
အက်စတွန်ဗီလာနာမည်ကျော်ကစားသမားဟောင်း အဘွန်လဟော်က
မန်ချက်စတာယူနိုက်ကစားသမား အန်တိုနီကို အရည်အချင်းမရှိဘဲ
နာမည်ကြီးနေတဲ့ ‘ငပေါ’ကောင်ဖြစ်တယ်လို့ဝေဖန်လိုက်ပါတယ်။
အသက်(၂၂)နှစ်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့်
အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီက အေဂျက်စ်ကနေ ယူနိုက်တက်ကို
ပေါင်(၈၆)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ပေ့ါဘာပြီးရင် အသင်းရဲ့
ဒုတိယမြောက်ကြေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၁)ကြိမ်ပြုလုပ်ခဲ့ပြီး သူ့ခြေစွမ်းနဲ့ပတ်သက်လို့ ယူနိုက်တက်ဂန္ထဝင်တချို့က
ဝေဖန်ခဲ့ကြသလို အခုလည်း အဘွန်လဟော်က အန်တိုနီရဲ့ ခြေစွမ်း
အပေါ် ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အဘွန်လဟော်က “အန်တိုနီဟာ အရည်အချင်းမရှိဘဲ နာမည်ကြီးနေတဲ့
‘ငပေါ’ကောင်တစ်ဦးပါ။ သူ ဘောလုံးရတဲ့အခါတိုင်း ပြိုင်ဘက်ကို
လှည့်စားနိုင်တာ၊ လျင်လျင်မြန်မြန်နဲ့ ကျော်ဖြတ်ပြတာမျိုး မရှိခဲ့ပါဘူး။
သူ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင် ပရီးမီးယားလိဂ်(၁၁)ပွဲမှာ
(၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှုမရှိ၊ လိဂ်ဖလား(၄)ပွဲမှာ (၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှုမရှိ၊
FA ဖလား(၂)ပွဲမှာ (၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ
ဂိုးဖန်တီးမှု(၁)ကြိမ်သာပြုလုပ်နိုင်တာဖြစ်ပါတယ်။
[Zawgyi]
အက္စတြန္ဗီလာနာမည္ေက်ာ္ကစားသမားေဟာင္း အဘြန္လေဟာ္က
မန္ခ်က္စတာယူႏိုက္ကစားသမား အန္တိုနီကို အရည္အခ်င္းမရွိဘဲ
နာမည္ႀကီးေနတဲ့ ‘ငေပါ’ေကာင္ျဖစ္တယ္လို႔ေဝဖန္လိုက္ပါတယ္။
အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္
အန္တိုနီဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေအဂ်က္စ္ကေန ယူႏိုက္တက္ကို
ေပါင္(၈၆)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေပ့ါဘာၿပီးရင္ အသင္းရဲ႕
ဒုတိယေျမာက္ေၾကးအႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
အန္တိုနီဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
(၁)ႀကိမ္ျပဳလုပ္ခဲ့ၿပီး သူ႔ေျခစြမ္းနဲ႔ပတ္သက္လို႔ ယူႏိုက္တက္ဂႏၴဝင္တခ်ိဳ႕က
ေဝဖန္ခဲ့ၾကသလို အခုလည္း အဘြန္လေဟာ္က အန္တိုနီရဲ႕ ေျခစြမ္း
အေပၚ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။
အဘြန္လေဟာ္က “အန္တိုနီဟာ အရည္အခ်င္းမရွိဘဲ နာမည္ႀကီးေနတဲ့
‘ငေပါ’ေကာင္တစ္ဦးပါ။ သူ ေဘာလုံးရတဲ့အခါတိုင္း ၿပိဳင္ဘက္ကို
လွည့္စားႏိုင္တာ၊ လ်င္လ်င္ျမန္ျမန္နဲ႔ ေက်ာ္ျဖတ္ျပတာမ်ိဳး မရွိခဲ့ပါဘူး။
သူ႔ စြမ္းေဆာင္ရည္မွတ္တမ္းကို ၾကည့္ရင္ ပရီးမီးယားလိဂ္(၁၁)ပြဲမွာ
(၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈမရွိ၊ လိဂ္ဖလား(၄)ပြဲမွာ (၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈမရွိ၊
FA ဖလား(၂)ပြဲမွာ (၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ၿပိဳင္ပြဲစုံမွာ
ဂိုးဖန္တီးမႈ(၁)ႀကိမ္သာျပဳလုပ္ႏိုင္တာျဖစ္ပါတယ္။