အန်ဇိုဖာနန်ဒက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၀၅)သန်းနဲ့ခေါ်ယူဖို့ ချယ်လ်ဆီး သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘင်ဖီကာ

အသင်းရဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကို စာချုပ်
လျော်ကြေး ပေါင်(၁၀၅)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီလို့
ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

(၂၁)နှစ်သာရှိသေးတဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ဘင်ဖီကာအသင်း
အတွက် ခြေစွမ်းပြကစားနေသလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း
အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒီလိုခြေစွမ်းကောင်းပြသနိုင်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လူငယ်
အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သလို အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ဖို့
ဥရောပထိပ်သီးအသင်းတွေကလည်း အပြိုင်အဆိုင် ပစ်မှတ်ထားလာကြပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ချင်နေတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်၊ မန်ချက်စတာ
ယူနိုက်တက်တို့လည်း ပါဝင်ပေမယ့် အခု ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ဖို့

နီးစပ်နေပြီဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်အထိ
သက်တမ်းကျန်ရှိနေတာကြောင့် ဘင်ဖီကာအသင်းကတော့ သူတို့ လူငယ်ကြယ်ပွင့်ကို
အလောတကြီး ရောင်းချစရာမလိုဘဲ စာချုပ်လျော်ကြေး ပေါင်(၁၀၅)သန်းရမှ
လက်လွှတ်သွားမှာပါ။

အခု ချယ်လ်ဆီးတာဝန်ရှိသူတွေဟာ ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာ၊
အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်တို့နဲ့တွေ့ဆုံခဲ့ပြီး စာချုပ်လျော်ကြေး ပေါင်(၁၀၅)သန်း
ပေးဖို့ ဘာပြဿနာမှ မရှိဘူးလို့ အသိပေးခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့

အပြောင်းအရွှေ့ကိစ္စအတွက် အန်ဇိုဖာနန်ဒက်ဇ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့သာ
လိုအပ်တော့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

တကယ်လို့ ချယ်လ်ဆီးအသင်းသာ အန်ဇိုဖာနန်ဒက်ဇ်ကို တရားဝင်ခေါ်ယူနိုင်မယ်ဆိုရင်
အန်ဇိုဖာနန်ဒက်ဇ်ဟာ ၂၀၂၁ ခုနှစ်တုန်းက လူကာကူအတွက် ပေးချေခဲ့ရတဲ့
ပေါင်(၉၇.၅)သန်းကို ကျော်ဖြတ်ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်သစ်
အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

[Zawgyi]

ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ဘင္ဖီကာ
အသင္းရဲ႕ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ အန္ဇိုဖာနန္ဒက္ဇ္ကို စာခ်ဳပ္
ေလ်ာ္ေၾကး ေပါင္(၁၀၅)သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈရသြားၿပီလို႔

ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

(၂၁)ႏွစ္သာရွိေသးတဲ့ အန္ဇိုဖာနန္ဒက္ဇ္ဟာ ဒီရာသီမွာ ဘင္ဖီကာအသင္း

အတြက္ ေျခစြမ္းျပကစားေနသလို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း
အာဂ်င္တီးနားအသင္းနဲ႔အတူ ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

ဒီလိုေျခစြမ္းေကာင္းျပသႏိုင္တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ လူငယ္
အေကာင္းဆုံးကစားသမားဆု ဆြတ္ခူးႏိုင္ခဲ့သလို အန္ဇိုဖာနန္ဒက္ဇ္ကို ေခၚဖို႔
ဥေရာပထိပ္သီးအသင္းေတြကလည္း အၿပိဳင္အဆိုင္ ပစ္မွတ္ထားလာၾကပါတယ္။

အန္ဇိုဖာနန္ဒက္ဇ္ကို ေခၚခ်င္ေနတဲ့ အသင္းေတြထဲမွာ လီဗာပူးလ္၊ မန္ခ်က္စတာ
ယူႏိုက္တက္တို႔လည္း ပါဝင္ေပမယ့္ အခု ခ်ယ္လ္ဆီးအသင္းက လက္ဦးမႈရယူႏိုင္ဖို႔
နီးစပ္ေနၿပီျဖစ္ပါတယ္။ အန္ဇိုဖာနန္ဒက္ဇ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၇ ခုႏွစ္အထိ
သက္တမ္းက်န္ရွိေနတာေၾကာင့္ ဘင္ဖီကာအသင္းကေတာ့ သူတို႔ လူငယ္ၾကယ္ပြင့္ကို

အေလာတႀကီး ေရာင္းခ်စရာမလိုဘဲ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္(၁၀၅)သန္းရမွ
လက္လႊတ္သြားမွာပါ။

အခု ခ်ယ္လ္ဆီးတာဝန္ရွိသူေတြဟာ ဘင္ဖီကာအသင္းဥကၠ႒ ႐ူအီေကာ္စတာ၊
ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္တို႔နဲ႔ေတြ႕ဆုံခဲ့ၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္(၁၀၅)သန္း
ေပးဖို႔ ဘာျပႆနာမွ မရွိဘူးလို႔ အသိေပးခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔
အေျပာင္းအေ႐ႊ႕ကိစၥအတြက္ အန္ဇိုဖာနန္ဒက္ဇ္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရဖို႔သာ
လိုအပ္ေတာ့တယ္လို႔ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

တကယ္လို႔ ခ်ယ္လ္ဆီးအသင္းသာ အန္ဇိုဖာနန္ဒက္ဇ္ကို တရားဝင္ေခၚယူႏိုင္မယ္ဆိုရင္
အန္ဇိုဖာနန္ဒက္ဇ္ဟာ ၂၀၂၁ ခုႏွစ္တုန္းက လူကာကူအတြက္ ေပးေခ်ခဲ့ရတဲ့

ေပါင္(၉၇.၅)သန္းကို ေက်ာ္ျဖတ္ၿပီး ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္သစ္
အျဖစ္ မွတ္တမ္းဝင္မွာျဖစ္ပါတယ္။