အနှစ်နှစ်၊ အလလမျှော်လင့်ခဲ့ရတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ပြီဖြစ်တဲ့ မက်ဆီ

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကတော့ ပြိုင်ပွဲသမိုင်းတစ်လျှောက် စိတ်လှုပ်ရှားစရာ

အကောင်းဆုံးပွဲလို့တောင် သတ်မှတ်ရမယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုက ပါရီမြေမှာပဲ
ခိုနားချင်သလားလို့ထင်ရစရာဖြစ်ခဲ့ပေမယ့် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တိုင်း
ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းထန်မှုကြောင့် (၃၆)နှစ်ကြာဝေးကွာခဲ့တဲ့
ကမ္ဘာ့ဖလားချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အခုပွဲမှာ ပြင်သစ်အသင်းဟာ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်
ပြသခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံး အာဂျင်တီးနားအသင်းရဲ့ ပယ်နယ်တီဧရိယာထဲမှာ
ဘောလုံးထိချက်တစ်ကြိမ်မှ မရှိခဲ့သလို ဒုတိယပိုင်း မိနစ်(၆၀)ကျော်အထိ ဂိုးပေါက်

ကန်သွင်းမှုမရှိ၊ ဂိုးပေါက်တည့်မှုမရှိဆိုတဲ့ စွမ်းဆောင်ရည်က တော်တော်လေး
ဆိုးရွားလွန်းတယ်။

အာဂျင်တီးနားအသင်းရဲ့ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာကို ပြင်သစ်
ညာနောက်ခံလူ ခွန်ဒဲလ် ဘယ်လိုမှ မထိန်းနိုင်သလို ဒီမာရီယာကြောင့်ပဲ အာဂျင်တီးနားတို့
(၂)ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

(၂၁)မိနစ်မှာ ပယ်နယ်တီဧရိယာအတွင်း ဒီမာရီယာကို ဒမ်ဘီလီ ပြစ်ဒဏ်
ကျူးလွန်ခဲ့တာကြောင့် အာဂျင်တီးနား ပယ်နယ်တီရခဲ့ပြီး မက်ဆီ ကန်သွင်းခဲ့သလို
(၃၆)မိနစ်မှာ Counter ကနေ မက်အယ်လစ္စတာ ချိုးပေးလိုက်တာကို ဒီမာရီယာ
အပိုင်ပိတ်သွင်းခဲ့တယ်။

ပထမပိုင်းကတည်းက (၂)ဂိုးပြတ်နေလို့ အာဂျင်တီးနား ဖလားရဖို့ သေချာနေပြီလို့
ထင်နေတုန်းမှာပဲ ဒုတိယပိုင်းမှာ ဘာပေရဲ့ ခြေစွမ်းပြမှုကြောင့် ပြင်သစ်တို့ မထင်မှတ်ဘဲ

ချေပဂိုးတွေ ပြန်ရခဲ့ပါတယ်။ မိနစ်(၈၀)မှာ ပယ်နယ်တီကနေ ဘာပေက ဂိုးသွင်းခဲ့သလို
(၁)မိနစ်အကြာမှာပဲ သူရမ်ပေးတာကနေ ဘာပေက မြေမကျကန်သွင်းပြီးတော့
ဒုတိယချေပဂိုးသွင်းယူခဲ့တယ်။

အဲဒါကြောင့် အချိန်ပို မိနစ်(၃၀)ဆက်ကစားခဲ့ရပြီး (၁၀၈)မိနစ်မှာ မက်ဆီက ဦးဆောင်ဂိုး
ပြန်သွင်းပေမယ့် (၁၁၈)မိနစ်မှာ အာဂျင်တီးနားနောက်ခံလူ မွန်တီယဲလ်ရဲ့
လက်ထိဘောကြောင့် ပြင်သစ်တို့ ပယ်နယ်တီ ထပ်ရပြီး ဘာပေကပဲ သူ့အတွက်
ဟက်ထရစ်ဖြစ်စေမယ့်ဂိုးကို သွင်းယူခဲ့ပါတယ်။

မိနစ်(၁၂၀)အတွင်း မက်ဆီ ခြေစွမ်းပြခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ဂိုးသမား
မာတီနက်ဇ်က အာဂျင်တီးနားအတွက် သူရဲကောင်းဖြစ်ခဲ့တယ်။ ကိုးမန်းရဲ့ ပယ်နယ်တီကို

မာတီနက်ဇ် လက်စွမ်းပြကာကွယ်ခဲ့သလို ချူအာမီနီရဲ့ ပယ်နယ်တီ လွဲချော်ခဲ့ပြီး
အာဂျင်တီးနားဘက်က မက်ဆီ၊ ဒီဘားလား၊ ပါရီဒက်စ်၊ မွန်တီယဲလ်တို့ အားလုံး
ဂိုးဝင်ခဲ့တာကြောင့် (၄-၂)ဂိုးနဲ့ အနိုင်ရပြီးတော့ အာဂျင်တီးနားတို့ တတိယအကြိမ်မြောက်
ကမ္ဘာ့ဖလားချန်ပီယံဆု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

နာမည်ကျော်ကစားသမား မက်ဆီကလည်း သူ့ရဲ့ ကမ္ဘာ့ဖလားနောက်ဆုံးပွဲမှာ ချန်ပီယံဆုနဲ့
အဆုံးသတ်နိုင်ခဲ့တာကြောင့် လက်ရွေးစင်ကစားသမားဘဝမှာ အကြီးမားဆုံးကွက်လပ်ကို
ကမ္ဘာ့ဖလားချန်ပီယံဆုရယူပြီး ဖြည့်ဆည်းနိုင်ခဲ့ပါပြီ။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲကေတာ့ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ စိတ္လႈပ္ရွားစရာ
အေကာင္းဆုံးပြဲလို႔ေတာင္ သတ္မွတ္ရမယ္။ ကမာၻ႔ဖလားခ်န္ပီယံဆုက ပါရီေျမမွာပဲ

ခိုနားခ်င္သလားလို႔ထင္ရစရာျဖစ္ခဲ့ေပမယ့္ မက္ဆီ ဦးေဆာင္တဲ့ အာဂ်င္တိုင္း
ကစားသမားေတြရဲ႕ ႏိုင္လိုစိတ္ျပင္းထန္မႈေၾကာင့္ (၃၆)ႏွစ္ၾကာေဝးကြာခဲ့တဲ့
ကမာၻ႔ဖလားခ်န္ပီယံဆုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အခုပြဲမွာ ျပင္သစ္အသင္းဟာ လက္ရွိခ်န္ပီယံဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ မလိုက္တဲ့ စြမ္းေဆာင္ရည္
ျပသခဲ့ၿပီး ပထမပိုင္းတစ္ပိုင္းလုံး အာဂ်င္တီးနားအသင္းရဲ႕ ပယ္နယ္တီဧရိယာထဲမွာ
ေဘာလုံးထိခ်က္တစ္ႀကိမ္မွ မရွိခဲ့သလို ဒုတိယပိုင္း မိနစ္(၆၀)ေက်ာ္အထိ ဂိုးေပါက္
ကန္သြင္းမႈမရွိ၊ ဂိုးေပါက္တည့္မႈမရွိဆိုတဲ့ စြမ္းေဆာင္ရည္က ေတာ္ေတာ္ေလး

ဆိုး႐ြားလြန္းတယ္။

အာဂ်င္တီးနားအသင္းရဲ႕ ဝါရင့္ေတာင္ပံတိုက္စစ္ကစားသမား ဒီမာရီယာကို ျပင္သစ္

ညာေနာက္ခံလူ ခြန္ဒဲလ္ ဘယ္လိုမွ မထိန္းႏိုင္သလို ဒီမာရီယာေၾကာင့္ပဲ အာဂ်င္တီးနားတို႔
(၂)ဂိုးရရွိခဲ့တာျဖစ္ပါတယ္။

(၂၁)မိနစ္မွာ ပယ္နယ္တီဧရိယာအတြင္း ဒီမာရီယာကို ဒမ္ဘီလီ ျပစ္ဒဏ္
က်ဴးလြန္ခဲ့တာေၾကာင့္ အာဂ်င္တီးနား ပယ္နယ္တီရခဲ့ၿပီး မက္ဆီ ကန္သြင္းခဲ့သလို
(၃၆)မိနစ္မွာ Counter ကေန မက္အယ္လစၥတာ ခ်ိဳးေပးလိုက္တာကို ဒီမာရီယာ
အပိုင္ပိတ္သြင္းခဲ့တယ္။

ပထမပိုင္းကတည္းက (၂)ဂိုးျပတ္ေနလို႔ အာဂ်င္တီးနား ဖလားရဖို႔ ေသခ်ာေနၿပီလို႔
ထင္ေနတုန္းမွာပဲ ဒုတိယပိုင္းမွာ ဘာေပရဲ႕ ေျခစြမ္းျပမႈေၾကာင့္ ျပင္သစ္တို႔ မထင္မွတ္ဘဲ
ေခ်ပဂိုးေတြ ျပန္ရခဲ့ပါတယ္။ မိနစ္(၈၀)မွာ ပယ္နယ္တီကေန ဘာေပက ဂိုးသြင္းခဲ့သလို

(၁)မိနစ္အၾကာမွာပဲ သူရမ္ေပးတာကေန ဘာေပက ေျမမက်ကန္သြင္းၿပီးေတာ့
ဒုတိယေခ်ပဂိုးသြင္းယူခဲ့တယ္။

အဲဒါေၾကာင့္ အခ်ိန္ပို မိနစ္(၃၀)ဆက္ကစားခဲ့ရၿပီး (၁၀၈)မိနစ္မွာ မက္ဆီက ဦးေဆာင္ဂိုး
ျပန္သြင္းေပမယ့္ (၁၁၈)မိနစ္မွာ အာဂ်င္တီးနားေနာက္ခံလူ မြန္တီယဲလ္ရဲ႕
လက္ထိေဘာေၾကာင့္ ျပင္သစ္တို႔ ပယ္နယ္တီ ထပ္ရၿပီး ဘာေပကပဲ သူ႔အတြက္
ဟက္ထရစ္ျဖစ္ေစမယ့္ဂိုးကို သြင္းယူခဲ့ပါတယ္။

မိနစ္(၁၂၀)အတြင္း မက္ဆီ ေျခစြမ္းျပခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္မွာေတာ့ ဂိုးသမား
မာတီနက္ဇ္က အာဂ်င္တီးနားအတြက္ သူရဲေကာင္းျဖစ္ခဲ့တယ္။ ကိုးမန္းရဲ႕ ပယ္နယ္တီကို
မာတီနက္ဇ္ လက္စြမ္းျပကာကြယ္ခဲ့သလို ခ်ဴအာမီနီရဲ႕ ပယ္နယ္တီ လြဲေခ်ာ္ခဲ့ၿပီး

အာဂ်င္တီးနားဘက္က မက္ဆီ၊ ဒီဘားလား၊ ပါရီဒက္စ္၊ မြန္တီယဲလ္တို႔ အားလုံး
ဂိုးဝင္ခဲ့တာေၾကာင့္ (၄-၂)ဂိုးနဲ႔ အႏိုင္ရၿပီးေတာ့ အာဂ်င္တီးနားတို႔ တတိယအႀကိမ္ေျမာက္
ကမာၻ႔ဖလားခ်န္ပီယံဆု ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

နာမည္ေက်ာ္ကစားသမား မက္ဆီကလည္း သူ႔ရဲ႕ ကမာၻ႔ဖလားေနာက္ဆုံးပြဲမွာ ခ်န္ပီယံဆုနဲ႔
အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ လက္ေ႐ြးစင္ကစားသမားဘဝမွာ အႀကီးမားဆုံးကြက္လပ္ကို
ကမာၻ႔ဖလားခ်န္ပီယံဆုရယူၿပီး ျဖည့္ဆည္းႏိုင္ခဲ့ပါၿပီ။