အနီကတ် နာမည်ကျော် ဒိုင်လူကြီးကို GOLDEN CARD နဲ့ ဂုဏ်ပြုမယ်

ရာသီကုန်ရင်အနားယူတော့မယ့် ပရီးမီးယားလိဂ်နာမည်ကျော်ဒိုင်လူကြီး

မိုက်ဒင်းကို ရာသီနောက်ဆုံးနေ့မှာ GOLDEN CARD ပေးကာဂုဏ်ပြုဖို့

တာဝန်ရှိသူတွေကစီစဉ်ထားကြောင်းသိရပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ မိုက်ဒင်းဟာ ဒိုင်လူကြီးဘဝကနေအနားယူမှာ

ဖြစ်ပေမယ့် VAR ရဲ့စီနီယာဒိုင်လူကြီးအဖြစ်တော့လာမယ့်ရာသီမှာ

ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။ ရာသီနောက်ဆုံးရက်ဖြစ်တဲ့

မေ ၂၂ မတိုင်ခင်မှာ ချန်ပီယံဘွဲ့အတွက်အဖြေထွက်ခဲ့ပြီဆိုရင်တော့

မိုက်ဒင်းဟာ လီဗာပူးနဲ့ ဝုဗ် ဒါမှမဟုတ် မန်စီးတီးနဲ့ ဗီလာတို့ထဲက

တစ်ပွဲကိုကိုင်တွယ်ရဖို့ရှိနေပါတယ်။ အဲဒီရာသီနောက်ဆုံးနေ့မှာကျင်းပမယ့်

ပရီးမီးယားလိဂ်ပွဲတွေအားလုံးကိုပွဲချိန် ၂၂ မိနစ်အရောက်မှာခဏတာရပ်တန့်ပြီး

မိုက်ဒင်းကိုဂုဏ်ပြုသွားမှာဖြစ်ပါတယ်။ ၂၂ မိနစ်ဆိုတာ မိုက်ဒင်းရဲ့ဒိုင်လူကြီး

သက်တမ်း ၂၂ နှစ်ကိုရည်ရွယ်တာလည်းဖြစ်ပြီး ပွဲရပ်တန့်ထားချိန်မှာ အားလုံးက

လက်ခုပ်တီးကာဂုဏ်ပြုပေးကြမှာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ပွဲတွေရဲ့

ဒိုင်လူကြီးများအဖွဲ့(PGMOL) ကတော့မိုက်ဒင်းဟာထူးခြားတဲ့ဂုဏ်ပြုမှုနဲ့

ထိုက်တန်တဲ့သူလို့ဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက

” မိုက်ဒင်းဟာပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းစံထားလောက်ရတဲ့သူဖြစ်ခဲ့ပါတယ်။

ဒါကြောင့်သူ့ရဲ့အနားယူမှုကိုသင့်တင်လျောက်ပတ်စွာဂုဏ်ပြုပေးဖို့က အရေးကြီးပါတယ်။

မိုက် ကတော့ဇာချဲ့တာတွေ၊ ရေးကြီးခွင်ကျယ်လုပ်တာတွေကိုမုန်းတဲ့သူပါ။

ဒါပေမယ့်ဒီလိုဂုဏ်ပြုမှုက အနာဂတ်မှာထိပ်တန်းဒိုင်လူကြီးတွေရဲ့ဘဝကို

သူတို့အနားယူချိန်မှာအမှတ်တရဖြစ်ကျန်နေစေဖို့မျှော်လင့်ပါတယ်” လို့

ပြောသွားပါတယ်။ မိုက်ဒင်းဟာ လက်ရှိပရီးမီးယားလိဂ်ပရော်ဖက်ရှင်နယ်

နည်းပြတွေထဲမှာ အသက်အကြီးဆုံးနဲ့ ဝါအရင့်ဆုံးဖြစ်ပြီး

သူ့နောက်မှာအသက်အကြီးဆုံးဖြစ်နေသူတွေကတော့ မာတင်အက်ကင်ဆန်( ၅၀ နှစ်)၊

အန်ဒရီမာရီနာ( ၅၁ နှစ်) တို့ရှိနေကြပြီးသူတို့ရဲ့အနားယူချိန်ကလည်း နီးကပ်လာပြီဖြစ်ပါတယ်။

April Fool’s…

zawgyi

အနီကတ္ နာမည္ေက်ာ္ ဒိုင္လူႀကီးကို GOLDEN CARD နဲ႔ ဂုဏ္ျပဳမယ္

ရာသီကုန္ရင္အနားယူေတာ့မယ့္ ပရီးမီးယားလိဂ္နာမည္ေက်ာ္ဒိုင္လူႀကီး

မိုက္ဒင္းကို ရာသီေနာက္ဆုံးေန႔မွာ GOLDEN CARD ေပးကာဂုဏ္ျပဳဖို႔

တာဝန္ရွိသူေတြကစီစဥ္ထားေၾကာင္းသိရပါတယ္။

အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ မိုက္ဒင္းဟာ ဒိုင္လူႀကီးဘဝကေနအနားယူမွာ

ျဖစ္ေပမယ့္ VAR ရဲ႕စီနီယာဒိုင္လူႀကီးအျဖစ္ေတာ့လာမယ့္ရာသီမွာ

ဆက္လက္တာဝန္ယူသြားမွာျဖစ္ပါတယ္။ ရာသီေနာက္ဆုံးရက္ျဖစ္တဲ့

ေမ ၂၂ မတိုင္ခင္မွာ ခ်န္ပီယံဘြဲ႕အတြက္အေျဖထြက္ခဲ့ၿပီဆိုရင္ေတာ့

မိုက္ဒင္းဟာ လီဗာပူးနဲ႔ ဝုဗ္ ဒါမွမဟုတ္ မန္စီးတီးနဲ႔ ဗီလာတို႔ထဲက

တစ္ပြဲကိုကိုင္တြယ္ရဖို႔ရွိေနပါတယ္။ အဲဒီရာသီေနာက္ဆုံးေန႔မွာက်င္းပမယ့္

ပရီးမီးယားလိဂ္ပြဲေတြအားလုံးကိုပြဲခ်ိန္ ၂၂ မိနစ္အေရာက္မွာခဏတာရပ္တန႔္ၿပီး

မိုက္ဒင္းကိုဂုဏ္ျပဳသြားမွာျဖစ္ပါတယ္။ ၂၂ မိနစ္ဆိုတာ မိုက္ဒင္းရဲ႕ဒိုင္လူႀကီး

သက္တမ္း ၂၂ ႏွစ္ကိုရည္႐ြယ္တာလည္းျဖစ္ၿပီး ပြဲရပ္တန႔္ထားခ်ိန္မွာ အားလုံးက

လက္ခုပ္တီးကာဂုဏ္ျပဳေပးၾကမွာျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ပြဲေတြရဲ႕

ဒိုင္လူႀကီးမ်ားအဖြဲ႕(PGMOL) ကေတာ့မိုက္ဒင္းဟာထူးျခားတဲ့ဂုဏ္ျပဳမႈနဲ႔

ထိုက္တန္တဲ့သူလို႔ဆိုခဲ့ပါတယ္။ အဲဒီအဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူက

” မိုက္ဒင္းဟာၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခုအတြင္းစံထားေလာက္ရတဲ့သူျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္သူ႔ရဲ႕အနားယူမႈကိုသင့္တင္ေလ်ာက္ပတ္စြာဂုဏ္ျပဳေပးဖို႔က အေရးႀကီးပါတယ္။

မိုက္ ကေတာ့ဇာခ်ဲ႕တာေတြ၊ ေရးႀကီးခြင္က်ယ္လုပ္တာေတြကိုမုန္းတဲ့သူပါ။

ဒါေပမယ့္ဒီလိုဂုဏ္ျပဳမႈက အနာဂတ္မွာထိပ္တန္းဒိုင္လူႀကီးေတြရဲ႕ဘဝကို

သူတို႔အနားယူခ်ိန္မွာအမွတ္တရျဖစ္က်န္ေနေစဖို႔ေမွ်ာ္လင့္ပါတယ္” လို႔

ေျပာသြားပါတယ္။ မိုက္ဒင္းဟာ လက္ရွိပရီးမီးယားလိဂ္ပေရာ္ဖက္ရွင္နယ္

နည္းျပေတြထဲမွာ အသက္အႀကီးဆုံးနဲ႔ ဝါအရင့္ဆုံးျဖစ္ၿပီး

သူ႔ေနာက္မွာအသက္အႀကီးဆုံးျဖစ္ေနသူေတြကေတာ့ မာတင္အက္ကင္ဆန္( ၅၀ ႏွစ္)၊

အန္ဒရီမာရီနာ( ၅၁ ႏွစ္) တို႔ရွိေနၾကၿပီးသူတို႔ရဲ႕အနားယူခ်ိန္ကလည္း နီးကပ္လာၿပီျဖစ္ပါတယ္။

April Fool’s…

Be the first to comment

Leave a Reply

Your email address will not be published.


*