အန်တိုနီကြောင့် ရော်နယ်ဒိုရဲ့ပွဲထွက်ခွင့်အိပ်မက် မျှော်လေတိုင်းမှိုင်းရီ ဖြစ်လာတော့မှာလား

အေဂျက်ဇ်ရဲ့နောက်ထပ်ထွက်ကုန် အန်တိုနီရောက်လာတဲ့နောက် မန်ယူဘယ်လိုကစားမလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။ ဘရာဇီးလ်တောင်ပံတိုက်စစ်မှူးအတွက် ပေါင် ၈၅.၅ သန်းပေးခဲ့ရတာကလည်း

သရဲနီတွေအတွက် စံချိန်တင် နွေအသုံးစရိတ်ဖြစ်ခဲ့ပါတယ်။ ဂလေဇာမိသားစုရဲ့ချက်လက်မှတ်တွေဟာ ပေါင် ၂၃၁.၁ သန်းအထိ ထွက်သွားခဲ့တာပါ။ နည်းပြတန်းဟတ်ကတော့ ဘယ်သန် အန်တိုနီကို ညာတောင်ပံမှာ

ကစားခိုင်းမယ်လို့ ဆိုထားပါတယ်။ ဒါဆိုရင် ဘယ်သူတွေ ဘယ်နေရာရောက်ပြီး ဘယ်လိုအခင်းအကျင်းဖြစ်လာမလဲဆိုတာ စောင့်ကြည့်စရာကောင်းနေပါတယ်။ buildlineup ဝက်ဘ်ဆိုက်ကတော့ မန်ယူအသုံးပြုနိုင်ဖွယ်ရှိတဲ့

ကစားကွက်နဲ့လူအခင်းအကျင်းကို ခန့်မှန်းပေးလိုက်ပါတယ်။ နယ်သာလန်သားနည်းပြဟာ သူအနှစ်သက်ဆုံး ၄-၃-၃ နဲ့ ၃-၄-၃ ကစားကွက်ကိုပဲ ရွေးချယ်ပါလိမ့်မယ်တဲ့။ ဒီနေရာမှာ ၃-၄-၃ လောက် မစွန့်စားရတဲ့ ၄-၃-၃ ကို

ပွဲထွက် ၂ သင်းစာခန့်မှန်းပေးထားပါတယ်။ ပထမ ၄-၃-၃ မှာ ဒီဂီယာ၊ မာလာစီယာ၊ မာတီနက်ဇ်၊ ဗာရန်း၊ ဒါလော့၊ ကက်စ်မီရို၊ အဲရစ်ဆင်၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီကို ရွေးထားပါတယ်။

နောက်ထပ် ၄-၃-၃ မှာတော့ ဒီဂီယာ၊ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါလော့၊ ဖရက်ဒ်၊ ကက်စ်မီရို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ရော်နယ်ဒိုနဲ့ ဆန်ချိုပါ။ ပထမပွဲထွက်စာရင်းမှာ ရော်နယ်ဒို၊ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့လူစု

ပါဝင်ခွင့်မရနိုင်ဘူးလို့ ဆိုလိုချင်တာဖြစ်ပါတယ်။ ၃-၄-၃ ကစားကွက်မှာတော့ ဒီဂီယာ၊ မာတီနက်ဇ်၊ မက်ဂွိုင်းယား၊ ဗာရန်း၊ အဲရစ်ဆင်၊ ကက်စ်မီရို၊ မာလာစီယာ၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ အန်တိုနီကို ရွေးချယ်ထားတာပါ။

(zawgyi)

ေအဂ်က္ဇ္ရဲ႕ေနာက္ထပ္ထြက္ကုန္ အန္တိုနီေရာက္လာတဲ့ေနာက္ မန္ယူဘယ္လိုကစားမလဲဆိုတာ ပရိသတ္ေတြ စိတ္ဝင္စားေနၾကပါတယ္။ ဘရာဇီးလ္ေတာင္ပံတိုက္စစ္မႉးအတြက္ ေပါင္ ၈၅.၅ သန္းေပးခဲ့ရတာကလည္း

သရဲနီေတြအတြက္ စံခ်ိန္တင္ ေႏြအသုံးစရိတ္ျဖစ္ခဲ့ပါတယ္။ ဂေလဇာမိသားစုရဲ႕ခ်က္လက္မွတ္ေတြဟာ ေပါင္ ၂၃၁.၁ သန္းအထိ ထြက္သြားခဲ့တာပါ။ နည္းျပတန္းဟတ္ကေတာ့ ဘယ္သန္ အန္တိုနီကို ညာေတာင္ပံမွာ

ကစားခိုင္းမယ္လို႔ ဆိုထားပါတယ္။ ဒါဆိုရင္ ဘယ္သူေတြ ဘယ္ေနရာေရာက္ၿပီး ဘယ္လိုအခင္းအက်င္းျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္စရာေကာင္းေနပါတယ္။ buildlineup ဝက္ဘ္ဆိုက္ကေတာ့ မန္ယူအသုံးျပဳႏိုင္ဖြယ္ရွိတဲ့

ကစားကြက္နဲ႔လူအခင္းအက်င္းကို ခန႔္မွန္းေပးလိုက္ပါတယ္။ နယ္သာလန္သားနည္းျပဟာ သူအႏွစ္သက္ဆုံး ၄-၃-၃ နဲ႔ ၃-၄-၃ ကစားကြက္ကိုပဲ ေ႐ြးခ်ယ္ပါလိမ့္မယ္တဲ့။ ဒီေနရာမွာ ၃-၄-၃ ေလာက္ မစြန႔္စားရတဲ့ ၄-၃-၃ ကို

ပြဲထြက္ ၂ သင္းစာခန႔္မွန္းေပးထားပါတယ္။ ပထမ ၄-၃-၃ မွာ ဒီဂီယာ၊ မာလာစီယာ၊ မာတီနက္ဇ္၊ ဗာရန္း၊ ဒါေလာ့၊ ကက္စ္မီ႐ို၊ အဲရစ္ဆင္၊ ဖာနန္ဒက္စ္၊ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ အန္တိုနီကို ေ႐ြးထားပါတယ္။

ေနာက္ထပ္ ၄-၃-၃ မွာေတာ့ ဒီဂီယာ၊ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ ဗာရန္း၊ ဒါေလာ့၊ ဖရက္ဒ္၊ ကက္စ္မီ႐ို၊ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ေရာ္နယ္ဒိုနဲ႔ ဆန္ခ်ိဳပါ။ ပထမပြဲထြက္စာရင္းမွာ ေရာ္နယ္ဒို၊ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာတို႔လူစု

ပါဝင္ခြင့္မရႏိုင္ဘူးလို႔ ဆိုလိုခ်င္တာျဖစ္ပါတယ္။ ၃-၄-၃ ကစားကြက္မွာေတာ့ ဒီဂီယာ၊ မာတီနက္ဇ္၊ မက္ဂြိဳင္းယား၊ ဗာရန္း၊ အဲရစ္ဆင္၊ ကက္စ္မီ႐ို၊ မာလာစီယာ၊ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္၊ မာရွယ္နဲ႔ အန္တိုနီကို ေ႐ြးခ်ယ္ထားတာပါ။