အနာဟောင်းပြန်ဆွတဲ့ပရိသတ်ကို အူနိုင်းအမ်မရီ မဖွယ်မရာတုံ့ပြန်ခဲ့

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီဟာ ဆောက်သမ်တန်နဲ့ခြေစမ်းပွဲကစားဖို့ စိန့်မေရီကိုရောက်ရှိလာခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းအတွက် မိုင်ပီနို၊ မိုရီနိုတို့က

ဂိုးတွေသွင်းပေးခဲ့ကြပြီး ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲပြီးတဲ့နောက်မှာတော့ ထုံးစံအတိုင်း ပရိသတ်တွေနဲ့ အမှတ်တရဓါတ်ပုံရိုက်တာ၊ လက်မှတ်ထိုးပေးတာတွေ အမ်မရီ

လုပ်ပေးခဲ့ပါတယ်။ ဒီအချိန်မှာ ပရိသတ်တစ်ယောက်က “Good ebening လို့ ပြောပေးလို့ရမလား ” လို့ ပြောလာပါတယ်။ ဗီလာရီးရဲလ်နည်းပြရဲ့တုံ့ပြန်မှုက မြန်ဆန်ခဲ့သလို

အတော်လေးပေါက်ကွဲသွားတယ်ဆိုတာလည်း သိသာပါတယ်။ မေးမြန်းတဲ့ပရိသတ်ကို အမ်မရီက လက်ခလယ်ထောင်ပြလိုက်တာပါ။ ဒါဟာ သူ့ကို တမင် စော်ကားတာလည်းဖြစ်ပါတယ်။

အကြောင်းကတော့ အာဆင်နယ်ကိုကိုင်တွယ်တုန်းက အမ်မရီဟာ အင်တာဗျူးတစ်ခုလား သတင်းစာရှင်းလင်းပွဲတစ်ခုမှာလားတော့ မသဲကွဲတော့ပါဘူး။

Good evening ကို Good ebening လို့ ပြောခဲ့ဖူးပါတယ်။ သူက စပိန်အသံထွက်နဲ့ပြောခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေရဲ့လှောင်ပြောင်မှု ခံခဲ့ရဖူးပါတယ်။

ဒါကို အဲဒီပရိသတ်က အနာဟောင်းပြန်ဖော်ခဲ့တာဖြစ်ပြီး အမ်မရီရဲ့တုံ့ပြန်မှုကို ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေက အပြစ်မမြင်ကြတော့ပါဘူး။ စပိန်သားနည်းပြဟာ

အာဆင်နယ်မှာ အောင်မြင်မှုမရခဲ့ပေမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ပေးခဲ့သလို ဆီဗီလာ၊ ပီအက်စ်ဂျီနဲ့ လက်ရှိဗီလာရီးရဲလ်မှာလည်း ဆုဖလားတွေသိမ်းပိုက်နိုင်ခဲ့သူပါ။

(zawgyi)

အာဆင္နယ္နည္းျပေဟာင္း အူႏိုင္းအမ္မရီဟာ ေဆာက္သမ္တန္နဲ႔ေျခစမ္းပြဲကစားဖို႔ စိန႔္ေမရီကိုေရာက္ရွိလာခဲ့ပါတယ္။ ဗီလာရီးရဲလ္အသင္းအတြက္ မိုင္ပီႏို၊ မိုရီႏိုတို႔က

ဂိုးေတြသြင္းေပးခဲ့ၾကၿပီး ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ပြဲၿပီးတဲ့ေနာက္မွာေတာ့ ထုံးစံအတိုင္း ပရိသတ္ေတြနဲ႔ အမွတ္တရဓါတ္ပုံ႐ိုက္တာ၊ လက္မွတ္ထိုးေပးတာေတြ အမ္မရီ

လုပ္ေပးခဲ့ပါတယ္။ ဒီအခ်ိန္မွာ ပရိသတ္တစ္ေယာက္က “Good ebening လို႔ ေျပာေပးလို႔ရမလား ” လို႔ ေျပာလာပါတယ္။ ဗီလာရီးရဲလ္နည္းျပရဲ႕တုံ႔ျပန္မႈက ျမန္ဆန္ခဲ့သလို

အေတာ္ေလးေပါက္ကြဲသြားတယ္ဆိုတာလည္း သိသာပါတယ္။ ေမးျမန္းတဲ့ပရိသတ္ကို အမ္မရီက လက္ခလယ္ေထာင္ျပလိုက္တာပါ။ ဒါဟာ သူ႔ကို တမင္ ေစာ္ကားတာလည္းျဖစ္ပါတယ္။

အေၾကာင္းကေတာ့ အာဆင္နယ္ကိုကိုင္တြယ္တုန္းက အမ္မရီဟာ အင္တာဗ်ဴးတစ္ခုလား သတင္းစာရွင္းလင္းပြဲတစ္ခုမွာလားေတာ့ မသဲကြဲေတာ့ပါဘူး။

Good evening ကို Good ebening လို႔ ေျပာခဲ့ဖူးပါတယ္။ သူက စပိန္အသံထြက္နဲ႔ေျပာခဲ့တာျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈ ခံခဲ့ရဖူးပါတယ္။

ဒါကို အဲဒီပရိသတ္က အနာေဟာင္းျပန္ေဖာ္ခဲ့တာျဖစ္ၿပီး အမ္မရီရဲ႕တုံ႔ျပန္မႈကို ဒီတစ္ႀကိမ္မွာေတာ့ ပရိသတ္ေတြက အျပစ္မျမင္ၾကေတာ့ပါဘူး။ စပိန္သားနည္းျပဟာ

အာဆင္နယ္မွာ ေအာင္ျမင္မႈမရခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ ပို႔ေပးခဲ့သလို ဆီဗီလာ၊ ပီအက္စ္ဂ်ီနဲ႔ လက္ရွိဗီလာရီးရဲလ္မွာလည္း ဆုဖလားေတြသိမ္းပိုက္ႏိုင္ခဲ့သူပါ။