အပြောင်းအလဲနှစ်ခုရဲ့ကျေးဇူးတော်ကြောင့် အက်သလက်တီကိုအိမ်ကွင်းဝတ်စုံ အဆိုးရွားဆုံးရောင်းအားစံချိန်တင်

အက်သလက်တီကိုအသင်းရဲ့ ရာသီသစ်အိမ်ကွင်းဝတ်စုံဟာ အသင်းသမိုင်းမှာ ရောင်းအားအနည်းဆုံးအဖြစ် စံချိန်တင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့

အပြောင်းအလဲနှစ်ခုလုပ်ခဲ့တဲ့ ကျေးဇူးကြောင့်ပါ။ လာလီဂါကလပ်ဟာ ဒီနွေအစောပိုင်းမှာ ၂၀၂၂-၂၃ ရာသီအတွက် အင်္ကျီသစ်တွေကို စတင်ရောင်းချခဲ့ပါတယ်။

သိသိသာသာပြောင်းလဲထားတာကတော့ အနီနဲ့အဖြူရောင်အစင်းတွေကို ပုံမှန်အဖြောင့်အစား ကွေ့ကောက်ထားခဲ့တာပါ။ စပိန်မီဒီယာ Confidencial Digital က ပြောင်းလဲလိုက်တဲ့ဒီဇိုင်းဟာ

ရိုးရာအစဉ်အလာကြိုက်တဲ့ ပရိသတ်တွေအတွက် အဆင်မပြေခဲ့ဘူးလို့ ဖေါ်ပြပါတယ်။ အသင်းရဲ့သတင်းရင်းမြစ်တွေဆီကလည်း မနှစ်ကရောင်းအားထက် ၄၀ ရာခိုင်နှုန်းကျဆင်းသွားပြီး

အလားအလာမကောင်းဘူးဆိုတာ ပြနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အက်သလက်တီကိုဟာ သူတို့ရဲ့ဂန္ထဝင်အစင်းကြောင်းတွေကို ပြန်လည်ထုတ်လုပ်ဖို့

စီစဉ်နေရတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ အင်္ကျီရောင်းအားတွေ ဆိုးဆိုးရွားရွားကျဆင်းခဲ့ရာမှာ နောက်ထပ်အပြောင်းအလဲတစ်ခု ရှိနေပါသေးတယ်။

အသင်းရဲ့သိမ်မွေ့တဲ့ တံဆိပ်ပုံစံကို ၂၀၁၆ ကစပြီး ပြောင်းလဲခဲ့တာပါ။ အဝါရောင်အောက်လိုင်းပေါ်မှာ အနီနဲ့အဖြူရောင်အစင်းပါတဲ့ လိုဂိုဟောင်းကို ပိုပြီးရှင်းလင်းပီသတဲ့ပုံစံပြောင်းခဲ့တာဖြစ်ပါတယ်။

အသင်းဝက်ဘ်ဆိုက်မှာ စတော့ရှယ်ယာရောင်းအား သိသိသာသာကျဆင်းသွားခဲ့သလို လိုဂိုအဟာင်းနဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်ထုတ်ချိန်မှာ လျင်လျင်မြန်မြန်ပဲ အားလုံးကုန်အောင်ရောင်းနိုင်ခဲ့တာက သက်သေပါပဲ။

(zawgyi)

အက္သလက္တီကိုအသင္းရဲ႕ ရာသီသစ္အိမ္ကြင္းဝတ္စုံဟာ အသင္းသမိုင္းမွာ ေရာင္းအားအနည္းဆုံးအျဖစ္ စံခ်ိန္တင္သြားခဲ့တယ္လို႔ သိရပါတယ္။ ဒါကေတာ့

အေျပာင္းအလဲႏွစ္ခုလုပ္ခဲ့တဲ့ ေက်းဇူးေၾကာင့္ပါ။ လာလီဂါကလပ္ဟာ ဒီေႏြအေစာပိုင္းမွာ ၂၀၂၂-၂၃ ရာသီအတြက္ အက်ႌသစ္ေတြကို စတင္ေရာင္းခ်ခဲ့ပါတယ္။ သိသိသာသာေျပာင္းလဲထားတာကေတာ့

အနီနဲ႔အျဖဴေရာင္အစင္းေတြကို ပုံမွန္အေျဖာင့္အစား ေကြ႕ေကာက္ထားခဲ့တာပါ။ စပိန္မီဒီယာ Confidencial Digital က ေျပာင္းလဲလိုက္တဲ့ဒီဇိုင္းဟာ ႐ိုးရာအစဥ္အလာႀကိဳက္တဲ့

ပရိသတ္ေတြအတြက္ အဆင္မေျပခဲ့ဘူးလို႔ ေဖၚျပပါတယ္။ အသင္းရဲ႕သတင္းရင္းျမစ္ေတြဆီကလည္း မႏွစ္ကေရာင္းအားထက္ ၄၀ ရာခိုင္ႏႈန္းက်ဆင္းသြားၿပီး

အလားအလာမေကာင္းဘူးဆိုတာ ျပေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အက္သလက္တီကိုဟာ သူတို႔ရဲ႕ဂႏၴဝင္အစင္းေၾကာင္းေတြကို ျပန္လည္ထုတ္လုပ္ဖို႔ စီစဥ္ေနရတယ္ဆိုတဲ့

သတင္းေတြလည္း ထြက္ေနပါတယ္။ အက်ႌေရာင္းအားေတြ ဆိုးဆိုး႐ြား႐ြားက်ဆင္းခဲ့ရာမွာ ေနာက္ထပ္အေျပာင္းအလဲတစ္ခု ရွိေနပါေသးတယ္။

အသင္းရဲ႕သိမ္ေမြ႕တဲ့ တံဆိပ္ပုံစံကို ၂၀၁၆ ကစၿပီး ေျပာင္းလဲခဲ့တာပါ။ အဝါေရာင္ေအာက္လိုင္းေပၚမွာ အနီနဲ႔အျဖဴေရာင္အစင္းပါတဲ့ လိုဂိုေဟာင္းကို ပိုၿပီးရွင္းလင္းပီသတဲ့ပုံစံေျပာင္းခဲ့တာျဖစ္ပါတယ္။

အသင္းဝက္ဘ္ဆိုက္မွာ စေတာ့ရွယ္ယာေရာင္းအား သိသိသာသာက်ဆင္းသြားခဲ့သလို လိုဂိုအဟာင္းနဲ႔ ၇၅ ႏွစ္ျပည့္အထိမ္းအမွတ္ထုတ္ခ်ိန္မွာ လ်င္လ်င္ျမန္ျမန္ပဲ အားလုံးကုန္ေအာင္ေရာင္းႏိုင္ခဲ့တာက သက္ေသပါပဲ။