အန်တိုနီက ဘယ်သန်မှန်းတောင် မသိခဲ့တဲ့ ဂိုးသမားရမ်ဒေးလ်ကို အာဆင်နယ်ပရိသတ်တွေ ပေါက်ကွဲနေကြ

မန်ယူက အာဆင်နယ်ကို ၃-၁ နဲ့ဂိုးနဲ့ နိုင်တဲ့ပွဲစဉ်အပြီးမှာ အနိုင်ရတဲ့အသင်း ပရိသတ်တွေက ဝံ့ဝံ့ကြွားကြွားနဲ့ အောင်ပွဲခံကြသလို လူမှုကွန်ရက်တွေပေါ် မှာလည်း မန်ယူ တကယ်ပြန်လာပြီဆိုတဲ့ Caption တွေနဲ့ အောင်ပွဲခံနေပုံတွေ ပလူပျံအောင် တင်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမဲ့ အရှုံးရလဒ်ကို ရင်ဝယ်ပိုက်ပြီး အိမ်ပြန်ခဲ့ရတဲ့ ဧည့်သည်အသင်း ပရိ သတ်ဘက်ခြမ်းမှာတော့ ဝေဖန်မှုတွေ သောသောညံခဲ့တာပါ။ တချို့က VAR ဒိုင်လူကြီးတွေ ဘက်လိုက်မှုရှိတယ်လို့ ဝေဖန်ကြပြီး တချို့ကလည်း ကွင်း လယ်ဒိုင် ပေါလ်တီယာနေးကစလို့ စတုတ္ထဒိုင်လူကြီး ဟူးပါးအထိ

ဘက်လိုက် ဆုံးဖြတ်ခဲ့ကြတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့ တချို့သော အာဆင်နယ်ပရိသတ်တွေဟာ သူ့တို့အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ ရမ်ဒေးလ်ကို ပြန်ပြီး ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီပွဲစဉ် ရဲ့ ပွဲချိန် ၃၅ မိနစ်မှာ မန်ယူကစားသမားသစ် အန်တိုနီက

ပြိုင်ဘက်ဂိုးသမား ရဲ့ ညာဘက်ထောင့်ထဲကို ဘယ်ခြေနဲ့ တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး အိုးလ် ထရက်ဖို့တစ်ကွင်းလုံးကို သြဘာသံ ညံစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုသွင်းဂိုး မျိုးဟာ တစ်ဦးချင်းအနေအထားဆိုပေမယ့် ထောင့်ကျဉ်းကနေ ကန်သွင်းရ တာမျိုးဖြစ်လို့ ရမ်ဒေးလ်အနေနဲ့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့

ဂန်းနားပရိသတ် တွေ ယူဆနေတာပါ။ နောက်ပြီး ရမ်ဒေးလ်ဟာ ဒီပွဲအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ပြိုင်ဘက်ကစား သမား အန်တိုနီဟာ ဘယ်ခြေအားသန်တဲ့ ကစားသမားမျိုးဖြစ်ပေမယ့် ညာ ခြေအားသန်တယ်ထင်ပြီး သူ့ရဲ့ ဘယ်ဘက်ထောင့်ကျဉ်းကို

အမိအရ ကာ ကွယ်သွားခဲ့တာကြောင့် ဘောလုံးလမ်းကြောင်းနဲ့ တလွဲစီ ဖြစ်ခဲ့ရတယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ‘’ကြည့်ပါဦး။ အန်တိုနီဟာ ညာခြေအား သန်တဲ့သူလို့ သူကထင်ခဲ့တာဗျ’’ လို့ ဂိုးသွင်းနေပုံကို တင်ထားပြီး ပရိသတ် တစ်ဦးက ရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’သူက ဘာမှ စူး စမ်းလေ့လာမှု မလုပ်ခဲ့ဘူး’’ လို့ ရေးသားခဲ့ပါတယ်။ တတိယတစ်ယောက် ကလည်း ‘’ရမ်ဒေးလ်ဟာ သူ့ရဲ့ ညာဘက်ကို ဝမ်းလျားမှောက်ချပြီး လုပ်ခဲ့ရမှာ’’ လို့ ရေးသားခဲ့ပါတယ်။ အေဂျက်ဇ်ကနေ အိုးလ်ထရက်ဖို့ဒ်ကို

ပြောင်း ရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ ဘယ်ခြေအား သန်ကစားသမားတစ်ဦးဖြစ်ပြီး ညာတောင်ပံတစ်လျှောက်မှာ ကစားရတာကို နှစ်သက်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။

(zawgyi)

မန္ယူက အာဆင္နယ္ကို ၃-၁ နဲ႔ဂိုးနဲ႔ ႏိုင္တဲ့ပြဲစဥ္အၿပီးမွာ အႏိုင္ရတဲ့အသင္း ပရိသတ္ေတြက ဝံ့ဝံ့ႂကြားႂကြားနဲ႔ ေအာင္ပြဲခံၾကသလို လူမႈကြန္ရက္ေတြေပၚ မွာလည္း မန္ယူ တကယ္ျပန္လာၿပီဆိုတဲ့ Caption ေတြနဲ႔ ေအာင္ပြဲခံေနပုံေတြ ပလူပ်ံေအာင္ တင္ၿပီး ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒါေပမဲ့ အရႈံးရလဒ္ကို ရင္ဝယ္ပိုက္ၿပီး အိမ္ျပန္ခဲ့ရတဲ့ ဧည့္သည္အသင္း ပရိ သတ္ဘက္ျခမ္းမွာေတာ့ ေဝဖန္မႈေတြ ေသာေသာညံခဲ့တာပါ။ တခ်ိဳ႕က VAR ဒိုင္လူႀကီးေတြ ဘက္လိုက္မႈရွိတယ္လို႔ ေဝဖန္ၾကၿပီး တခ်ိဳ႕ကလည္း ကြင္း လယ္ဒိုင္ ေပါလ္တီယာေနးကစလို႔

စတုတၳဒိုင္လူႀကီး ဟူးပါးအထိ ဘက္လိုက္ ဆုံးျဖတ္ခဲ့ၾကတယ္လို႔ ေဝဖန္သူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ထူးျခားတာ တစ္ခုကေတာ့ တခ်ိဳ႕ေသာ အာဆင္နယ္ပရိသတ္ေတြဟာ သူ႔တို႔အသင္းရဲ႕ ဂိုးသမားျဖစ္တဲ့ ရမ္ေဒးလ္ကို ျပန္ၿပီး ေဝဖန္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

အဲဒီပြဲစဥ္ ရဲ႕ ပြဲခ်ိန္ ၃၅ မိနစ္မွာ မန္ယူကစားသမားသစ္ အန္တိုနီက ၿပိဳင္ဘက္ဂိုးသမား ရဲ႕ ညာဘက္ေထာင့္ထဲကို ဘယ္ေျခနဲ႔ တည္တည္ၿငိမ္ၿငိမ္ ကန္သြင္းၿပီး အိုးလ္ ထရက္ဖို႔တစ္ကြင္းလုံးကို ၾသဘာသံ ညံေစခဲ့ပါတယ္။ ဒါေပမဲ့ ဒီလိုသြင္းဂိုး မ်ိဳးဟာ တစ္ဦးခ်င္းအေနအထားဆိုေပမယ့္

ေထာင့္က်ဥ္းကေန ကန္သြင္းရ တာမ်ိဳးျဖစ္လို႔ ရမ္ေဒးလ္အေနနဲ႔ ကာကြယ္ႏိုင္ခဲ့သင့္တယ္လို႔ ဂန္းနားပရိသတ္ ေတြ ယူဆေနတာပါ။ ေနာက္ၿပီး ရမ္ေဒးလ္ဟာ ဒီပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈ အားနည္းခဲ့တယ္လို႔ ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။ ၿပိဳင္ဘက္ကစား သမား အန္တိုနီဟာ

ဘယ္ေျခအားသန္တဲ့ ကစားသမားမ်ိဳးျဖစ္ေပမယ့္ ညာ ေျခအားသန္တယ္ထင္ၿပီး သူ႔ရဲ႕ ဘယ္ဘက္ေထာင့္က်ဥ္းကို အမိအရ ကာ ကြယ္သြားခဲ့တာေၾကာင့္ ေဘာလုံးလမ္းေၾကာင္းနဲ႔ တလြဲစီ ျဖစ္ခဲ့ရတယ္လို႔ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကပါတယ္။ ‘’ၾကည့္ပါဦး။

အန္တိုနီဟာ ညာေျခအား သန္တဲ့သူလို႔ သူကထင္ခဲ့တာဗ်’’ လို႔ ဂိုးသြင္းေနပုံကို တင္ထားၿပီး ပရိသတ္ တစ္ဦးက ေရးသားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ ‘’သူက ဘာမွ စူး စမ္းေလ့လာမႈ မလုပ္ခဲ့ဘူး’’ လို႔ ေရးသားခဲ့ပါတယ္။ တတိယတစ္ေယာက္ ကလည္း ‘’ရမ္ေဒးလ္ဟာ

သူ႔ရဲ႕ ညာဘက္ကို ဝမ္းလ်ားေမွာက္ခ်ၿပီး လုပ္ခဲ့ရမွာ’’ လို႔ ေရးသားခဲ့ပါတယ္။ ေအဂ်က္ဇ္ကေန အိုးလ္ထရက္ဖို႔ဒ္ကို ေျပာင္း ေ႐ႊ႕ေၾကး ေပါင္ ၈၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အန္တိုနီဟာ ဘယ္ေျခအား သန္ကစားသမားတစ္ဦးျဖစ္ၿပီး ညာေတာင္ပံတစ္ေလွ်ာက္မွာ ကစားရတာကို ႏွစ္သက္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။