အန်တိုနီအတွက် ပေါင် ၁၆ သန်းဈေးထပ်တင်ပြီး ပေါင် ၈၄ သန်းနဲ့ မန်ယူကိုတောက်ချလိုက်တဲ့ အေဂျက်ဇ်

မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေတဲ့ တောင်ပံတိုက်စစ်မှူးအန်တိုနီအတွက် အေဂျက်ဇ်အသင်းက သိသိသာသာဈေးတင်လိုက်ပါတယ်။ မန်ယူနည်းပြသစ်တန်းဟတ်ဟာ

ဒီနွေဈေးကွက်မှာ ဘရာဇီးလ်ကြယ်ပွင့်ကို အိုးလ်ထရက်ဖို့ဒ်အရောက်ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ နယ်သာလန်ကလပ်ကတော့ သူတို့ကစားသမားဟာ ရောင်းဖို့မဟုတ်ဘူးဆိုတာ

ဈေးထပ်တင်ပြီး သက်သေပြလိုက်တာပါ။ အန်တိုနီအတွက် သရဲနီတွေရဲ့ကနဦးကမ်းလှမ်းမှုက ပေါင် ၆၈ သန်းဖြစ်ပြီး အေဂျက်ဇ်က ပေါင် ၁၆ သန်း ဈေးထပ်တင်လိုက်တာလို့ သိရပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ တစ်လကျော်သာကျန်တော့ချိန်မှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ တန်းဟတ်ရဲ့တောင်းဆိုမှုနဲ့အတူ လူသစ်ခေါ်ဖို့မန်ယူကြိုးစားနေသလို

အေဂျက်ဇ်နည်းပြရှာရူဒါကလည်း အသက် ၂၂ နှစ်သားဟာ ရောင်းဖို့မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်နေတာပါ။ တန်းဟတ်ဟာ နယ်သာလန်ကလပ်တွေက

ကစားသမားနှစ်ဦးကို ခေါ်ထားပြီးပါပြီ။ အသင်းဟောင်းအေဂျက်ဇ်ရဲ့နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဖီယင်နုဘယ်နောက်ခံလူ မာလာစီယာဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၅၂ နှစ်အရွယ်မန်ယူနည်းပြဟာ

အမ်စတာဒမ်ကလပ်မှာ ၂ နှစ်အတွင်း ၇၉ ပွဲကစားပြီး ၂၃ ဂိုးသွင်းထားတဲ့ တောင်ပံတိုက်စစ်မှူးရဲ့စကေးကို အတော်လေးသဘောကျနေတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကိုခေါ်ချင်နေတယ်လို့ သိရပါတယ်။

အထူးသဖြင့် တိုက်စစ်မှူးစစ်စစ်နေရာထက် ညာတောင်ပံမှာ ပိုမိုခြေစွမ်းပြနိုင်တာကြောင့် ရော်နယ်ဒို ဒါမှမဟုတ် မာရှယ်တို့ထက် ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ အီလန်ဂါတို့လို တောင်ပံအတွက်ပိုမိုအားထားရလိမ့်မယ်လို့ ယူဆနေတာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ စိတ္ဝင္စားေနတဲ့ ေတာင္ပံတိုက္စစ္မႉးအန္တိုနီအတြက္ ေအဂ်က္ဇ္အသင္းက သိသိသာသာေဈးတင္လိုက္ပါတယ္။ မန္ယူနည္းျပသစ္တန္းဟတ္ဟာ ဒီေႏြေဈးကြက္မွာ

ဘရာဇီးလ္ၾကယ္ပြင့္ကို အိုးလ္ထရက္ဖို႔ဒ္အေရာက္ေခၚဖို႔ စိတ္ဝင္စားေနပါတယ္။ ဒါေပမဲ့ နယ္သာလန္ကလပ္ကေတာ့ သူတို႔ကစားသမားဟာ ေရာင္းဖို႔မဟုတ္ဘူးဆိုတာ ေဈးထပ္တင္ၿပီး

သက္ေသျပလိုက္တာပါ။ အန္တိုနီအတြက္ သရဲနီေတြရဲ႕ကနဦးကမ္းလွမ္းမႈက ေပါင္ ၆၈ သန္းျဖစ္ၿပီး ေအဂ်က္ဇ္က ေပါင္ ၁၆ သန္း ေဈးထပ္တင္လိုက္တာလို႔ သိရပါတယ္။

အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္သိမ္းဖို႔ တစ္လေက်ာ္သာက်န္ေတာ့ခ်ိန္မွာ တိုက္စစ္မႉးသစ္တစ္ဦးေခၚယူဖို႔ တန္းဟတ္ရဲ႕ေတာင္းဆိုမႈနဲ႔အတူ လူသစ္ေခၚဖို႔မန္ယူႀကိဳးစားေနသလို

ေအဂ်က္ဇ္နည္းျပရွာ႐ူဒါကလည္း အသက္ ၂၂ ႏွစ္သားဟာ ေရာင္းဖို႔မဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္းသိေစခ်င္ေနတာပါ။ တန္းဟတ္ဟာ နယ္သာလန္ကလပ္ေတြက ကစားသမားႏွစ္ဦးကို

ေခၚထားၿပီးပါၿပီ။ အသင္းေဟာင္းေအဂ်က္ဇ္ရဲ႕ေနာက္ခံလူ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဖီယင္ႏုဘယ္ေနာက္ခံလူ မာလာစီယာျဖစ္ပါတယ္။ ဒါေပမဲ့ အသက္ ၅၂ ႏွစ္အ႐ြယ္မန္ယူနည္းျပဟာ

အမ္စတာဒမ္ကလပ္မွာ ၂ ႏွစ္အတြင္း ၇၉ ပြဲကစားၿပီး ၂၃ ဂိုးသြင္းထားတဲ့ ေတာင္ပံတိုက္စစ္မႉးရဲ႕စေကးကို အေတာ္ေလးသေဘာက်ေနတာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကိုေခၚခ်င္ေနတယ္လို႔ သိရပါတယ္။

အထူးသျဖင့္ တိုက္စစ္မႉးစစ္စစ္ေနရာထက္ ညာေတာင္ပံမွာ ပိုမိုေျခစြမ္းျပႏိုင္တာေၾကာင့္ ေရာ္နယ္ဒို ဒါမွမဟုတ္ မာရွယ္တို႔ထက္ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႔ အီလန္ဂါတို႔လို ေတာင္ပံအတြက္ပိုမိုအားထားရလိမ့္မယ္လို႔ ယူဆေနတာပါ။