အန်တိုနီအတွက် ယူရို သန်း ၁၀၀ ပေးဖို့ မန်ယူနဲ့အေဂျက်ဇ် သဘောတူခဲ့ကြပြီ

ယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ သူတို့ရဲ့ပစ်မှတ်ကို မှန်အောင်ပစ်နိုင်ခဲ့ပါပြီ။ အေဂျက်ဇ်တောင်ပံတိုက်စစ်မှူး အန်တိုနီကိုခေါ်ယူရေးအတွက် နယ်သာလန်ကလပ်နဲ့ အပြီးသတ်သဘောတူညီမှု ရရှိသွားပြီလို့ သတင်းထွက်လာပါတယ်။

ဒီကစားသမားကို မန်ယူဟာ တစ်နွေလုံးလိုက်နေတာဖြစ်ပြီး ဈေးကွက်ပိတ်ကာနီးရောက်မှ ခေါ်ယူနိုင်တော့မှာပါ။ အသက် ၂၂ နှစ်အရွယ် တောင်ပံတိုက်စစ်မှူးအတွက် မန်ယူရဲ့ကမ်းလှမ်းမှု ၂ ကြိမ်လုံးကို အေဂျက်ဇ်က ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမဲ့ ကာယကံရှင်ကိုယ်တိုင်က အိုးလ်ထရက်ဖို့ဒ်ကိုသွားချင်နေသလို သရဲနီတွေနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးသားပါ။ အေဂျက်ဇ်က သူတို့ကစားသမားကိုဆက်ထိန်းနိုင်ဖို့ အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ

ကြိုးစားခဲ့ပါသေးတယ်။ နည်းပြရှရူဒါက အေဂျက်ဇ်ရဲ့ပြီးခဲ့တဲ့ ၂ ပွဲလုံး အန်တိုနီကို ကစားခွင့်မပေးခဲ့ပါဘူး။ မန်ယူရဲ့ပထမအကြိမ်ကမ်းလှမ်းမှု မအောင်မြင်ကတည်းက တစ်ယောက်တည်း သီးသန့်ခွဲလေ့ကျင့်ပြီး ဆန္ဒပြခဲ့တဲ့

ဘရာဇီးလ်သားကလည်း ဒုတိယအကြိမ်ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့နောက်မှာတော့ ဖိအားပေးမှုတွေ ပိုလုပ်လာခဲ့ပါတယ်။ အသင်းကနေထွက်ခွာခွင့် တရားဝင်တောင်းထားတာကြာပြီ ဆိုတဲ့အကြောင်း

အင်တာဗျူးတွေမှာ ဖွင့်ချခဲ့တာပါ။ အခုတော့ အေဂျက်ဇ်ဟာ သူတို့ဘယ်လိုမှ ထိန်းဖို့မလွယ်တော့တဲ့ကစားသမားကို  လက်လွှတ်ဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့

မန်ယူဟာ အန်တိုနီအတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း( ယူရို သန်း ၁၀၀ )ပေးဖို့ အေဂျက်ဇ်နဲ့သဘောတူညီမှု ရရှိသွားပြီလို့ သတင်းပေးထားပါတယ်။

(zawgyi)

ယူႏိုက္တက္ဟာ ေနာက္ဆုံးမွာေတာ့ သူတို႔ရဲ႕ပစ္မွတ္ကို မွန္ေအာင္ပစ္ႏိုင္ခဲ့ပါၿပီ။ ေအဂ်က္ဇ္ေတာင္ပံတိုက္စစ္မႉး အန္တိုနီကိုေခၚယူေရးအတြက္ နယ္သာလန္ကလပ္နဲ႔ အၿပီးသတ္သေဘာတူညီမႈ ရရွိသြားၿပီလို႔

သတင္းထြက္လာပါတယ္။ ဒီကစားသမားကို မန္ယူဟာ တစ္ေႏြလုံးလိုက္ေနတာျဖစ္ၿပီး ေဈးကြက္ပိတ္ကာနီးေရာက္မွ ေခၚယူႏိုင္ေတာ့မွာပါ။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံတိုက္စစ္မႉးအတြက္ မန္ယူရဲ႕

ကမ္းလွမ္းမႈ ၂ ႀကိမ္လုံးကို ေအဂ်က္ဇ္က ျငင္းပယ္ခဲ့ပါတယ္။ ဒါေပမဲ့ ကာယကံရွင္ကိုယ္တိုင္က အိုးလ္ထရက္ဖို႔ဒ္ကိုသြားခ်င္ေနသလို သရဲနီေတြနဲ႔လည္း ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိထားၿပီးသားပါ။

ေအဂ်က္ဇ္က သူတို႔ကစားသမားကိုဆက္ထိန္းႏိုင္ဖို႔ အႏုနည္းနဲ႔ေရာ အၾကမ္းနည္းနဲ႔ပါ ႀကိဳးစားခဲ့ပါေသးတယ္။ နည္းျပရွ႐ူဒါက ေအဂ်က္ဇ္ရဲ႕ၿပီးခဲ့တဲ့ ၂ ပြဲလုံး အန္တိုနီကို ကစားခြင့္မေပးခဲ့ပါဘူး။

မန္ယူရဲ႕ပထမအႀကိမ္ကမ္းလွမ္းမႈ မေအာင္ျမင္ကတည္းက တစ္ေယာက္တည္း သီးသန႔္ခြဲေလ့က်င့္ၿပီး ဆႏၵျပခဲ့တဲ့ ဘရာဇီးလ္သားကလည္း ဒုတိယအႀကိမ္ကမ္းလွမ္းမႈကို ျငင္းဆန္လိုက္တဲ့ေနာက္မွာေတာ့

ဖိအားေပးမႈေတြ ပိုလုပ္လာခဲ့ပါတယ္။ အသင္းကေနထြက္ခြာခြင့္ တရားဝင္ေတာင္းထားတာၾကာၿပီ ဆိုတဲ့အေၾကာင္း အင္တာဗ်ဴးေတြမွာ ဖြင့္ခ်ခဲ့တာပါ။ အခုေတာ့ ေအဂ်က္ဇ္ဟာ သူတို႔ဘယ္လိုမွ ထိန္းဖို႔မလြယ္ေတာ့တဲ့ကစားသမားကို

လက္လႊတ္ဖို႔ဆုံးျဖတ္လိုက္ပုံရပါတယ္။ နာမည္ေက်ာ္ဂ်ာနယ္လစ္ ဖာဘရီဇီယို႐ိုမာႏိုကေတာ့ မန္ယူဟာ အန္တိုနီအတြက္ အပိုဆုေၾကးအပါအဝင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅ သန္း( ယူ႐ို သန္း ၁၀၀ )ေပးဖို႔ ေအဂ်က္ဇ္နဲ႔သေဘာတူညီမႈ ရရွိသြားၿပီလို႔ သတင္းေပးထားပါတယ္။