အန်တိုနယ်လာကို သစ္စာဖောက်တာလားလို့ မက်ဆီကို ပရိသတ်တွေ နောက်ပြောင်နေကြ

မက်ဆီရဲ့ပရိသတ်တွေကတော့ သူတို့ချစ်ခင်လေးစားရတဲ့ အိုင်ဒေါကို မမြင်ဖူးတဲ့ထူးထူးဆန်းဆန်း ဖြစ်ရပ်ကြောင့် နောက်ပြောင်နေကြပါတယ်။ တူးလော့စ်ကို ၃-၀ ဂိုးနဲ့ ပီအက်စ်ဂျီအနိုင်ရတဲ့ပွဲမတိုင်ခင်မှာ ဖြစ်ခဲ့တာပါ။

နှစ်ဖက်အသင်းသားတွေ ဥမင်ထဲကနေထွက်ခွာဖို့ တန်းစီရပ်နေတုန်း အသင်းဖော်ဗာရက်တီရဲ့ဖင်ကို မက်ဆီကိုင်တွယ်နေတဲ့ ဗွီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။ မသိရင် တကယ့်ကို ဘာလားလို့တွေးစရာဖြစ်နေတဲ့

မဖွယ်မရာအနေအထားပါ။ တကယ်တော့ ဗာရက်တီကိုယ်တိုင် သူ့ဘောင်းဘီမှာ ပြဿနာတစ်ခုခုဖြစ်နေတယ်ဆိုပြီး မက်ဆီကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးကလည်း မဆိုင်းမတွဘဲ

စေ့စေ့စပ်စပ်ကိုင်တွယ် ကြည့်ရှုပေးခဲ့တာပါ။ ဘောင်းဘီအတွင်းပိုင်းကို လှန်ကြည့်ချိန်မှာတော့ တံဆိပ်ကြောင့် ခိုးလိုးခုလုဖြစ်နေတာသိသွားပြီး အဆင်ပြေအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပရိသတ်တွေဟာ

မက်ဆီရဲ့အသင်းဖော်အပေါ် ကူညီပေးတတ်တဲ့ စေတနာကိုနားလည်သွားခဲ့ကြပေမယ့် မြင်ရခဲတဲ့ဖြစ်ရပ်ကြောင့် ကျီစားနေကြတာပါ။ “ ဗာရက်တီရဲ့ဖင်ကို ဘာကြောင့် မက်ဆီက သေသေချာချာ စစ်ဆေးနေရတာလဲ ” ၊

“ မက်ဆီက သူ့ဘဝရဲ့အချိန်တွေကို ပွင့်ပွင့်လင်းလင်း ချပြလိုက်တာပါ။ ဗာရက်တီအတွက်လည်း ပိုကောင်းတဲ့အချိန်တွေ ဖြစ်ခဲ့မှာသေချာပါတယ် ” ၊ “ အကို .. အန်တိုနယ်လာ( မက်ဆီရဲ့ဇနီး )ကို လှည့်စားတယ် ” စတဲ့ မှတ်ချက်တွေ

ဆိုရှယ်မီဒီယာပေါ်မှာ ပလူပျံသွားခဲ့တာပါ။ မက်ဆီဟာ အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ပေမယ့် နေမာနဲ့ အမ်ဘာပီတို့သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လီဂူး ၅ ပွဲမှာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ဖန်တီးမှုက ၄ ဂိုးရှိသွားပြီဖြစ်သလို ကိုယ်တိုင်လည်း ၃ ဂိုး သွင်းထားပါတယ်။

(zawgyi)

မက္ဆီရဲ႕ပရိသတ္ေတြကေတာ့ သူတို႔ခ်စ္ခင္ေလးစားရတဲ့ အိုင္ေဒါကို မျမင္ဖူးတဲ့ထူးထူးဆန္းဆန္း ျဖစ္ရပ္ေၾကာင့္ ေနာက္ေျပာင္ေနၾကပါတယ္။ တူးေလာ့စ္ကို ၃-၀ ဂိုးနဲ႔ ပီအက္စ္ဂ်ီအႏိုင္ရတဲ့ပြဲမတိုင္ခင္မွာ ျဖစ္ခဲ့တာပါ။

ႏွစ္ဖက္အသင္းသားေတြ ဥမင္ထဲကေနထြက္ခြာဖို႔ တန္းစီရပ္ေနတုန္း အသင္းေဖာ္ဗာရက္တီရဲ႕ဖင္ကို မက္ဆီကိုင္တြယ္ေနတဲ့ ဗြီဒီယိုမွတ္တမ္း ထြက္ေပၚလာခဲ့ပါတယ္။ မသိရင္ တကယ့္ကို ဘာလားလို႔ေတြးစရာျဖစ္ေနတဲ့ မဖြယ္မရာအေနအထားပါ။

တကယ္ေတာ့ ဗာရက္တီကိုယ္တိုင္ သူ႔ေဘာင္းဘီမွာ ျပႆနာတစ္ခုခုျဖစ္ေနတယ္ဆိုၿပီး မက္ဆီကို အကူအညီေတာင္းခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးကလည္း မဆိုင္းမတြဘဲ ေစ့ေစ့စပ္စပ္ကိုင္တြယ္ ၾကည့္ရႈေပးခဲ့တာပါ။

ေဘာင္းဘီအတြင္းပိုင္းကို လွန္ၾကည့္ခ်ိန္မွာေတာ့ တံဆိပ္ေၾကာင့္ ခိုးလိုးခုလုျဖစ္ေနတာသိသြားၿပီး အဆင္ေျပေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။ ပရိသတ္ေတြဟာ မက္ဆီရဲ႕အသင္းေဖာ္အေပၚ

ကူညီေပးတတ္တဲ့ ေစတနာကိုနားလည္သြားခဲ့ၾကေပမယ့္ ျမင္ရခဲတဲ့ျဖစ္ရပ္ေၾကာင့္ က်ီစားေနၾကတာပါ။ “ ဗာရက္တီရဲ႕ဖင္ကို ဘာေၾကာင့္ မက္ဆီက ေသေသခ်ာခ်ာ စစ္ေဆးေနရတာလဲ ” ၊ “ မက္ဆီက သူ႔ဘဝရဲ႕အခ်ိန္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပလိုက္တာပါ။

ဗာရက္တီအတြက္လည္း ပိုေကာင္းတဲ့အခ်ိန္ေတြ ျဖစ္ခဲ့မွာေသခ်ာပါတယ္ ” ၊ “ အကို .. အန္တိုနယ္လာ( မက္ဆီရဲ႕ဇနီး )ကို လွည့္စားတယ္ ” စတဲ့ မွတ္ခ်က္ေတြ ဆိုရွယ္မီဒီယာေပၚမွာ ပလူပ်ံသြားခဲ့တာပါ။

မက္ဆီဟာ အဲဒီပြဲမွာ ဂိုးမသြင္းႏိုင္ေပမယ့္ ေနမာနဲ႔ အမ္ဘာပီတို႔သြင္းဂိုးေတြကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ လီဂူး ၅ ပြဲမွာ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ဖန္တီးမႈက ၄ ဂိုးရွိသြားၿပီျဖစ္သလို ကိုယ္တိုင္လည္း ၃ ဂိုး သြင္းထားပါတယ္။