





အင်္ဂလန်ပရိသတ်တွေအတွက် ကာတာမှာကျင်းပမယ့် (၂၀၂၂)
ကမ္ဘာ့ဖလားပြိုင်ပွဲက စိတ်အိုက်စရာတွေ အများကြီးရှိနေတယ်လို့





သတင်းတွေကဖော်ပြလာပါတယ်။ ကာတာဟာ ဘာသာရေးစည်းကမ်း
တင်းကျပ်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အနောက်နိုင်ငံက ပရိသတ်တွေအတွက်
အခက်အခဲအများအပြားရှိမှာပါ။ ဘောလုံးလောကမှာ အားပေးအကြမ်းဆုံးနဲ့





ပရိသတ်အများဆုံးလိုက်ပါအားပေးလေ့ရှိတဲ့ အင်္ဂလန်လက်ရွေးစင်အသင်း
ပရိသတ်တွေအတွက် ကာတာမှာဈေးသက်သာတဲ့နေရာတွေအားလုံးက





ကြိုတင်ဘိုကင်တွေနဲ့ပြည့်နှက်နေခဲ့ပြီးသားဖြစ်တာကြောင့် နေထိုင်ရေးမှာ
ပေါချောင်ကောင်းသုံးဖို့ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် အယ်လ်ကိုဟောနဲ့ပတ်သက်ရင် ကန့်သတ်ချက်များတဲ့





ကာတာနိုင်ငံမှာ အရက်၊ဘီယာဈေးနှုန်းကလည်းအဆမတန်မြင့်တက်
နေတာကြောင့် ဒါကလည်းပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။





ပရိသတ်တွေကို ဘောလုံးကွင်းပတ်ဝန်းကျင်မှာပဲ အရက်ဘီယာ
သောက်သုံးခွင့်ပေးမှာဖြစ်ပြီး ကွင်းအတွင်းယူဆောင်ခွင့်ပေးမှာ
မဟုတ်ဘူးလို့သိရပါတယ်။ လေယာဉ် စရိတ်ကလည်း ဘုရားတပြီး စီးရမှာပါ။





ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်တွေအရ အစစအရာရာဈေးနှုန်းကြီးမြင့်ပြီး
အကန့်အသတ်တွေများတဲ့ အဲဒီကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ်တစ်သန်းခွဲခန့်





လာရောက်ကြလိမ့်မယ်လို့ ခန့်မှန်းကြပြီး လွန်ခဲ့တဲ့၅၂နှစ်က မက္ကဆီကိုမှာ
ကျင်းပတဲ့ကမ္ဘာ့ဖလားနောက်ပိုင်းပရိသတ်အနည်းဆုံးလာရောက်တဲ့
ပွဲအဖြစ်မှတ်တမ်းဝင်လိမ့်မယ်လို့ ဆိုထားပါတယ်။





အင်္ဂလန်ဟာ အုပ်စုဘီမှာ အမေရိကန်၊ အီရန်နဲ့ ဝေးလ်စ် /
စကော့တလန် / ယူကရိန်း တစ်သင်းသင်းနဲ့ ကစားရမှာဖြစ်ပြီး





ပြိုင်ပွဲရဲ့ အဖွင့်ပွဲနေ့မှာတင် စတင်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။
အင်္ဂလန်ပရိသတ်တွေဟာ ကာတာနိုင်ငံအတွင်းကို ဝင်ရောက်ဖို့
အတွက်လည်း ပွဲလက်မှတ်တွေကြိုတင်ဝယ်ယူထားဖို့ လိုအပ်ပြီး





အဲဒီလိုမှမဟုတ်ရင်တော့ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ရရှိမှာမဟုတ်ဘူး
လို့လည်း သိရှိရပါတယ်။





zawgyi
အပျော်မက်တဲ့ အင်္ဂလန်ပရိသတ်တွေ အခက်ကြုံစရာတွေနဲ့ စောင့်ကြိုနေမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ























































လို့လည်း သိရှိရပါတယ်။
Leave a Reply