အပိုင်အခွင့်အရေးကို မိုးပေါ်ထောင်ကန်ခဲ့တဲ့ တိုက်စစ်မှူးသစ်နူနက်ဇ်ကို လီဗာပူးလ်ပရိသတ်တွေ အသည်းပေါက်နေကြ

လေ့ကျင့်ကွင်းမှာတုန်းကတော့ ဒါဝင်နူနက်ဇ်ရဲ့ဘော်ဒီနဲ့လုပ်အားနှုန်းကိုကြည့်ပြီး ဂျာဂင်ကလော့ပ်တောင် ပြုံးဖြီးဖြီးနဲ့သဘောကျနေခဲ့တာပါ။

ဒါပေမဲ့ ဂိုးပေါက်အကျယ်ကြီးကိုထောင်ကန်ဖို့ လေ့ကျင့်နေတာလားလို့ လှောင်ပြောင်ခံရလောက်အောင် နူနက်ဇ် အလွဲကြီးလွဲတဲ့ လေ့ကျင့်ကွင်းဗွီဒီယိုဖိုင်ပေါက်ကြားခဲ့တာကို

ဂျာဂင်ကလော့ပ် မသိလေရော့သလား။ ဘင်ဖီကာတိုက်စစ်မှူးဟောင်းကတော့ မန်ယူကို ၄ ဂိုးပြတ်ရှုံးတဲ့ခြေစမ်းပွဲမှာ သူ့ရဲ့ကျင့်စဉ်တွေကို လက်တွေ့ပြသွားခဲ့ပါတယ်။

ဆာလက်ရဲ့ကန်ချက် ဂိုးဘားတန်းထိပြီး ပြန်ကျလာတာကို ဂိုးထဲမဝင်အောင် ထောင်ကန်ပြသွားခဲ့တာပါ။ ပြိုင်ဘက် မန်ယူဂိုးသမားဟန်ချက်ပျက်နေတာကြောင့် ၈ ကိုက်အကွာမှာရတဲ့

အပိုင်အခွင့်အရေးဖြစ်ပေမယ့် အလွဲကြီးလွဲခဲ့ပါတယ်။ ဒါကြောင့် ကြိုးကြာနီပရိသတ်တွေက ဥရုဂွေးတီမိုဝါနာလို့ နာမည်ပြောင်ပေးပြီး လှောင်ပြောင်နေကြတာပါ။ တကယ်တော့

လီဗာပူးလ်အတွက် ပွဲဦးထွက်မှာအရှက်ကွဲခဲ့ရပေမယ့် နူနက်ဇ်ဟာ မနှစ်ကချန်ပီယံလိဂ်မှာတော့ ကြိုးကြာနီတွေဘက်ကို နှစ်ကျော့လုံးဂိုးသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်း ယူရို သန်း ၁၀၀ ပေးပြီး ဥရုဂွေးသားကို အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာပါ။ လီဗာပူးလ်ပရိသတ်တစ်ယောက်ကတော့ အတော်လေးအသည်းပေါက်သွားပုံရပါတယ်။

“ အဲဒါ သူ့ခြေစွမ်းအမှန်ပါပဲ။ တကယ်ပါ။ သူ ပြန်မလာနိုင်တော့ပါဘူး။ လီဗာပူးလ်ပရိသတ်တွေအတွက် စိတ်မကောင်းပါဘူး ” လို့ ရေးသားထားတာပါ။

(zawgyi)

ေလ့က်င့္ကြင္းမွာတုန္းကေတာ့ ဒါဝင္ႏူနက္ဇ္ရဲ႕ေဘာ္ဒီနဲ႔လုပ္အားႏႈန္းကိုၾကည့္ၿပီး ဂ်ာဂင္ကေလာ့ပ္ေတာင္ ၿပဳံးၿဖီးၿဖီးနဲ႔သေဘာက်ေနခဲ့တာပါ။ ဒါေပမဲ့ ဂိုးေပါက္အက်ယ္ႀကီးကိုေထာင္ကန္ဖို႔ ေလ့က်င့္ေနတာလားလို႔

ေလွာင္ေျပာင္ခံရေလာက္ေအာင္ ႏူနက္ဇ္ အလြဲႀကီးလြဲတဲ့ ေလ့က်င့္ကြင္းဗြီဒီယိုဖိုင္ေပါက္ၾကားခဲ့တာကို ဂ်ာဂင္ကေလာ့ပ္ မသိေလေရာ့သလား။ ဘင္ဖီကာတိုက္စစ္မႉးေဟာင္းကေတာ့

မန္ယူကို ၄ ဂိုးျပတ္ရႈံးတဲ့ေျခစမ္းပြဲမွာ သူ႔ရဲ႕က်င့္စဥ္ေတြကို လက္ေတြ႕ျပသြားခဲ့ပါတယ္။ ဆာလက္ရဲ႕ကန္ခ်က္ ဂိုးဘားတန္းထိၿပီး ျပန္က်လာတာကို ဂိုးထဲမဝင္ေအာင္ ေထာင္ကန္ျပသြားခဲ့တာပါ။

ၿပိဳင္ဘက္ မန္ယူဂိုးသမားဟန္ခ်က္ပ်က္ေနတာေၾကာင့္ ၈ ကိုက္အကြာမွာရတဲ့ အပိုင္အခြင့္အေရးျဖစ္ေပမယ့္ အလြဲႀကီးလြဲခဲ့ပါတယ္။ ဒါေၾကာင့္ ႀကိဳးၾကာနီပရိသတ္ေတြက ဥ႐ုေဂြးတီမိုဝါနာလို႔ နာမည္ေျပာင္ေပးၿပီး

ေလွာင္ေျပာင္ေနၾကတာပါ။ တကယ္ေတာ့ လီဗာပူးလ္အတြက္ ပြဲဦးထြက္မွာအရွက္ကြဲခဲ့ရေပမယ့္ ႏူနက္ဇ္ဟာ မႏွစ္ကခ်န္ပီယံလိဂ္မွာေတာ့ ႀကိဳးၾကာနီေတြဘက္ကို ႏွစ္ေက်ာ့လုံးဂိုးသြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ယူ႐ို သန္း ၁၀၀ ေပးၿပီး ဥ႐ုေဂြးသားကို အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူခဲ့တာပါ။ လီဗာပူးလ္ပရိသတ္တစ္ေယာက္ကေတာ့ အေတာ္ေလးအသည္းေပါက္သြားပုံရပါတယ္။

“ အဲဒါ သူ႔ေျခစြမ္းအမွန္ပါပဲ။ တကယ္ပါ။ သူ ျပန္မလာႏိုင္ေတာ့ပါဘူး။ လီဗာပူးလ္ပရိသတ္ေတြအတြက္ စိတ္မေကာင္းပါဘူး ” လို႔ ေရးသားထားတာပါ။