အပေါစားဆန်လွန်းတဲ့ ဘောလုံးအတွေးအခေါ်တွေနဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေ

နည်းပြသောမတ်စ်တူချယ်လို အရည်အသွေးရှိတဲ့ ဂုရုတစ်ယောက်ကို သွေးရူးသွေးတန်းနဲ့ ရာထူးက ထုတ်ပစ်ပြီးတဲ့နောက် ပေါ်တာကို မှော်ဆရာ အထင်နဲ့ ဇွတ်အထင်တွေ ကြီးနေတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေ တစ်ယောက် တစ်နေ့တစ်မျိုး မရိုးအောင်ကို တလွဲတွေ လုပ်ပြနေပြီဖြစ်ပါ တယ်။

အခုလည်း သူထုတ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အင်္ဂလန်က ဘောလုံးဝိဇ္ဇာတွေတောင် ဂူအောင်းရတော့မလို ဖြစ်နေပါပြီ။ သူပြောလိုက်တဲ့ အကြောင်းအရာကတော့ ပရီးမီးယားလိဂ် ရာသီအကုန်မှာ လေးသင်းပတ်လည် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမျိုး ကျင်းပရမှာဖြစ်ပြီး အောက်ဆုံး ၃ သင်းက

တိုက်ရိုက် တန်းဆင်းသွားရတာထက် အဲဒီ လေးသင်းထဲကမှ အောက်ဆုံး သုံးသင်းကပဲ ချန်ပီယံရှစ်ကို တန်းဆင်းပေးရမယ့် ပြိုင်ပွဲပုံစံမျိုး ကျင်းပပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲကျင်းပတဲ့ ပုံစံဟာ လက်ရှိ အမေ ရိကတိုက်မှာ ကျင့်သုံးနေတဲ့ ပုံစံမျိုးဖြစ်ပြီး ပူတူကူးချသင့်တယ်လို့ ဘိုလေက

တိုက်တွန်းခဲ့တာပါ။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပနေတဲ့ SALT ညီလာခံရဲ့ အင်တာ ဗျူးတစ်ခုမှာ တော့ဒ်ဘိုလေက ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ ‘’ပရီးမီးယားလိဂ်ဟာ အမေရိကန် အားကစားနည်းတွေဆီကနေပြီး နည်းနည်းပါးပါးတော့

အတုယူလေ့လာသင့်ပါတယ်။ ချင့်ချိန်တွက်ဆကြဖို့လည်း တကယ့်ကို စလုပ်သင့်နေပါပြီ။ အမှတ်ပေးဇယား အောက်ခြေက အသင်း ၄ သင်းပြိုင်ပွဲမျိုး ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ အောစတားဆိုတဲ့ လိဂ်ပြိုင်ပွဲတစ်ခုရော ဘာကြောင့် မရှိနိုင်ရမှာလဲ။ ပရီးမီးယားလိဂ်မှာ တောင် ပိုင်းနဲ့ မြောက်ပိုင်း အောစတားအသင်း

ပွဲစဉ်တစ်ခု လုပ်ပေးနိုင်ပြီး ရန်ပုံငွေ ကိုလည်း ဆင့်ကဲဆင့်ကဲ လွယ်လွယ်ကူကူနဲ့ ထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်ပါ တယ်။ လိဂ်ပြိုင်ပွဲအတွက် အကျိုးအမြတ် ပိုရစေမယ့် စိတ်ကူးမျိုးကို လူတိုင်း ကြိုက်ပါတယ်’’ လို့ တော့ဒ်ဘိုလေက ပြောဆိုခဲ့တာပါ။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သမားရိုးကျမဟုတ်ဘဲ ဆောင်းရာသီကို ရွှေ့ထား တာကြောင့် ပွဲစဉ်တွေ ပြွတ်သိပ် ကျပ်ညပ်နေရတဲ့အထဲမှာ ပြိုင်ပွဲတွေ အဆစ် ထပ်ထည့်ပေးချင်နေသေးတဲ့ တော့ဒ်ဘိုလေရဲ့ စိတ်ကူးအပေါ် ဝေဖန်မှုတွေ

မြင့်တက်လာပြီဖြစ်ပါတယ်။ အမေရိကန်ဆိုတာက ဘောလုံးအားကစားနည်း ကို အားပေးတဲ့ နိုင်ငံမျိုးမဟုတ်တာကို သိသိကြီးနဲ့ ပုံတူကူးချခိုင်းတဲ့ ဘိုလေ ရဲ့ စိတ်ကူးကတော့ အပေါစားဆန်လွန်းတယ်လို့ ဆိုရလေမလားပါပဲ။

(zawgyi)

နည္းျပေသာမတ္စ္တူခ်ယ္လို အရည္အေသြးရွိတဲ့ ဂု႐ုတစ္ေယာက္ကို ေသြး႐ူးေသြးတန္းနဲ႔ ရာထူးက ထုတ္ပစ္ၿပီးတဲ့ေနာက္ ေပၚတာကို ေမွာ္ဆရာ အထင္နဲ႔ ဇြတ္အထင္ေတြ ႀကီးေနတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလ တစ္ေယာက္ တစ္ေန႔တစ္မ်ိဳး မ႐ိုးေအာင္ကို

တလြဲေတြ လုပ္ျပေနၿပီျဖစ္ပါ တယ္။ အခုလည္း သူထုတ္ေျပာလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ အဂၤလန္က ေဘာလုံးဝိဇၨာေတြေတာင္ ဂူေအာင္းရေတာ့မလို ျဖစ္ေနပါၿပီ။ သူေျပာလိုက္တဲ့ အေၾကာင္းအရာကေတာ့ ပရီးမီးယားလိဂ္ ရာသီအကုန္မွာ

ေလးသင္းပတ္လည္ ယွဥ္ၿပိဳင္ရတဲ့ ၿပိဳင္ပြဲမ်ိဳး က်င္းပရမွာျဖစ္ၿပီး ေအာက္ဆုံး ၃ သင္းက တိုက္႐ိုက္ တန္းဆင္းသြားရတာထက္ အဲဒီ ေလးသင္းထဲကမွ ေအာက္ဆုံး သုံးသင္းကပဲ ခ်န္ပီယံရွစ္ကို တန္းဆင္းေပးရမယ့္ ၿပိဳင္ပြဲပုံစံမ်ိဳး က်င္းပေပးဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

အဲဒီ ၿပိဳင္ပြဲက်င္းပတဲ့ ပုံစံဟာ လက္ရွိ အေမ ရိကတိုက္မွာ က်င့္သုံးေနတဲ့ ပုံစံမ်ိဳးျဖစ္ၿပီး ပူတူကူးခ်သင့္တယ္လို႔ ဘိုေလက တိုက္တြန္းခဲ့တာပါ။ အေမရိကန္ႏိုင္ငံ၊ နယူးေယာ့ခ္ၿမိဳ႕မွာ စက္တင္ဘာ ၁၂ ရက္ကေန ၁၄ ရက္အထိ က်င္းပေနတဲ့ SALT ညီလာခံရဲ႕ အင္တာ ဗ်ဴးတစ္ခုမွာ ေတာ့ဒ္ဘိုေလက

ပရီးမီးယားလိဂ္နဲ႔ ပတ္သက္ၿပီး ေျပာဆိုရာမွာေတာ့ ‘’ပရီးမီးယားလိဂ္ဟာ အေမရိကန္ အားကစားနည္းေတြဆီကေနၿပီး နည္းနည္းပါးပါးေတာ့ အတုယူေလ့လာသင့္ပါတယ္။ ခ်င့္ခ်ိန္တြက္ဆၾကဖို႔လည္း တကယ့္ကို စလုပ္သင့္ေနပါၿပီ။ အမွတ္ေပးဇယား ေအာက္ေျခက

အသင္း ၄ သင္းၿပိဳင္ပြဲမ်ိဳး ဘာေၾကာင့္ မျဖစ္ႏိုင္ရမွာလဲ။ ေအာစတားဆိုတဲ့ လိဂ္ၿပိဳင္ပြဲတစ္ခုေရာ ဘာေၾကာင့္ မရွိႏိုင္ရမွာလဲ။ ပရီးမီးယားလိဂ္မွာ ေတာင္ ပိုင္းနဲ႔ ေျမာက္ပိုင္း ေအာစတားအသင္း ပြဲစဥ္တစ္ခု လုပ္ေပးႏိုင္ၿပီး ရန္ပုံေငြ ကိုလည္း

ဆင့္ကဲဆင့္ကဲ လြယ္လြယ္ကူကူနဲ႔ ေထာက္ပံ့ေပးသြားႏိုင္မွာ ျဖစ္ပါ တယ္။ လိဂ္ၿပိဳင္ပြဲအတြက္ အက်ိဳးအျမတ္ ပိုရေစမယ့္ စိတ္ကူးမ်ိဳးကို လူတိုင္း ႀကိဳက္ပါတယ္’’ လို႔ ေတာ့ဒ္ဘိုေလက ေျပာဆိုခဲ့တာပါ။ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲကို သမား႐ိုးက်မဟုတ္ဘဲ

ေဆာင္းရာသီကို ေ႐ႊ႕ထား တာေၾကာင့္ ပြဲစဥ္ေတြ ႁပြတ္သိပ္ က်ပ္ညပ္ေနရတဲ့အထဲမွာ ၿပိဳင္ပြဲေတြ အဆစ္ ထပ္ထည့္ေပးခ်င္ေနေသးတဲ့ ေတာ့ဒ္ဘိုေလရဲ႕ စိတ္ကူးအေပၚ ေဝဖန္မႈေတြ ျမင့္တက္လာၿပီျဖစ္ပါတယ္။

အေမရိကန္ဆိုတာက ေဘာလုံးအားကစားနည္း ကို အားေပးတဲ့ ႏိုင္ငံမ်ိဳးမဟုတ္တာကို သိသိႀကီးနဲ႔ ပုံတူကူးခ်ခိုင္းတဲ့ ဘိုေလ ရဲ႕ စိတ္ကူးကေတာ့ အေပါစားဆန္လြန္းတယ္လို႔ ဆိုရေလမလားပါပဲ။