
ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကို
ကြိုးပမ်းမှု လက်လျှော့ခဲ့ပြီး ရှက်တာဒိုးနက် တောင်ပံတိုက်စစ်ကစားသမား
မက်ဒရက်ခ်ကို ကြေးကြီးပေး ခေါ်ယူခဲ့တဲ့အပေါ် ပရိသတ်တွေက
မကျေမနပ်နဲ့ မေးခွန်းထုတ်နေကြပါတယ်။
အသက်(၂၂)နှစ်သာရှိသေးတဲ့ ယူကရိန်းလူငယ်ကစားသမား မက်ဒရက်ခ်ဟာ
အာဆင်နယ်ကိုရောက်ဖို့ ရာနှုန်းပြည့်နီးစပ်ခဲ့ပြီးမှ ချယ်လ်ဆီးအသင်းက
ပေါင်(၈၈)သန်းနဲ့ ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ မက်ဒရက်ခ်အတွက် ရှက်တာဒိုးနက်အသင်းကို
ပေါင်(၆၂)သန်း အရင်ဆုံးပေးချေသွားမှာဖြစ်ပြီး အောင်မြင်မှုအလိုက်
ဆုကြေးအဖြစ် ပေါင်(၂၆)သန်း နောက်ထပ်ပေးသွားမှာဖြစ်သလို
(၈)နှစ်ခွဲသက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးပရိသတ်တွေကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြပြီး ချန်ပီယံဆုဖလား
ဆွတ်ခူးနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို မကြိုးပမ်းဘဲ
မက်ဒရက်ခ်ကို ခေါ်ယူခဲ့တဲ့အတွက် သိပ် မကျေနပ်ကြပါဘူး။
ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်(၂၁နှစ်)ရဲ့ အပြောင်းအရွှေ့
အတွက် ဘင်ဖီကာအသင်းနဲ့ တရားဝင်ဆွေးနွေးခဲ့ပေမယ့် ဘင်ဖီကာအသင်း
လိုချင်တဲ့ စာချုပ်လျော်ကြေး ပေါင်(၁၀၅)သန်းကိုပေးဖို့ ဆန္ဒမရှိတာကြောင့်
အဆင်မပြေခဲ့တာဖြစ်ပါတယ်။
[Zawgyi]
ခ်ယ္လ္ဆီးအသင္းဟာ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ အန္ဇိုဖာနန္ဒက္ဇ္ကို
ႀကိဳးပမ္းမႈ လက္ေလွ်ာ့ခဲ့ၿပီး ရွက္တာဒိုးနက္ ေတာင္ပံတိုက္စစ္ကစားသမား
မက္ဒရက္ခ္ကို ေၾကးႀကီးေပး ေခၚယူခဲ့တဲ့အေပၚ ပရိသတ္ေတြက
မေက်မနပ္နဲ႔ ေမးခြန္းထုတ္ေနၾကပါတယ္။
အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ယူကရိန္းလူငယ္ကစားသမား မက္ဒရက္ခ္ဟာ
အာဆင္နယ္ကိုေရာက္ဖို႔ ရာႏႈန္းျပည့္နီးစပ္ခဲ့ၿပီးမွ ခ်ယ္လ္ဆီးအသင္းက
ေပါင္(၈၈)သန္းနဲ႔ ၾကားျဖတ္ေခၚယူခဲ့တာျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ မက္ဒရက္ခ္အတြက္ ရွက္တာဒိုးနက္အသင္းကို
ေပါင္(၆၂)သန္း အရင္ဆုံးေပးေခ်သြားမွာျဖစ္ၿပီး ေအာင္ျမင္မႈအလိုက္
ဆုေၾကးအျဖစ္ ေပါင္(၂၆)သန္း ေနာက္ထပ္ေပးသြားမွာျဖစ္သလို
(၈)ႏွစ္ခြဲသက္တမ္းရွိတဲ့ ႏွစ္ရွည္စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ပါတယ္။
ဒါေပမဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြကေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
အာဂ်င္တီးနားအသင္းအတြက္ ေျခစြမ္းျပၿပီး ခ်န္ပီယံဆုဖလား
ဆြတ္ခူးႏိုင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ အန္ဇိုဖာနန္ဒက္ဇ္ကို မႀကိဳးပမ္းဘဲ
မက္ဒရက္ခ္ကို ေခၚယူခဲ့တဲ့အတြက္ သိပ္ မေက်နပ္ၾကပါဘူး။
ခ်ယ္လ္ဆီးအသင္းဟာ အန္ဇိုဖာနန္ဒက္ဇ္(၂၁ႏွစ္)ရဲ႕ အေျပာင္းအေ႐ႊ႕
အတြက္ ဘင္ဖီကာအသင္းနဲ႔ တရားဝင္ေဆြးေႏြးခဲ့ေပမယ့္ ဘင္ဖီကာအသင္း
လိုခ်င္တဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္(၁၀၅)သန္းကိုေပးဖို႔ ဆႏၵမရွိတာေၾကာင့္
အဆင္မေျပခဲ့တာျဖစ္ပါတယ္။