အပြာရောင် နံပါတ် ၉ ကျိန်စာကနေ လွတ်မြောက်နိုင်ပါ့မလား အူဘာမီယန်း

ကက်ဇ်မန်း၊ ဖာနန်ဒိုတောရက်စ်၊ ဖယ်ကာအို၊ မိုရာတာ၊ ဟီဂူအင်။ ပြီးတော့ လူကာကူပေါ့။ ထိပ်ထိပ်ကြဲတွေလို့ မပြောချင်ရင်တောင် မခေတဲ့တိုက်စစ်မှူးတွေဆိုတာ ငြင်းမရပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ နံပါတ် ၉ သင်္ချိုင်းမှာ မြှုပ်နှံခံခဲ့ရတယ်။

အရင်အသင်းတွေကခြေစွမ်းမျိုးဟာ အပြာရောင် နံပါတ်၉ ဂျာစီကို ဝတ်ဆင်လိုက်တဲ့နောက် ပျောက်ကွယ်သွားခဲ့ရတယ်။ ဒါကြောင့်လည်း ချဲလ်ဆီးရဲ့နံပါတ် ၉ ဟာ ကျိန်စာသင့်နေတာလို့ ဘောလုံးကမ္ဘာမှာ ပြောစမှတ်ဖြစ်နေတာပါ။

အူဘာမီယန်းကတော့ ဒီစိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ပဲ လက်ခံလာခဲ့ပါတယ်။ နွေဈေးကွက်နောက်ဆုံးရက်မှာ ဘာစီလိုနာကနေ ၂ နှစ်စာချုပ်နဲ့ရောက်လာခဲ့တဲ့ ဂါဘွန်သားဟာ နံပါတ် ၉ ကို ဆက်ခံလိုက်တယ်။ ကက်တာလန်ကလပ်မှာ

သူဝတ်ခဲ့တာက နံပါတ် ၁၇ ပါ။ ဒေါ့တ်မန်မှာတုန်းကလည်း ၁၇ ပါပဲ။ လန်ဒန်ဒါဘီအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မယ့် အသင်းဟောင်း အာဆင်နယ်မှာတုန်းကတော့ အွန်နရီဝတ်ခဲ့ဖူးတဲ့ နံပါတ် ၁၄ ဖြစ်ပါတယ်။

နံပါတ် ၉ ကို သူဝတ်ခဲ့ဖူးတာ နည်းနည်းတော့ကြာခဲ့ပါပြီ။ ပြင်သစ်ကလပ် စိန့်အက်တီယန်မှာတုန်းကပါ။ ဒီဂျွန်ရောက်တော့လည်း ၇ ဝတ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ဝတ်ဆင်နေတဲ့ကျောနံပါတ်က ၉ ဖြစ်ပါတယ်။

သူ့အတွက် ကျောနံပါတ်တွေက အဓိကမကျဘူးဆိုရင်တော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အဆင်ပြေပါလိမ့်မယ်။ တနည်းအားဖြင့် ပရီးမီးယားလိဂ်မှာ မပြီးဆုံးသေးတဲ့ကိစ္စတွေ ရှင်းဖို့ရှိနေတာကြောင့် တစ်ကျော့ပြန်ရောက်လာခဲ့တာဆိုတဲ့ အူဘာမီယန်း ချဲလ်ဆီးရဲ့ နံပါတ် ၉ ကျိန်စာကနေ လွတ်မြောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

(zawgyi)

ကက္ဇ္မန္း၊ ဖာနန္ဒိုေတာရက္စ္၊ ဖယ္ကာအို၊ မိုရာတာ၊ ဟီဂူအင္။ ၿပီးေတာ့ လူကာကူေပါ့။ ထိပ္ထိပ္ႀကဲေတြလို႔ မေျပာခ်င္ရင္ေတာင္ မေခတဲ့တိုက္စစ္မႉးေတြဆိုတာ ျငင္းမရပါဘူး။ ဒါေပမဲ့ သူတို႔ေတြဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ နံပါတ္ ၉ သခ်ႋဳင္းမွာ ျမႇဳပ္ႏွံခံခဲ့ရတယ္။

အရင္အသင္းေတြကေျခစြမ္းမ်ိဳးဟာ အျပာေရာင္ နံပါတ္၉ ဂ်ာစီကို ဝတ္ဆင္လိုက္တဲ့ေနာက္ ေပ်ာက္ကြယ္သြားခဲ့ရတယ္။ ဒါေၾကာင့္လည္း ခ်ဲလ္ဆီးရဲ႕နံပါတ္ ၉ ဟာ က်ိန္စာသင့္ေနတာလို႔ ေဘာလုံးကမာၻမွာ ေျပာစမွတ္ျဖစ္ေနတာပါ။

အူဘာမီယန္းကေတာ့ ဒီစိန္ေခၚမႈကို ရဲရဲဝံ့ဝံ့ပဲ လက္ခံလာခဲ့ပါတယ္။ ေႏြေဈးကြက္ေနာက္ဆုံးရက္မွာ ဘာစီလိုနာကေန ၂ ႏွစ္စာခ်ဳပ္နဲ႔ေရာက္လာခဲ့တဲ့ ဂါဘြန္သားဟာ နံပါတ္ ၉ ကို ဆက္ခံလိုက္တယ္။ ကက္တာလန္ကလပ္မွာ သူဝတ္ခဲ့တာက နံပါတ္ ၁၇ ပါ။

ေဒါ့တ္မန္မွာတုန္းကလည္း ၁၇ ပါပဲ။ လန္ဒန္ဒါဘီအျဖစ္ ျပန္လည္ရင္ဆိုင္ရေတာ့မယ့္ အသင္းေဟာင္း အာဆင္နယ္မွာတုန္းကေတာ့ အြန္နရီဝတ္ခဲ့ဖူးတဲ့ နံပါတ္ ၁၄ ျဖစ္ပါတယ္။ နံပါတ္ ၉ ကို သူဝတ္ခဲ့ဖူးတာ နည္းနည္းေတာ့ၾကာခဲ့ပါၿပီ။

ျပင္သစ္ကလပ္ စိန႔္အက္တီယန္မွာတုန္းကပါ။ ဒီဂြၽန္ေရာက္ေတာ့လည္း ၇ ဝတ္ခဲ့ပါတယ္။ ဒါေပမဲ့ ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာ ဝတ္ဆင္ေနတဲ့ေက်ာနံပါတ္က ၉ ျဖစ္ပါတယ္။ သူ႔အတြက္ ေက်ာနံပါတ္ေတြက အဓိကမက်ဘူးဆိုရင္ေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အဆင္ေျပပါလိမ့္မယ္။

တနည္းအားျဖင့္ ပရီးမီးယားလိဂ္မွာ မၿပီးဆုံးေသးတဲ့ကိစၥေတြ ရွင္းဖို႔ရွိေနတာေၾကာင့္ တစ္ေက်ာ့ျပန္ေရာက္လာခဲ့တာဆိုတဲ့ အူဘာမီယန္း ခ်ဲလ္ဆီးရဲ႕ နံပါတ္ ၉ က်ိန္စာကေန လြတ္ေျမာက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။