးျပရပါတယ္။ ဒါေပမယ့္ ခင္ဗ်ားက ဘင္ဖီကာကို

သူတို႔လိုခ်င္တဲ့ ပုံစံအတိုင္း ကစားေပးခဲ့ပါတယ္။”

“ တင္ဟက္အေနနဲ႔ အရံခုံက ကစားသမားကို ထည့္ၿပီး

(ကြင္းထဲက ကစားသမားေတြကို ) ဒီလိုလုပ္လို႔ ဘယ္ရမလဲဆိုတာျပရပါမယ္။

တာဒစ္ကိုလည္း တခါတေလေတာ့ လူစားလဲလို႔ ရတယ္မလား?”

ဆိုးရွားနဲ႔ ပတ္သက္ၿပီး ေဝဖန္ေနက်အခ်က္က ပြဲရဲ႕ ရလာဒ္ကို

အေျပာင္းအလဲျဖစ္ေစဖို႔ အခ်ိန္မလုံေလာက္‌ေတာ့ပဲ ေနာက္က်မွ

လူစားလဲျခင္းျဖစ္ပါတယ္။ ယခုရာဖ္ ရန္းညစ္ခ္ လက္ထက္မွာေတာင္

အလားတူအေျခအေနေတြ ႀကဳံေတြ႕ရပါေသးတယ္။

တင္ဟက္က လက္ရွိ ယူႏိုက္တက္ ရႏိုင္တဲ့ အေကာင္းဆုံးနည္းျပ

တစ္ဦးဆိုေပမယ့္ သူကလည္း ေလ့လာမႈေတြ ျပဳလုပ္ရအုံးမွာျဖစ္ပါတယ္။

ဥပမာအေနနဲ႔ ( ၂၀၁၈ ) က ပက္ဂြာဒီယိုလာ ဟာ( ၂၀၂၂ ) က

ပက္ဂြာဒီယိုလာနဲ႔‌ လုံးဝကြဲျပားပါတယ္။ ဒါေၾကာင့္ ဒတ္ခ်္နည္းျပအေနနဲ႔

အလုပ္ျဖစ္ဖို႔ အခ်ိန္ယူရပါမယ္။ ကစားသမားအင္အားေတာင့္တင္းလာခ်ိန္မွာေတာ့

သူလည္း ပုံမွန္လူစားလဲမႈေတြ ျပဳလုပ္လာႏိုင္ပါတယ္။ ဒါေပမယ့္ အေျပာင္းအလဲေတြ

ျပဳလုပ္ဖို႔ ဆက္ၿပီးေရွာင္နအုံးမယ္ဆိုရင္‌ေတာ့ သူလည္း အိုးထရတ္ဖို႔ဒ္မွာ

ဒုကၡေရာက္သြားႏိုင္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*