အနားယူပြီးလို့ ၉ နှစ်ကြာတာတောင် တစ်ပတ်ပေါင် ၂၃၅၀၀၀ ရနေဆဲဖြစ်တဲ့ ဖာဂူဆန်

မန်ယူအသင်းရဲ့ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ဟာမန်ယူကနေ

အနားယူပြီးတာ ၉ နှစ်ကြာနေပြီဖြစ်ပေမယ့် အခုအချိန်အထိတစ်ပတ်လစာပေါင် ၂၃၅၀၀၀ နဲ့

ညီမျှတဲ့ပမာဏကိုရရှိနေတုန်းဖြစ်ပါတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ

၂၀၁၃ တုန်းကသူ့ရဲ့မန်ယူနည်းပြဘဝ ၂၆ နှစ်တာသက်တမ်းကိုအဆုံးသတ်ခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဖာဂူဆန်ရဲ့အနားယူမှုဟာ ပျော်စရာကောင်းခဲ့ပြီးလက်ရှိအချိန်အထိ

မန်ယူကနေသူအလိုရှိသမျှ အားလုံးနီးပါးကိုရရှိနေသေးသူလည်းဖြစ်ပါတယ်။

သူဟာမန်ယူအသင်းရဲ့သံတမန်အဖြစ်တစ်နှစ်ကိုရက် ၂၀ သာ အလုပ်လုပ်ရပြီး

ပေါင် ၂ သန်းရရှိနေတဲ့အပြင် ပွဲတွေကို လူလုံးပြကာလာကြည့်ခြင်း၊စာအုပ်ထုတ်ဝေခြင်း၊

အခြားရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ခြင်း တို့ကနေရရှိနေတဲ့ဝင်ငွေကြောင့် သူဟာ

ပရီးမီးယားလိဂ်ထိပ်တန်းနည်းပြတစ်ဦးရဲ့တစ်ပတ်လစာ ပမာဏမျိုးအထိ

ငွေဝင်နေသေးတာဖြစ်ပါတယ်။ သူ့ရဲ့ကုမ္ပဏီတွေတန်ဖိုးကလည်းပေါင်သန်း ၄၀ အထိ

ရှိလာပြီး ၂၀၂၁ ခုနှစ်အတွင်းမှာတင်ပေါင်၁၂.၂ သန်းအထိ တန်ဖိုးမြင့်တက်လာခဲ့ပါတယ်။

သူရဲ့ပါဆင်နယ် ကုမ္ပဏီဖြစ်တဲ့ ACF Sports Promotions ကထုတ်ပြန်တဲ့ နောက်ဆုံး

စာရင်းအရ သူ့ရဲ့တန်ဖိုးဟာအရင်ကပေါင် ၁၇.၅ သန်းသာရှိနေရာကနေ ၂၀၂၁ အတွင်းမှာ

ပေါင် ၂၆ သန်းအထိရှိလာခဲ့တာကိုတွေ့ရပါတယ်။ ဂလက်စကိုမြို့သားတစ်ဦးဖြစ်တဲ့

ဖာဂူဆန် ဟာ ၂၀၁၃ ကသူ့ရဲ့ကိုယ်ရေးအတ္ထုပတ္တိဖြစ်တဲ့

Alex Ferguson: My Autobiography အတွက်ပေါင်သန်းနဲ့ချီပြီးရခဲ့သလို

စာအုပ်ကလည်းအုပ်ရေသန်းနဲ့ချီပြီးရောင်းချခဲ့ရပါတယ်။

လက်ရှိမှာလည်းစိတ်အားတက်ကြွဖွယ်ရာဖြစ်စေတဲ့ ဟောပြောမှုတွေအတွက်

တစ်ပွဲကိုပေါင် ၁၀၀၀၀၀ အထိရရှိနေသူလည်းဖြစ်ပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းကိုခေတ်တစ်ခုဖြစ်စေဖို့ တည်ဆောက်ပေးနိုင်ခဲ့သူဖြစ်ပြီး

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ ၁၃ ကြိမ်အပါအဝင် အမှတ်ပေးဖလားအကြိမ် ၂၀ နဲ့

ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူအနားယူပြီးနောက်ပိုင်းမှာ မန်ယူဟာပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခဲ့ဘဲ

ယူရိုပါလိဂ်၊အက်ဖ်အေဖလားနဲ့ ကွန်မြူနတီ ဒိုင်းတို့ကိုသာရယူနိုင်ခဲ့တာပါ။

zawgyi

အနားယူၿပီးလို႔ ၉ ႏွစ္ၾကာတာေတာင္ တစ္ပတ္ေပါင္ ၂၃၅၀၀၀ ရေနဆဲျဖစ္တဲ့ ဖာဂူဆန္

မန္ယူအသင္းရဲ႕ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ ဟာမန္ယူကေန

အနားယူၿပီးတာ ၉ ႏွစ္ၾကာေနၿပီျဖစ္ေပမယ့္ အခုအခ်ိန္အထိတစ္ပတ္လစာေပါင္ ၂၃၅၀၀၀ နဲ႔

ညီမွ်တဲ့ပမာဏကိုရရွိေနတုန္းျဖစ္ပါတယ္။ အသက္ ၈၀ ရွိၿပီျဖစ္တဲ့ ဖာဂူဆန္ဟာ

၂၀၁၃ တုန္းကသူ႔ရဲ႕မန္ယူနည္းျပဘဝ ၂၆ ႏွစ္တာသက္တမ္းကိုအဆုံးသတ္ခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဖာဂူဆန္ရဲ႕အနားယူမႈဟာ ေပ်ာ္စရာေကာင္းခဲ့ၿပီးလက္ရွိအခ်ိန္အထိ

မန္ယူကေနသူအလိုရွိသမွ် အားလုံးနီးပါးကိုရရွိေနေသးသူလည္းျဖစ္ပါတယ္။

သူဟာမန္ယူအသင္းရဲ႕သံတမန္အျဖစ္တစ္ႏွစ္ကိုရက္ ၂၀ သာ အလုပ္လုပ္ရၿပီး

ေပါင္ ၂ သန္းရရွိေနတဲ့အျပင္ ပြဲေတြကို လူလုံးျပကာလာၾကည့္ျခင္း၊စာအုပ္ထုတ္ေဝျခင္း၊

အျခားရင္းႏွီးျမႇပ္ႏွံမႈေတြျပဳလုပ္ျခင္း တို႔ကေနရရွိေနတဲ့ဝင္ေငြေၾကာင့္ သူဟာ

ပရီးမီးယားလိဂ္ထိပ္တန္းနည္းျပတစ္ဦးရဲ႕တစ္ပတ္လစာ ပမာဏမ်ိဳးအထိ

ေငြဝင္ေနေသးတာျဖစ္ပါတယ္။ သူ႔ရဲ႕ကုမၸဏီေတြတန္ဖိုးကလည္းေပါင္သန္း ၄၀ အထိ

ရွိလာၿပီး ၂၀၂၁ ခုႏွစ္အတြင္းမွာတင္ေပါင္၁၂.၂ သန္းအထိ တန္ဖိုးျမင့္တက္လာခဲ့ပါတယ္။

သူရဲ႕ပါဆင္နယ္ ကုမၸဏီျဖစ္တဲ့ ACF Sports Promotions ကထုတ္ျပန္တဲ့ ေနာက္ဆုံး

စာရင္းအရ သူ႔ရဲ႕တန္ဖိုးဟာအရင္ကေပါင္ ၁၇.၅ သန္းသာရွိေနရာကေန ၂၀၂၁ အတြင္းမွာ

ေပါင္ ၂၆ သန္းအထိရွိလာခဲ့တာကိုေတြ႕ရပါတယ္။ ဂလက္စကိုၿမိဳ႕သားတစ္ဦးျဖစ္တဲ့

ဖာဂူဆန္ ဟာ ၂၀၁၃ ကသူ႔ရဲ႕ကိုယ္ေရးအတၳဳပတၱိျဖစ္တဲ့

Alex Ferguson: My Autobiography အတြက္ေပါင္သန္းနဲ႔ခ်ီၿပီးရခဲ့သလို

စာအုပ္ကလည္းအုပ္ေရသန္းနဲ႔ခ်ီၿပီးေရာင္းခ်ခဲ့ရပါတယ္။

လက္ရွိမွာလည္းစိတ္အားတက္ႂကြဖြယ္ရာျဖစ္ေစတဲ့ ေဟာေျပာမႈေတြအတြက္

တစ္ပြဲကိုေပါင္ ၁၀၀၀၀၀ အထိရရွိေနသူလည္းျဖစ္ပါတယ္။

ဖာဂူဆန္ဟာ မန္ယူအသင္းကိုေခတ္တစ္ခုျဖစ္ေစဖို႔ တည္ေဆာက္ေပးႏိုင္ခဲ့သူျဖစ္ၿပီး

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ ၁၃ ႀကိမ္အပါအဝင္ အမွတ္ေပးဖလားအႀကိမ္ ၂၀ နဲ႔

ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

သူအနားယူၿပီးေနာက္ပိုင္းမွာ မန္ယူဟာပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ခဲ့ဘဲ

ယူ႐ိုပါလိဂ္၊အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီ ဒိုင္းတို႔ကိုသာရယူႏိုင္ခဲ့တာပါ။