အနီကတ်စံချိန်တင် နာမည်ကျော်ပရီးမီးယားလိဂ်ဒိုင်လူကြီး ရာသီကုန်မှာ အနားယူမယ်

နာမည်ကျော်ပရီးမီးယားလိဂ်ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ မိုက်ဒင်းဟာ

အခုရာသီကုန်မှာပဲ အနားယူတော့မယ်လို့ အင်္ဂလန်က Telegraph

သတင်းစာ ဖော်ပြလိုက်ပါတယ်။ ဒီသတင်းဟာ အသင်းတိုင်း

ပရီးမီးယားလိဂ်ဘောလုံးသမားတွေအတွက်တော့ ပျော်ရွှင်စရာဖြစ်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်ဒိုင်ကမှ

မိုက်ဒင်းလောက် အဝါကတ်နဲ့အနီကတ်အရေအတွက်များများပြတာ မရှိခဲ့လို့ပါပဲ။

မိုက်ဒင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အနီကတ်ရာပြည့်ပြခဲ့တဲ့

တစ်ဦးတည်းသောဒိုင်လူကြီးလည်း ဖြစ်ပါတယ်။ အတိအကျပြောမယ်ဆိုရင်

ပရီးမီးယားလိဂ်ပွဲတွေမှာ သူပြခဲ့တဲ့ အနီကတ်အရေအတွက်က

၁၁၄ ကြိမ်တောင်ရှိခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၀ ပြည့်

နှစ်ကတည်းက စတင်ဒိုင်လုပ်လာခဲ့ပြီး ပွဲပေါင်း ၅၅၄ ပွဲ ကိုင်တွယ်ခဲ့တာ

ဖြစ်ပါတယ်။ အခုတော့ ၂၂ နှစ်အကြာမှာ မိုက်ဒင်းကို ပရီးမီးယားလိဂ်

မြက်ခင်းပြင်ထဲမှာ ထိပ်တွေ့ရတော့မှာ မဟုတ်ပါဘူး။

သတင်းအရ မိုက်ဒင်းဟာ အပြည့်အ၀ VAR ဒိုင်ဖြစ်လာဖို့ ဒိုင်အဖွဲ့ချုပ်

အကြီးအကဲတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီအတိုင်းဆိုရင် မိုက်ဒင်းဟာ ဗီဒီယိုဖန်သားပြင်နောက်ကွယ်ကနေလည်း

တိုက်ရိုက်မဟုတ်တဲ့အနီကတ်တွေပြနိုင်သေးတာပါ။

သူ့ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေ၊ ထူးဆန်တဲ့အပြုအမူတွေကြောင့်

မိုက်ဒင်းဟာ ဆိုရှယ်မီဒီယာထက်မှာ memes အလုပ်ခံရဆုံး

ဒိုင်လူကြီးတစ်ယောက်ဖြစ်ပါတယ်။

zawgyi

အနီကတ္စံခ်ိန္တင္ နာမည္ေက်ာ္ပရီးမီးယားလိဂ္ဒိုင္လူႀကီး ရာသီကုန္မွာ အနားယူမယ္

နာမည္ေက်ာ္ပရီးမီးယားလိဂ္ဒိုင္လူႀကီးတစ္ေယာက္ျဖစ္တဲ့ မိုက္ဒင္းဟာ

အခုရာသီကုန္မွာပဲ အနားယူေတာ့မယ္လို႔ အဂၤလန္က Telegraph

သတင္းစာ ေဖာ္ျပလိုက္ပါတယ္။ ဒီသတင္းဟာ အသင္းတိုင္း

ပရီးမီးယားလိဂ္ေဘာလုံးသမားေတြအတြက္ေတာ့ ေပ်ာ္႐ႊင္စရာျဖစ္ပါလိမ့္မယ္။

ဘာေၾကာင့္လဲဆိုေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ ဘယ္ဒိုင္ကမွ

မိုက္ဒင္းေလာက္ အဝါကတ္နဲ႔အနီကတ္အေရအတြက္မ်ားမ်ားျပတာ မရွိခဲ့လို႔ပါပဲ။

မိုက္ဒင္းဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အနီကတ္ရာျပည့္ျပခဲ့တဲ့

တစ္ဦးတည္းေသာဒိုင္လူႀကီးလည္း ျဖစ္ပါတယ္။ အတိအက်ေျပာမယ္ဆိုရင္

ပရီးမီးယားလိဂ္ပြဲေတြမွာ သူျပခဲ့တဲ့ အနီကတ္အေရအတြက္က

၁၁၄ ႀကိမ္ေတာင္ရွိခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ္မွာ ၂၀၀၀ ျပည့္

ႏွစ္ကတည္းက စတင္ဒိုင္လုပ္လာခဲ့ၿပီး ပြဲေပါင္း ၅၅၄ ပြဲ ကိုင္တြယ္ခဲ့တာ

ျဖစ္ပါတယ္။ အခုေတာ့ ၂၂ ႏွစ္အၾကာမွာ မိုက္ဒင္းကို ပရီးမီးယားလိဂ္

ျမက္ခင္းျပင္ထဲမွာ ထိပ္ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။

သတင္းအရ မိုက္ဒင္းဟာ အျပည့္အ၀ VAR ဒိုင္ျဖစ္လာဖို႔ ဒိုင္အဖြဲ႕ခ်ဳပ္

အႀကီးအကဲေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ဒီအတိုင္းဆိုရင္ မိုက္ဒင္းဟာ ဗီဒီယိုဖန္သားျပင္ေနာက္ကြယ္ကေနလည္း

တိုက္႐ိုက္မဟုတ္တဲ့အနီကတ္ေတြျပႏိုင္ေသးတာပါ။

သူ႔ရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေတြ၊ ထူးဆန္တဲ့အျပဳအမူေတြေၾကာင့္

မိုက္ဒင္းဟာ ဆိုရွယ္မီဒီယာထက္မွာ memes အလုပ္ခံရဆုံး

ဒိုင္လူႀကီးတစ္ေယာက္ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*